Property Expo
×

 ပဲခူးတုိင္းေဒသႀကီး ျပည္ ၿမိဳ႕မေစ်းႀကီးသုိ႔ ငါးအေရာင္းဒုိင္ ဖြင့္လွစ္ေရာင္းခ်ရန္သြားသည့္ ဆုိင္ပိုင္ရွင္လမ္းခုလတ္တြင္ ႐ိုက္ႏွက္လုယက္ခံရမႈ စက္တင္ဘာ ၁၇ ရက္ နံနက္ ၄နာရီခြဲခန္႔ကျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

အသက္(၅၅)ႏွစ္အရြယ္ရွိ ငါးအေရာင္းဒုိင္ဆုိင္ပုိင္ရွင္ အမ်ဳိး သားသည္ ၿမိဳ႕မေစ်းႀကီးတြင္ ဆုိင္ဖြင့္ရန္ လမ္းေလွ်ာက္သြားစဥ္ ေရႊကူရပ္ကြက္၊ ေရႊတစ္ေခ်ာင္းလမ္းႏွင့္ ပန္းပဲတန္းလမ္းေထာင့္အ ေရာက္၌ ဆုိင္ကယ္တစ္စီးေပၚမွ လူသုံးဦးဆင္းလာၿပီး ေလထုိးတံျဖင့္ ႐ုိက္ႏွက္ကာထြက္ေျပးသြားခဲ့သည္။

အဆုိပါဆုိင္ရွင္ အမ်ဳိးသားသည္ ႐ုိက္ႏွက္ခံရမႈကုိ ေနအိမ္သုိ႔ ဖုန္းဆက္ၿပီး ဆုိင္ဖြင့္ရန္ ဆက္လက္ေလွ်ာက္လာခဲ့ရာ ေစ်းႀကီးအနီးလမ္းမေတာ္လမ္းႏွင့္ လက္သမားလမ္းေထာင့္အေရာက္တြင္ ယင္းလူသုံးဦးထပ္မံေရာက္ရွိလာၿပီး ၀ုိင္း၀န္းထုိးႀကိတ္႐ိုက္ႏွက္ကာ ဆုိင္ပုိင္ရွင္၌ ၀တ္ဆင္ထားသည့္ ေရႊထည္ပစၥည္းမ်ားႏွင့္ လက္ကုိင္ဖုန္းကုိ လုယက္ခဲ့ေၾကာင္း ျပည္ၿမိဳ႕အမွတ္ (၁)ရဲစခန္းမွ သတင္းရရွိသည္။

‘‘႐ုိက္ႏွက္လုယက္သြားသူ ေတြ ထြက္ေျပးတိမ္းေရွာင္ေနတာ ေၾကာင့္ ဖမ္းဆီးရမိဖုိ႔ စုံစမ္းစစ္ ေဆးေနပါတယ္။ ႐ုိက္ႏွက္လု ယက္မႈဆုိင္ရာပုဒ္မ ၃၈၆အရအမႈ ဖြင့္ေဆာင္ရြက္ထားပါတယ္။ ငါး အေရာင္းဒုိင္ပုိင္ရွင္ကေတာ့ ေဆး ႐ုံမွာ အတြင္းလူနာအျဖစ္တက္ ေရာက္ကုသေနပါတယ္ဟု ျပည္ ၿမိဳ႕ အမွတ္(၁)ရဲစခန္းမွဴးကေျပာ သည္။

၀ုိင္း၀န္း႐ုိက္ႏွက္ခံရျခင္း ေၾကာင့္ ငါးဒုိင္ပုိင္ရွင္သည္ ဦးေခါင္း၊ မ်က္ႏွာတုိ႔တြင္ ထိခုိက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ႏွစ္က်ပ္ခြဲသားခန္႔ေရႊဆဲြႀကိဳးတစ္ကုံး၊ ေလးက်ပ္ခြဲသားခန္႔ေရႊလက္ေကာက္တစ္ကြင္းအပါအ၀င္ ေရႊထည္ ေက်ာက္ထည္လက္စြပ္သုံးကြင္း၊ ဟြာေ၀းလက္ကုိင္ဖုန္းတစ္လုံး၊ စုစုေပါင္းကာလတန္ဖုိး ငါးဆယ့္ကုိးသိန္းငါးေထာင္ခန္႔ လုယက္ခံခဲ့ရေၾကာင္း ျပည္ၿမိဳ႕အမွတ္(၁)ရဲစခန္းမွသိရသည္။

‘‘ငါးအေရာင္းဒုိင္ပုိင္ရွင္ကို ကၽြန္ေတာ္တုိ႔ေခၚရင္ ကရင္ႀကီးလုိ႔ ေခၚတယ္။ ေပ်ာ္ေပ်ာ္ေနတတ္သူ တစ္ေယာက္ပါ။ ရန္ၿငိဳးရန္စရွိ တာမ်ဳိးလည္းမၾကားမိဘူး။ ေရႊ ထည္ေတြ ၀တ္ထားတာေတာ့ေပၚ ေပၚလြင္လြင္ရွိတာေတြ႕ရတယ္။ မနက္ေစာေစာဆုိင္ဖြင့္ဖုိ႔သြားတာ လမ္းခရီးမွာ ႏွစ္ႀကိမ္ေတာင္ အ ႐ိုက္ခံရၿပီး လုယက္ခံရတာဆုိ ေတာ့ သူ႔ကိုသိေနသူေတြလား ဒါ မွမဟုတ္ ရည္ရြယ္ခ်က္ရွိရွိလႈပ္ရွားေနၾကသူေတြလားဆုိတာ စဥ္းစားစရာပါပဲ။ ဖုန္းလုသြားတာတုိ႔ ၊ခုိးယူခံရတာတုိ႔ မၾကာခဏၾကားသိေနရေပမယ့္ ခုလုိလူကို အႏၲရာယ္ျပဳ႐ုိက္ႏွက္လုယက္တာမ်ဳိးက ဒုစ႐ုိက္သမားေတြ အတင့္ရဲလာတယ္လုိ႔ ဆုိရမယ္’’ဟု ငါးဒုိင္ပုိင္ရွင္၏ မိတ္ေဆြအမ်ဳိးသားတစ္ဦးက ေျပာသည္။

ျပည္ၿမိဳ႕တြင္ ယခုႏွစ္ ဇန္န ၀ါရီ ၁ရက္မွ ၾသဂုတ္ ၃၁ရက္အ ထိ ေဖာက္ထြင္းခုိးယူမႈ၊ လုယက္မႈ၄၈မႈရွိခဲ့ၿပီး ၁၇မႈသာ တရားစြဲဆုိႏုိင္ခဲ့ေၾကာင္း  တရားခံဖမ္းဆီးရမိျခင္းမရွိသည့္ အမႈေပါင္း ၃၁မႈရွိေၾကာင္းျပည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပဲခူးတိုင်းဒေသကြီး ပြည် မြို့မဈေးကြီးသို့ ငါးအရောင်းဒိုင် ဖွင့်လှစ်ရောင်းချရန်သွားသည့် ဆိုင်ပိုင်ရှင်လမ်းခုလတ်တွင် ရိုက်နှက်လုယက်ခံရမှု စက်တင်ဘာ ၁၇ ရက် နံနက် ၄နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


အသက်(၅၅)နှစ်အရွယ်ရှိ ငါးအရောင်းဒိုင်ဆိုင်ပိုင်ရှင် အမျိုး သားသည် မြို့မဈေးကြီးတွင် ဆိုင်ဖွင့်ရန် လမ်းလျှောက်သွားစဉ် ရွှေကူရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းနှင့် ပန်းပဲတန်းလမ်းထောင့်အ ရောက်၌ ဆိုင်ကယ်တစ်စီးပေါ်မှ လူသုံးဦးဆင်းလာပြီး လေထိုးတံဖြင့် ရိုက်နှက်ကာထွက်ပြေးသွားခဲ့သည်။

အဆိုပါဆိုင်ရှင် အမျိုးသားသည် ရိုက်နှက်ခံရမှုကို နေအိမ်သို့ ဖုန်းဆက်ပြီး ဆိုင်ဖွင့်ရန် ဆက်လက်လျှောက်လာခဲ့ရာ ဈေးကြီးအနီးလမ်းမတော်လမ်းနှင့် လက်သမားလမ်းထောင့်အရောက်တွင် ယင်းလူသုံးဦးထပ်မံရောက်ရှိလာပြီး ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကာ ဆိုင်ပိုင်ရှင်၌ ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းကို လုယက်ခဲ့ကြောင်း ပြည်မြို့အမှတ် (၁)ရဲစခန်းမှ သတင်းရရှိသည်။

‘‘ရိုက်နှက်လုယက်သွားသူ တွေ ထွက်ပြေးတိမ်းရှောင်နေတာ ကြောင့် ဖမ်းဆီးရမိဖို့ စုံစမ်းစစ် ဆေးနေပါတယ်။ ရိုက်နှက်လု ယက်မှုဆိုင်ရာပုဒ်မ ၃၈၆အရအမှု ဖွင့်ဆောင်ရွက်ထားပါတယ်။ ငါး အရောင်းဒိုင်ပိုင်ရှင်ကတော့ ဆေး ရုံမှာ အတွင်းလူနာအဖြစ်တက် ရောက်ကုသနေပါတယ်ဟု ပြည် မြို့ အမှတ်(၁)ရဲစခန်းမှူးကပြော သည်။

ဝိုင်းဝန်းရိုက်နှက်ခံရခြင်း ကြောင့် ငါးဒိုင်ပိုင်ရှင်သည် ဦးခေါင်း၊ မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နှစ်ကျပ်ခွဲသားခန့်ရွှေဆွဲကြိုးတစ်ကုံး၊ လေးကျပ်ခွဲသားခန့်ရွှေလက်ကောက်တစ်ကွင်းအပါအဝင် ရွှေထည် ကျောက်ထည်လက်စွပ်သုံးကွင်း၊ ဟွာဝေးလက်ကိုင်ဖုန်းတစ်လုံး၊ စုစုပေါင်းကာလတန်ဖိုး ငါးဆယ့်ကိုးသိန်းငါးထောင်ခန့် လုယက်ခံခဲ့ရကြောင်း ပြည်မြို့အမှတ်(၁)ရဲစခန်းမှသိရသည်။

‘‘ငါးအရောင်းဒိုင်ပိုင်ရှင်ကို ကျွန်တော်တို့ခေါ်ရင် ကရင်ကြီးလို့ ခေါ်တယ်။ ပျော်ပျော်နေတတ်သူ တစ်ယောက်ပါ။ ရန်ငြိုးရန်စရှိ တာမျိုးလည်းမကြားမိဘူး။ ရွှေ ထည်တွေ ဝတ်ထားတာတော့ပေါ် ပေါ်လွင်လွင်ရှိတာတွေ့ရတယ်။ မနက်စောစောဆိုင်ဖွင့်ဖို့သွားတာ လမ်းခရီးမှာ နှစ်ကြိမ်တောင် အ ရိုက်ခံရပြီး လုယက်ခံရတာဆို တော့ သူ့ကိုသိနေသူတွေလား ဒါ မှမဟုတ် ရည်ရွယ်ချက်ရှိရှိလှုပ်ရှားနေကြသူတွေလားဆိုတာ စဉ်းစားစရာပါပဲ။ ဖုန်းလုသွားတာတို့ ၊ခိုးယူခံရတာတို့ မကြာခဏကြားသိနေရပေမယ့် ခုလိုလူကို အန္တရာယ်ပြုရိုက်နှက်လုယက်တာမျိုးက ဒုစရိုက်သမားတွေ အတင့်ရဲလာတယ်လို့ ဆိုရမယ်’’ဟု ငါးဒိုင်ပိုင်ရှင်၏ မိတ်ဆွေအမျိုးသားတစ်ဦးက ပြောသည်။

ပြည်မြို့တွင် ယခုနှစ် ဇန်န ဝါရီ ၁ရက်မှ သြဂုတ် ၃၁ရက်အ ထိ ဖောက်ထွင်းခိုးယူမှု၊ လုယက်မှု၄၈မှုရှိခဲ့ပြီး ၁၇မှုသာ တရားစွဲဆိုနိုင်ခဲ့ကြောင်း  တရားခံဖမ်းဆီးရမိခြင်းမရှိသည့် အမှုပေါင်း ၃၁မှုရှိကြောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top