Property Expo
×

            ပုသိမ္ၿမိဳ႕၌ ညဘက္တြင္ ယာဥ္မ်ားကို စစ္ေဆးေနစဥ္ (ဓာတ္ပံု − သက္ေဆြ)

 ဧရာ၀တီတိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ စက္တင္ဘာ ၁ ရက္မွ ၂၂ ရက္အထိ ယာဥ္စည္း ကမ္းလမ္းစည္းကမ္း ထိန္းသိမ္း ေရးႏွင့္ လိုင္စင္မဲ့ယာဥ္မ်ားကို စီမံခ်က္ျဖင့္ စစ္ေဆးရာ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ကိုးစီး အပါအ၀င္ ယာဥ္မ်ိဳးစံုငါးေထာင္ေက်ာ္ကို ဖမ္းဆီး အေရးယူခဲ့ေၾကာင္း သတင္း ရရွိသည္။

စီမံခ်က္ျဖင့္ ဖမ္းဆီးစစ္ေဆး ခဲ့ရာ ေမာ္ေတာ္ယာဥ္ ၅၈၅ စီး၊ ဆိုင္ကယ္ ၅,၂၈၂ စီး၊ ေထာ္ လာဂ်ီ ၅၇စီးႏွင့္ သံုးဘီးဆိုင္ကယ္ ၈၅ စီး ဖမ္းဆီးအေရးယူႏိုင္ခဲ့ၿပီး ယင္းတို႔အနက္ ပိုင္ရွင္မဲ့၊ လိုင္စင္ မဲ့ ေမာ္ေတာ္ယာဥ္ေျခာက္စီး၊ ပိုင္ ရွင္ရွိ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္သံုးစီးတို႔ ပါ၀င္ေၾကာင္း သိရွိရ သည္။

ပိုင္ရွင္ရွိသည့္လိုင္စင္မဲ့ေမာ္ ေတာ္ယာဥ္မ်ားကို ပုသိမ္ၿမိဳ႕နယ္ ငပုေတာၿမိဳ႕နယ္ႏွင့္ ႀကံခင္းၿမိဳ႕ နယ္တို႔တြင္ တစ္ၿမိဳ႕နယ္လွ်င္ တစ္စီးႏႈန္းျဖင့္ ဖမ္းဆီးရမိခဲ့ ေၾကာင္း တိုင္းရဲတပ္ဖဲြ႕မွဴး႐ံုးမွ ဒုရဲမွဴးျမင့္ေအာင္ကေျပာသည္။

‘‘ပိုင္ရွင္မဲ့ လိုင္စင္မဲ့ကား ေတြကို ကညန႐ံုးမွာ ယာဥ္စစ္ ေဆးၿပီးေတာ့ အေကာက္ခြန္ဦးစီး ဌာနကို လႊဲေျပာင္းေပးခဲ့တယ္။ ေျခာက္စီးမွာ သံုးစြဲလႊဲၿပီးၿပီ။ က်န္ တဲ့သံုးစီးကို ကညနက ယာဥ္စစ္ ေဆးေနဆဲပါ။ ပိုင္ရွင္ပါမိတဲ့ လိုင္စင္မဲ့ကားေတြကိုေတာ့ ဖမ္း ဆီးရမိတဲ့ရဲစခန္းေတြမွာ အမႈဖြင့္ ၿပီး ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ (၈) နဲ႔ အေရးယူမွာပါ’’ဟု ဒုရဲမွဴး ျမင့္ေအာင္ကေျပာသည္။

ပုသိမ္ၿမိဳ႕တြင္ ဖမ္းဆီးစစ္ ေဆးမႈမ်ားကို မူလက ေန႔လယ္ တြင္သာ ေနရာငါးေနရာခြဲ၍ စစ္ေဆးမႈမ်ား ေဆာင္ရြက္ခဲ့ေသာ္ လည္း စက္တင္ဘာ ၂၂ ရက္က စတင္၍ ညဘက္တြင္လည္း စစ္ေဆးမႈမ်ားကို အရွိန္အဟုန္ ျဖင့္ တိုးျမႇင့္ေဆာင္ရြက္္လ်က္ရွိ သည္။

ထို႔အျပင္ လာမည့္ ေအာက္ တိုဘာတြင္ ယာဥ္စစ္ေဆးမႈမ်ား ကို တိုးျမႇင့္လုပ္ေဆာင္ရန္ စီစဥ္ ထားေၾကာင္း တိုင္းယာဥ္ထိန္းရဲ တပ္ဖြဲ႕မွ ရဲမွဴးေစာ၀င္းကေျပာ ၾကားသည္။

‘‘အခုလို ဖမ္းဆီးစစ္ေဆးေန တာေတြက ေကာင္းပါတယ္။ ဒါေပမဲ့ ဖမ္းလိုက္၊ မဖမ္းလိုက္ လုပ္ေနတာမ်ိဳးေတာ့ မျဖစ္သင့္ ဘူး။ စဥ္ဆက္မျပတ္ စစ္ေဆးအ ေရးယူတာမ်ိဳးေတြပဲျဖစ္သင့္ တယ္’’ဟု ပုသိမ္ၿမိဳ႕ေဒသခံစာေရး ဆရာမ ေငြၾကယ္စင္ကေျပာ သည္။

ညဘက္တြင္ ယင္းကဲ့သို႔ ေမာ္ေတာ္ယာဥ္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ရာမွ ဆိုင္ကယ္ႏွင့္ ကားမ်ားေပၚတြင္ ပါလာသည့္ တုတ္၊ ဓား စသည့္လက္နက္မ်ား  ကိုလည္း ရဲတပ္ဖြဲ႕ကစစ္ေဆးသိမ္း ဆည္းလ်က္ရွိသည္။ ထို႔အျပင္ အမ်ားျပည္သူ အပန္းေျဖ အနား ယူသည့္ေနရာမ်ား၌ အုပ္စုဖဲြ႕ ေသာက္စားသူမ်ား၊ အမ်ားျပည္ သူ အေႏွာင့္အယွက္ျဖစ္ေစရန္ ျပဳလုပ္သူမ်ားကိုလည္း  စစ္ေဆး ဖမ္းဆီးအေရးယူလ်က္ရွိသည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပုသိမ်မြို့၌ ညဘက်တွင် ယာဉ်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ − သက်ဆွေ)

 ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာ ၁ ရက်မှ ၂၂ ရက်အထိ ယာဉ်စည်း ကမ်းလမ်းစည်းကမ်း ထိန်းသိမ်း ရေးနှင့် လိုင်စင်မဲ့ယာဉ်များကို စီမံချက်ဖြင့် စစ်ဆေးရာ လိုင်စင်မဲ့မော်တော်ယာဉ်ကိုးစီး အပါအဝင် ယာဉ်မျိုးစုံငါးထောင်ကျော်ကို ဖမ်းဆီး အရေးယူခဲ့ကြောင်း သတင်း ရရှိသည်။

စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခဲ့ရာ မော်တော်ယာဉ် ၅၈၅ စီး၊ ဆိုင်ကယ် ၅,၂၈၂ စီး၊ ထော် လာဂျီ ၅၇စီးနှင့် သုံးဘီးဆိုင်ကယ် ၈၅ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ယင်းတို့အနက် ပိုင်ရှင်မဲ့၊ လိုင်စင် မဲ့ မော်တော်ယာဉ်ခြောက်စီး၊ ပိုင် ရှင်ရှိ လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီးတို့ ပါဝင်ကြောင်း သိရှိရ သည်။

ပိုင်ရှင်ရှိသည့်လိုင်စင်မဲ့မော် တော်ယာဉ်များကို ပုသိမ်မြို့နယ် ငပုတောမြို့နယ်နှင့် ကြံခင်းမြို့ နယ်တို့တွင် တစ်မြို့နယ်လျှင် တစ်စီးနှုန်းဖြင့် ဖမ်းဆီးရမိခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမြင့်အောင်ကပြောသည်။

‘‘ပိုင်ရှင်မဲ့ လိုင်စင်မဲ့ကား တွေကို ကညနရုံးမှာ ယာဉ်စစ် ဆေးပြီးတော့ အကောက်ခွန်ဦးစီး ဌာနကို လွှဲပြောင်းပေးခဲ့တယ်။ ခြောက်စီးမှာ သုံးစွဲလွှဲပြီးပြီ။ ကျန် တဲ့သုံးစီးကို ကညနက ယာဉ်စစ် ဆေးနေဆဲပါ။ ပိုင်ရှင်ပါမိတဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်း ဆီးရမိတဲ့ရဲစခန်းတွေမှာ အမှုဖွင့် ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) နဲ့ အရေးယူမှာပါ’’ဟု ဒုရဲမှူး မြင့်အောင်ကပြောသည်။

ပုသိမ်မြို့တွင် ဖမ်းဆီးစစ် ဆေးမှုများကို မူလက နေ့လယ် တွင်သာ နေရာငါးနေရာခွဲ၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သော် လည်း စက်တင်ဘာ ၂၂ ရက်က စတင်၍ ညဘက်တွင်လည်း စစ်ဆေးမှုများကို အရှိန်အဟုန် ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိ သည်။

ထို့အပြင် လာမည့် အောက် တိုဘာတွင် ယာဉ်စစ်ဆေးမှုများ ကို တိုးမြှင့်လုပ်ဆောင်ရန် စီစဉ် ထားကြောင်း တိုင်းယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲမှူးစောဝင်းကပြော ကြားသည်။

‘‘အခုလို ဖမ်းဆီးစစ်ဆေးနေ တာတွေက ကောင်းပါတယ်။ ဒါပေမဲ့ ဖမ်းလိုက်၊ မဖမ်းလိုက် လုပ်နေတာမျိုးတော့ မဖြစ်သင့် ဘူး။ စဉ်ဆက်မပြတ် စစ်ဆေးအ ရေးယူတာမျိုးတွေပဲဖြစ်သင့် တယ်’’ဟု ပုသိမ်မြို့ဒေသခံစာရေး ဆရာမ ငွေကြယ်စင်ကပြော သည်။

ညဘက်တွင် ယင်းကဲ့သို့ မော်တော်ယာဉ် စစ်ဆေးမှုများ ဆောင်ရွက်ရာမှ ဆိုင်ကယ်နှင့် ကားများပေါ်တွင် ပါလာသည့် တုတ်၊ ဓား စသည့်လက်နက်များ  ကိုလည်း ရဲတပ်ဖွဲ့ကစစ်ဆေးသိမ်း ဆည်းလျက်ရှိသည်။ ထို့အပြင် အများပြည်သူ အပန်းဖြေ အနား ယူသည့်နေရာများ၌ အုပ်စုဖွဲ့ သောက်စားသူများ၊ အများပြည် သူ အနှောင့်အယှက်ဖြစ်စေရန် ပြုလုပ်သူများကိုလည်း  စစ်ဆေး ဖမ်းဆီးအရေးယူလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top