Kantharyar Centre
×

 အရက္ႏွစ္ယူနစ္((ႏွစ္ပက္)မွ် ေသာက္ျခင္းျဖင့္ အမ်ဳိးသားတစ္ဦး၏ မ်ဳိးေအာင္ႏုိင္သည့္ စြမ္းရည္မ်ားကို ေလ်ာ့ပါးေစႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။


BMJ Open ဂ်ာနယ္တြင္ ေဖာ္ျပထားေသာ ယင္းေလ့လာမႈတြင္ အသက္(၁၈)ႏွစ္ႏွင့္ (၂၈)ႏွစ္ၾကားရွိ ဒိန္းမတ္ႏုိင္ငံသား တပ္သားသစ္ ၁၂၀၀ ဦးပါ၀င္ၿပီး ၎တို႔အားလုံးကို ၂၀၀၈ ႏွင့္ ၂၀၁၂ၾကား၌ က်န္းမာေရး စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။

ယင္းေလ့လာမႈအတြင္း ၎တို႔ကို အရက္ေသာက္ေသာ အေလ့အထမ်ားႏွင့္ပတ္သက္၍ ေမးျမန္းစစ္ေဆးၿပီး သုက္ႏွင့္ ေသြးနမူနာမ်ား ရယူခဲ့သည္။ ၎တို႔အနက္ အရက္အလြန္ေသာက္ေသာ အမ်ဳိးသားမ်ားမွာ အရက္ေသာက္သုံးမႈႏွင့္ သုက္ေသြးအရည္အေသြးၾကား ရွင္းလင္းေသာ ဆက္ႏႊယ္မႈတစ္ခုရွိေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္ဟု Femalefirst.co.uk သတင္း၀က္ဘ္ဆုိက္က ေဖာ္ျပသည္။

သီတင္းတစ္ပတ္လွ်င္ အရက္ ၇ ဒသမ ၅ ယူနစ္ႏွင့္အထက္ ေသာက္သုံးခ်ိန္၌ ယင္းကဲ့သို႔ သုက္ေသြးအရည္အေသြးကို ထိခိုက္ႏုိင္ ေၾကာင္း ေလ့လာမႈက ေဖာ္ျပသည္။ (ပ်မ္းမွ်ဘီယာတစ္ပိုင္းလွ်င္ အရက္ ၂ ဒသမ ၃ ယူနစ္ပါ၀င္ၿပီး အျပင္းစားဘီယာမ်ားတြင္ ယင္းပမာဏထက္ အရက္ပါ၀င္မႈပိုမ်ားသည္)

က်န္းမာသန္စြမ္းသည့္ လူငယ္မ်ားကို ပထမဆုံးေလ့လာစစ္ေဆးစဥ္  ယင္းကဲ့သို႔ သိရွိခဲ့ရျခင္းျဖစ္ၿပီး အေနာက္တုိင္းမွ လူငယ္မ်ားမွာ အရက္အမ်ားအျပား ေသာက္သုံးၾကသျဖင့္ ၎တို႔၏ သုက္အရည္အေသြးနိမ့္က်ႏုိင္ျခင္းမွာ က်န္းမာေရးအတြက္ စိုးရိမ္ဖြယ္ျဖစ္ေၾကာင္းေလ့လာမႈတြင္ ပါ၀င္သည့္ သုေတသီမ်ားက ေျပာသည္။

အမ်ဳိးသားတစ္ဦး အရက္ပိုေသာက္ေလေလ ၎တြင္ သုက္ေသြးျဖစ္ေပၚမႈ ေလ်ာ့နည္းေလေလျဖစ္ၿပီး သုက္ပိုးမ်ား ပုံသဏၭာန္ႏွင့္အရြယ္အစား ပုံမွန္ပိုမဟုတ္ေလ ျဖစ္တတ္သည္။ သီတင္းတစ္ပတ္လွ်င္ အရက္ ၃၇ ဒသမ ၅ ယူနစ္မွ် ေသာက္ပါကလည္း သုက္ေသြးအရည္အေသြးကို ထိခိုက္ႏုိင္ေၾကာင္း သိရသျဖင့္ အမ်ဳိးသားမ်ား သီတင္းတစ္ပတ္လွ်င္ အရက္ ၂၁ ယူနစ္မွ ၂၈ ယူနစ္ထက္ပို၍ ပုံမွန္မေသာက္သင့္ေၾကာင္း သုေတသီမ်ားက အႀကံေပးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

Unicode Version

 အရက်နှစ်ယူနစ်((နှစ်ပက်)မျှ သောက်ခြင်းဖြင့် အမျိုးသားတစ်ဦး၏ မျိုးအောင်နိုင်သည့် စွမ်းရည်များကို လျော့ပါးစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။


BMJ Open ဂျာနယ်တွင် ဖော်ပြထားသော ယင်းလေ့လာမှုတွင် အသက်(၁၈)နှစ်နှင့် (၂၈)နှစ်ကြားရှိ ဒိန်းမတ်နိုင်ငံသား တပ်သားသစ် ၁၂၀၀ ဦးပါဝင်ပြီး ၎င်းတို့အားလုံးကို ၂၀၀၈ နှင့် ၂၀၁၂ကြား၌ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းလေ့လာမှုအတွင်း ၎င်းတို့ကို အရက်သောက်သော အလေ့အထများနှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးပြီး သုက်နှင့် သွေးနမူနာများ ရယူခဲ့သည်။ ၎င်းတို့အနက် အရက်အလွန်သောက်သော အမျိုးသားများမှာ အရက်သောက်သုံးမှုနှင့် သုက်သွေးအရည်အသွေးကြား ရှင်းလင်းသော ဆက်နွှယ်မှုတစ်ခုရှိကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်ဟု Femalefirst.co.uk သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

သီတင်းတစ်ပတ်လျှင် အရက် ၇ ဒသမ ၅ ယူနစ်နှင့်အထက် သောက်သုံးချိန်၌ ယင်းကဲ့သို့ သုက်သွေးအရည်အသွေးကို ထိခိုက်နိုင် ကြောင်း လေ့လာမှုက ဖော်ပြသည်။ (ပျမ်းမျှဘီယာတစ်ပိုင်းလျှင် အရက် ၂ ဒသမ ၃ ယူနစ်ပါဝင်ပြီး အပြင်းစားဘီယာများတွင် ယင်းပမာဏထက် အရက်ပါဝင်မှုပိုများသည်)

ကျန်းမာသန်စွမ်းသည့် လူငယ်များကို ပထမဆုံးလေ့လာစစ်ဆေးစဉ်  ယင်းကဲ့သို့ သိရှိခဲ့ရခြင်းဖြစ်ပြီး အနောက်တိုင်းမှ လူငယ်များမှာ အရက်အများအပြား သောက်သုံးကြသဖြင့် ၎င်းတို့၏ သုက်အရည်အသွေးနိမ့်ကျနိုင်ခြင်းမှာ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်းလေ့လာမှုတွင် ပါဝင်သည့် သုတေသီများက ပြောသည်။

အမျိုးသားတစ်ဦး အရက်ပိုသောက်လေလေ ၎င်းတွင် သုက်သွေးဖြစ်ပေါ်မှု လျော့နည်းလေလေဖြစ်ပြီး သုက်ပိုးများ ပုံသဏ္ဌာန်နှင့်အရွယ်အစား ပုံမှန်ပိုမဟုတ်လေ ဖြစ်တတ်သည်။ သီတင်းတစ်ပတ်လျှင် အရက် ၃၇ ဒသမ ၅ ယူနစ်မျှ သောက်ပါကလည်း သုက်သွေးအရည်အသွေးကို ထိခိုက်နိုင်ကြောင်း သိရသဖြင့် အမျိုးသားများ သီတင်းတစ်ပတ်လျှင် အရက် ၂၁ ယူနစ်မှ ၂၈ ယူနစ်ထက်ပို၍ ပုံမှန်မသောက်သင့်ကြောင်း သုတေသီများက အကြံပေးထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top