Property Expo
×

႐ုပ္ရွင္ေလာက အရည္ အေသြးျမင့္ေစရန္ တစ္ဖက္တစ္ လမ္းမွ ပံ့ပိုးကူညီသည့္အေနျဖင့္ ဗီဒီယို႐ိုက္ကူးမႈကို ေလွ်ာ့ခ်၍ ျပင္ ဆင္ျဖစ္ေနေၾကာင္း သ႐ုပ္ေဆာင္စည္ၿဖိဳးက ေျပာသည္။

‘‘အရင္ကထက္ အရွိန္ကို ေလွ်ာ့မယ္။ အရင္ကလို တစ္ပတ္ တစ္ကားထြက္ေနတာတုိ႔၊ အၿမဲ တမ္းကား႐ိုက္ေနရတာတုိ႔က ဂုဏ္ယူစရာ မဟုတ္ေတာ့ဘူး။ ေျပာရရင္ အရည္အေသြးမမီတာ ေတြဖန္တီးၿပီး ပရိသတ္ကိုလည္း လိမ္စားေနတာပဲ။ ဒါေၾကာင့္ ကြၽန္ေတာ့္ လမ္းေၾကာင္းေလးကို စၿပီး ေျပာင္းလဲေနပါၿပီ။ အဲဒီအခ်ိန္မွာ အတတ္ႏုိင္ဆံုးႀကိဳးစားေနမွာပါ။ အထြက္က်ဲေနမယ္ဆုိရင္လည္း သည္းခံၿပီး ေစာင့္ၾကည့္ေပးေစ ခ်င္ပါတယ္’’ဟု စည္ၿဖိဳးက ေျပာ ၾကားသည္။

႐ုပ္ရွင္ႏွင့္ ဗီဒီယိုတြင္ အရည္အေသြးေကာင္းမြန္ရန္ ႀကိဳးစား မည္ျဖစ္၍ သံုးလလွ်င္ တစ္ႀကိမ္သာ ၎၏ဗီဒီယိုကားမ်ားကို ၾကည့္႐ႈရမည္ျဖစ္ေၾကာင္း စည္ၿဖိဳးက ဆုိသည္။

စည္ၿဖိဳးသည္ ဗီဒီယိုဇာတ္ ကားေပါင္း ၄၀ ေက်ာ္ႏွင့္ ႐ုပ္ရွင္ ႏွစ္ကား႐ိုက္ကူးခဲ့ၿပီး လက္ရွိတြင္ ဒါ႐ိုက္တာသားညီ႐ိုက္ကူးသည့္ ‘သတ္ကြင္း’႐ုပ္ရွင္ကားကို မင္းေသြး၊ ထက္ပိုင္ဦး၊ သက္မြန္ျမင့္တို႔ႏွင့္ ႐ိုက္ကူးလ်က္ရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ရုပ်ရှင်လောက အရည် အသွေးမြင့်စေရန် တစ်ဖက်တစ် လမ်းမှ ပံ့ပိုးကူညီသည့်အနေဖြင့် ဗီဒီယိုရိုက်ကူးမှုကို လျှော့ချ၍ ပြင် ဆင်ဖြစ်နေကြောင်း သရုပ်ဆောင်စည်ဖြိုးက ပြောသည်။

‘‘အရင်ကထက် အရှိန်ကို လျှော့မယ်။ အရင်ကလို တစ်ပတ် တစ်ကားထွက်နေတာတို့၊ အမြဲ တမ်းကားရိုက်နေရတာတို့က ဂုဏ်ယူစရာ မဟုတ်တော့ဘူး။ ပြောရရင် အရည်အသွေးမမီတာ တွေဖန်တီးပြီး ပရိသတ်ကိုလည်း လိမ်စားနေတာပဲ။ ဒါကြောင့် ကျွန်တော့် လမ်းကြောင်းလေးကို စပြီး ပြောင်းလဲနေပါပြီ။ အဲဒီအချိန်မှာ အတတ်နိုင်ဆုံးကြိုးစားနေမှာပါ။ အထွက်ကျဲနေမယ်ဆိုရင်လည်း သည်းခံပြီး စောင့်ကြည့်ပေးစေ ချင်ပါတယ်’’ဟု စည်ဖြိုးက ပြော ကြားသည်။

ရုပ်ရှင်နှင့် ဗီဒီယိုတွင် အရည်အသွေးကောင်းမွန်ရန် ကြိုးစား မည်ဖြစ်၍ သုံးလလျှင် တစ်ကြိမ်သာ ၎င်း၏ဗီဒီယိုကားများကို ကြည့်ရှုရမည်ဖြစ်ကြောင်း စည်ဖြိုးက ဆိုသည်။

စည်ဖြိုးသည် ဗီဒီယိုဇာတ် ကားပေါင်း ၄၀ ကျော်နှင့် ရုပ်ရှင် နှစ်ကားရိုက်ကူးခဲ့ပြီး လက်ရှိတွင် ဒါရိုက်တာသားညီရိုက်ကူးသည့် ‘သတ်ကွင်း’ရုပ်ရှင်ကားကို မင်းသွေး၊ ထက်ပိုင်ဦး၊ သက်မွန်မြင့်တို့နှင့် ရိုက်ကူးလျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top