Property Expo
×





Credit : Duwun


#Unicode Version


ဂျာနယ်တစ်ခုမှာပါတဲ့ "ပြည်တွင်းမှာစံထားစရာ အနုပညာရှင်မရှိဘူး" ဆိုတဲ့ ခေါင်းစဉ်ကြောင့် ဟန်သီတစ်ယောက် ဝေဖန်မှုတွေ ခံလိုက်ရပါတယ်။ ဝေဖန်မှုတွေအတွက်လည်း စိတ်မကောင်း ဖြစ်ရတယ်လို့ သူမက ဆိုပါတယ်။

အဲ့ဒီခေါင်းစဉ်နဲ့ပတ်က်ပြီး အင်တာဗျူးတစ်ခုမှာ ဖြေဆိုတာမှားသွားသလို မပြည့်မစုံဖြစ်သွားတာလို့ သူမက ပြန်ရှင်းပြပါတယ်။

"ပြည်တွင်းအနုပညာရှင်တွေအားလုံးထဲကမှ တစ်ယောက်ကိုရွေးပါဆိုရင် ဘယ်သူကိုရွေးရမှန်းမသိဘူး။အားလုံးက တော်ကြတယ်အဲ့အတွက် အတုယူရတဲ့ သူတွေချည်းပါပဲ။တစ်ယောက်တည်းကို စံထားဆိုရင်တော့ မရွေးတက်ဘူးအဲ့ဒါကြောင့် ဟန်သီစံထားတဲ့သူကို ရွေးမပေးလိုက်တာပါ"လို့ 8days Journal မှာ ပြန်ရှင်းပြထားပါတယ်။

အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြန်တွေးတိုင်း ညဘက်တွေဆို အိပ်မပျော်ဖြစ်ခဲ့ရတဲ့သူမကတော့ နောက်ဆိုရင် အင်တာဗျူးတွေကို သတိထားပြီး ဖြေတော့မယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top