Kantharyar Centre
×

  ႏုိင္ငံေတာ္၏ အတုိင္ပင္ ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ လာအိုႏုိင္ငံတြင္ က်င္းပ မည့္ (၂၈) ႀကိမ္ႏွင့္ (၂၉) ႀကိမ္ ေျမာက္ အာဆီယံထိပ္သီးအစည္း အေ၀းပြဲမ်ားႏွင့္ ဆက္စပ္အစည္း အေ၀းမ်ား တက္ေရာက္မည္ျဖစ္ ၿပီး ငါးလအတြင္း လာအိုႏုိင္ငံသို႔ သံုးႀကိမ္ေျမာက္ သြားေရာက္ျခင္းျဖစ္သည္။


ေဒၚေအာင္ဆန္းစုၾကည္ သည္ အစိုးရအဖြဲ႕ ဖဲြ႕ၿပီးေနာက္ ၎၏ ပထမဆံုးျပည္ပခရီးစဥ္မွာ လာအုိႏုိင္ငံျဖစ္ၿပီး ေမလ ၇ ရက္ က သမၼတဦးထင္ေက်ာ္ႏွင့္အတူ ေန႔ခ်င္းျပန္သြားေရာက္ခဲ့သည္။

ထို႔အျပင္ ဇူလုိင္ ၂၃ ရက္မွ ၂၆ရက္အထိ လာအုိႏုိင္ငံတြင္ က်င္းပေသာ (၄၉) ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံျခားေရး၀န္ႀကီးမ်ား အစည္းအေ၀းႏွင့္ ဆက္စပ္အ စည္းအေ၀းမ်ားသို႔ တက္ေရာက္ ခဲ့ေသးသည္။

အေမရိကန္သမၼတအုိဘား မားအပါအ၀င္ ကမၻာ့ေခါင္း ေဆာင္အမ်ားအျပားတက္ေရာက္ၾကမည့္ယင္းထိပ္သီးအစည္းအေ၀းသို႔ မသြားေရာက္မီ ေဒၚေအာင္ဆန္းစုၾကည္သည္ ရခုိင္ျပည္နယ္ဆုိင္ရာအႀကံေပး ေကာ္မရွင္ဥကၠ႒အျဖစ္တာ၀န္ ေပးအပ္ထားေသာ ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကုိဖီအာနန္ႏွင့္ ရန္ကုန္ၿမိဳ႕၌ ေတြ႕ဆံုမည္ျဖစ္သည္။

(၄) ႀကိမ္ေျမာက္ အာဆီယံ -အေမရိကန္ထိပ္သီးအစည္းအ ေ၀း၊ (၁၁) ႀကိမ္ေျမာက္ အေရွ႕ အာရွထိပ္သီးအစည္းအေ၀းမ်ား ကုိ စက္တင္ဘာ ၆ ရက္မွ ၈ ရက္ အထိ လာအုိႏုိင္ငံ ဗီယင္က်န္းၿမိဳ႕ တြင္ က်င္းပမည္ျဖစ္သည္။

ထို႔အျပင္ (၈) ႀကိမ္ေျမာက္ အာဆီယံ-ဥေရာပသမဂၢထိပ္သီး အစည္းအေ၀း၊ (၁၄) ႀကိမ္ေျမာက္အာဆီယံ-အိႏိၵယထိပ္သီးအ စည္းအေ၀းတို႔ကုိလည္း က်င္းပ မည္ျဖစ္ၿပီး (၁၉) ႀကိမ္ေျမာက္အာဆီယံ - တ႐ုတ္ထိပ္သီးအစည္းအေ၀း၊ (၁၉) ႀကိမ္ေျမာက္ အာဆီယံ- ဂ်ပန္ထိပ္သီးအစည္းအေ၀း၊ (၁၈) ႀကိမ္ေျမာက္ အာဆီယံ- ကိုရီးယားထိပ္သီးအစည္းအေ၀း၊ အာဆီယံၾသစေၾတးလ်ထိပ္သီး အစည္းအေ၀းမ်ားကုိလည္း က်င္းပမည္ျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္ သည္ ၿပီးခဲ့သည့္ ဇြန္လအတြင္း က ထိုင္းႏုိင္ငံ၊ ၾသဂုတ္အတြင္းက တ႐ုတ္ႏုိင္ငံသို႔ သြားေရာက္ခဲ့ ေသးသည္။ ထို႔အျပင္ ယခုလအ တြင္းမွာပင္ အေမရိကန္ျပည္ ေထာင္စုသို႔ သမၼတအုိဘားမား၏ ဖိတ္ၾကားခ်က္အရ သြားေရာက္ မည္ျဖစ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

Unicode Version

  နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် လာအိုနိုင်ငံတွင် ကျင်းပ မည့် (၂၈) ကြိမ်နှင့် (၂၉) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်း အဝေးပွဲများနှင့် ဆက်စပ်အစည်း အဝေးများ တက်ရောက်မည်ဖြစ် ပြီး ငါးလအတွင်း လာအိုနိုင်ငံသို့ သုံးကြိမ်မြောက် သွားရောက်ခြင်းဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရအဖွဲ့ ဖွဲ့ပြီးနောက် ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်မှာ လာအိုနိုင်ငံဖြစ်ပြီး မေလ ၇ ရက် က သမ္မတဦးထင်ကျော်နှင့်အတူ နေ့ချင်းပြန်သွားရောက်ခဲ့သည်။

ထို့အပြင် ဇူလိုင် ၂၃ ရက်မှ ၂၆ရက်အထိ လာအိုနိုင်ငံတွင် ကျင်းပသော (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အ စည်းအဝေးများသို့ တက်ရောက် ခဲ့သေးသည်။

အမေရိကန်သမ္မတအိုဘား မားအပါအဝင် ကမ္ဘာ့ခေါင်း ဆောင်အများအပြားတက်ရောက်ကြမည့်ယင်းထိပ်သီးအစည်းအဝေးသို့ မသွားရောက်မီ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ဥက္ကဋ္ဌအဖြစ်တာဝန် ပေးအပ်ထားသော ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နှင့် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်သည်။

(၄) ကြိမ်မြောက် အာဆီယံ -အမေရိကန်ထိပ်သီးအစည်းအ ဝေး၊ (၁၁) ကြိမ်မြောက် အရှေ့ အာရှထိပ်သီးအစည်းအဝေးများ ကို စက်တင်ဘာ ၆ ရက်မှ ၈ ရက် အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တွင် ကျင်းပမည်ဖြစ်သည်။

ထို့အပြင် (၈) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂထိပ်သီး အစည်းအဝေး၊ (၁၄) ကြိမ်မြောက်အာဆီယံ-အိန္ဒိယထိပ်သီးအ စည်းအဝေးတို့ကိုလည်း ကျင်းပ မည်ဖြစ်ပြီး (၁၉) ကြိမ်မြောက်အာဆီယံ - တရုတ်ထိပ်သီးအစည်းအဝေး၊ (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန်ထိပ်သီးအစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ- ကိုရီးယားထိပ်သီးအစည်းအဝေး၊ အာဆီယံသြစတြေးလျထိပ်သီး အစည်းအဝေးများကိုလည်း ကျင်းပမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့် ဇွန်လအတွင်း က ထိုင်းနိုင်ငံ၊ သြဂုတ်အတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ သေးသည်။ ထို့အပြင် ယခုလအ တွင်းမှာပင် အမေရိကန်ပြည် ထောင်စုသို့ သမ္မတအိုဘားမား၏ ဖိတ်ကြားချက်အရ သွားရောက် မည်ဖြစ်ကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top