Property Expo
×

 ႐ုရွားသည္ ဆီးရီးယား ပဋိပကၡကို ပိုမို၍ ထဲထဲဝင္ဝင္ ေျဖရွင္းႏုိင္ရန္အတြက္ ၎တို႔၏ ေလယာဉ္တင္ သေဘၤာကို ဆီးရီးယား ေရပိုင္နက္သို႔ ပို႔ေဆာင္ စီစဉ္ေနေၾကာင္း ေၾကညာခဲ့သည္။

အေမရိကန္ႏွင့္ ႐ုရွားတို႔ ဦးေဆာင္ ေဆြးေႏြးခဲ့သည့္ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီမႈမွာ ရက္အနည္းငယ္သာ သက္တမ္းခံခဲ့သည့္ေနာက္ ကမာၻ႕အင္အားႀကီး ႏွစ္ႏိုင္ငံမွ ကိုယ္စားလွယ္မ်ားသည္ ကုလသမဂၢ ညီလာခံတြင္ ထိုကိစၥကို ဦးတည္ ေဆြးေႏြးခဲ့ၾကသည္။ ထိုအခ်ိန္တြင္ ႐ုရွားဘက္မွ ၎တို႔၏ တစ္စီးတည္းေသာ ေလယာဉ္တင္ သေဘၤာႀကီးကို ဆီးရီးယား ကမ္းေျခသို႔ ေစလႊတ္ရန္ အစီအစဉ္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

႐ုရွား ကာကြယ္ေရး ဝန္ႀကီး ဆာဂ်ီ ႐ိႈင္ဂူက Admiral Kuznetsov ေလယာဉ္တင္ သေဘၤာႀကီးကို ေျမထဲပင္လယ္ အေ႐ွ႕ပိုင္းသို႔ ေစလႊတ္ကာ ဆီးရီးယား ျပည္တြင္းစစ္တြင္ ပါဝင္တိုက္ခုိက္ေနသည့္ ႐ုရွားေရတပ္ သေဘၤာမ်ားႏွင့္ သြားေရာက္ ပူးေပါင္းေစမည္ဟု အတည္ျပဳခဲ့သည္။

မၾကာေသးမီက ဆီးရီးယားတြင္ ကုလသမဂၢ ေထာက္ပံ့ေရး ယာဉ္တန္းတစ္စီး ေလေၾကာင္းမွ တိုက္ခုိက္ခံရၿပီး ယင္းသည္ ႐ုရွားလက္ခ်က္ဟု အေမရိကန္က စြပ္စြဲခဲ့သည့္ေနာက္ ႐ုရွားက ယခုလို တံု႔ျပန္လာျခင္း ျဖစ္သည္။ လတ္တေလာတြင္ ကုလသမဂၢသည္ အပစ္အခတ္ ရပ္စဲေရး ျပန္လည္ ေဖာ္ေဆာင္ရန္ႏွင့္ လူသားခ်င္း စာနာမႈ အေထာက္အပံ့မ်ား ျပန္လည္ေပးပို႔ႏုိင္ေရး ပူးေပါင္း ကူညီၾကရန္ တိုက္တြန္းလ်က္ ရွိသည္။

အျခားေသာ သတင္းမ်ားအရ ဆီးရီးယား စစ္တပ္၏ တိုက္ေလယာဉ္ တစ္စီးကို စက္တင္ဘာ ၂၁ ရက္တြင္ အုိင္အက္စ္ စစ္ေသြးႂကြမ်ားက ပစ္ခ်ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ စစ္ဆင္ေရး လုပ္ငန္းစဉ္အတြင္း ဒမတ္စကက္ ၿမိဳ႕ေတာ္အနီး၌ ပစ္ခ်ခံရသည့္ တိုက္ေလယာဉ္မွ ေလယာဉ္မွဴးကို ကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း ဆီးရီးယား အစိုးရ သတင္းဌာနမ်ားက ေၾကညာခဲ့သည္။ အဆိုပါ စစ္ေသြးႂကြ အၾကမ္းဖက္ အဖြဲ႕သည္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ ကလည္း ဒီရာအက္ေဇာ အနီးတြင္ အျခား ဆီးရီးယား ေလတပ္ တိုက္ေလယာဉ္ တစ္စီးကို ပစ္ခ်ခဲ့ေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:CNN

#Unicode Version
 ရုရှားသည် ဆီးရီးယား ပဋိပက္ခကို ပိုမို၍ ထဲထဲဝင်ဝင် ဖြေရှင်းနိုင်ရန်အတွက် ၎င်းတို့၏ လေယာဉ်တင် သငေ်္ဘာကို ဆီးရီးယား ရေပိုင်နက်သို့ ပို့ဆောင် စီစဉ်နေကြောင်း ကြေညာခဲ့သည်။


အမေရိကန်နှင့် ရုရှားတို့ ဦးဆောင် ဆွေးနွေးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုမှာ ရက်အနည်းငယ်သာ သက်တမ်းခံခဲ့သည့်နောက် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂ ညီလာခံတွင် ထိုကိစ္စကို ဦးတည် ဆွေးနွေးခဲ့ကြသည်။ ထိုအချိန်တွင် ရုရှားဘက်မှ ၎င်းတို့၏ တစ်စီးတည်းသော လေယာဉ်တင် သငေ်္ဘာကြီးကို ဆီးရီးယား ကမ်းခြေသို့ စေလွှတ်ရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရှိုင်ဂူက Admiral Kuznetsov လေယာဉ်တင် သငေ်္ဘာကြီးကို မြေထဲပင်လယ် အရှေ့ပိုင်းသို့ စေလွှတ်ကာ ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင်တိုက်ခိုက်နေသည့် ရုရှားရေတပ် သငေ်္ဘာများနှင့် သွားရောက် ပူးပေါင်းစေမည်ဟု အတည်ပြုခဲ့သည်။

မကြာသေးမီက ဆီးရီးယားတွင် ကုလသမဂ္ဂ ထောက်ပံ့ရေး ယာဉ်တန်းတစ်စီး လေကြောင်းမှ တိုက်ခိုက်ခံရပြီး ယင်းသည် ရုရှားလက်ချက်ဟု အမေရိကန်က စွပ်စွဲခဲ့သည့်နောက် ရုရှားက ယခုလို တုံ့ပြန်လာခြင်း ဖြစ်သည်။ လတ်တလောတွင် ကုလသမဂ္ဂသည် အပစ်အခတ် ရပ်စဲရေး ပြန်လည် ဖော်ဆောင်ရန်နှင့် လူသားချင်း စာနာမှု အထောက်အပံ့များ ပြန်လည်ပေးပို့နိုင်ရေး ပူးပေါင်း ကူညီကြရန် တိုက်တွန်းလျက် ရှိသည်။

အခြားသော သတင်းများအရ ဆီးရီးယား စစ်တပ်၏ တိုက်လေယာဉ် တစ်စီးကို စက်တင်ဘာ ၂၁ ရက်တွင် အိုင်အက်စ် စစ်သွေးကြွများက ပစ်ချခဲ့ကြောင်း သိရသည်။ သို့သော် စစ်ဆင်ရေး လုပ်ငန်းစဉ်အတွင်း ဒမတ်စကက် မြို့တော်အနီး၌ ပစ်ချခံရသည့် တိုက်လေယာဉ်မှ လေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆီးရီးယား အစိုးရ သတင်းဌာနများက ကြေညာခဲ့သည်။ အဆိုပါ စစ်သွေးကြွ အကြမ်းဖက် အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန် ကလည်း ဒီရာအက်ဇော အနီးတွင် အခြား ဆီးရီးယား လေတပ် တိုက်လေယာဉ် တစ်စီးကို ပစ်ချခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:CNN
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top