Property Expo
×

ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ထရန္းခ႐ုိင္ထဲမွာ အသက္ ၆၆ ႏွစ္အရြယ္ အဖြားအိုတဦးဟာ ဆယ္ေက်ာ္သက္အရြယ္ ေျမးျဖစ္သူကို လိင္မႈကိစၥအတြက္ ေရာင္းခ်ခဲ့တဲ့အတြက္ ဖမ္းဆီးခံခဲ့ရပါတယ္။
၀မ္းနည္းစရာေကာင္းတဲ့ ဒီအျဖစ္အပ်က္ဟာ ထရန္းခ႐ုိင္၊ ကန္တန္ေဒသတြင္းမွာ ျဖစ္ခဲ့တာလို႔ ထိုင္းအေျခစိုက္ ေဒးလီးနယူးစ္သတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

ဒန္းဂ္အမည္ရတဲ့ အဲဒီအဖြားအိုဟာ “ဘီ” လို႔ သတင္းမွာေဖာ္ျပတဲ့ အသက္ ၁၅ ႏွစ္အရြယ္ ေျမးျဖစ္သူကို အသက္ ၇၂ ႏွစ္အရြယ္ အဖိုးအိုတဦးဆီ ေငြေၾကးနဲ႔ လဲလွယ္ေရာင္းခ်ခဲ့ၿပီး ေျမးျဖစ္သူမွာ သူနဲ႔ရတဲ့ ကိုယ္၀န္ေၾကာင့္ ကေလးရခဲ့တာပါ။

ဒမ္းအမည္ရတဲ့ အဲဒီအဖိုးအိုကိုလည္း အသက္မျပည့္ေသးသူကို မုဒိမ္းမႈေျမာက္ က်ဴးလြန္မႈအတြက္ ဖမ္းဆီးထားတယ္လို႔ ဆိုပါတယ္။

အဖြားအိုဒန္းဂ္ဟာ အဆိုပါအဖိုးအိုကို သူ႔ဇနီးနဲ႔ ၿခိမ္းေျခာက္အၾကပ္ကိုင္ၿပီး ဘတ္ေငြ ၃ သိန္း ေငြညႇစ္ခဲ့ၿပီး ေနာက္ဆံုးမွာ ၁ သိန္း ၃ ေသာင္းနဲ႔ ညႇိယူထားခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

အသက္ ၁၅ ႏွစ္အရြယ္ မိန္းကေလး ဘီမွာ အသက္ ၉ ႏွစ္အရြယ္ ညီမတဦးရွိၿပီး သူတုိ႔မိခင္က ေနာက္ေယာက်္ားတဦးေနာက္ကို လိုက္သြားခဲ့ခ်ိန္မွာ သူတို႔ကို အဖြားျဖစ္သူဆီ ခ်န္ထားခံခဲ့ရတာပါ။

ေျမးျဖစ္သူမွာ အဖိုးအိုနဲ႔ရတဲ့ ကိုယ္၀န္ကို ၿပီးခဲ့တဲ့မတ္လမွာ ကေလးေမြးဖြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ အဖြားအိုဟာ သူ႔ကို လမ္းမေပၚထြက္ၿပီး လိင္မႈဆိုင္ရာကိစၥနဲ႔ ေငြရွာေစဖို႔ အတင္းအက်ပ္ခိုင္းေစခဲ့တာကို လူမႈေရးအသင္းအဖြဲ႔ေတြက တဆင့္သိခဲ့ၾကၿပီးေနာက္ ရဲေတြကို အေၾကာင္းၾကားခဲ့တာပါ။

အဖြားအိုဒန္းဂ္ဟာ ရဲေတြစစ္ေမးသမွ်ကို ဘာမွမသိဘူးလို႔ ေျဖေနခဲ့ၿပီး အဖိုးအိုကေတာ့ ခုလို ၂ ႀကိမ္ ၃ ႀကိမ္ေလာက္လုပ္ခဲ့ၿပီး ဒါဟာ မိန္းကေလးက သေဘာတူထားၿပီး ျဖစ္တဲ့အတြက္ မုဒိမ္းမႈမေျမာက္ဘူးလို႔ ေျဖခဲ့တာပါ။

သူက မိန္းကေလး ဘီရဲ႕ မိခင္ျဖစ္သူဟာလည္း ၂၀၁၄ ခုႏွစ္က သူ႔ဆီကို သမီးျဖစ္သူနဲ႔အတူ လာခဲ့ဖူးၿပီး ေမြးရပ္အိမ္ဆီျပန္ဖို႔ အကူအညီေတာင္းခဲ့လို႔ ဘတ္ေငြ ၂၀၀၀ ေပးခဲ့ဖူးတယ္လို႔ ၀န္ခံလိုက္ပါတယ္။

ဒါေပမယ့္ အဲဒီအခ်ိန္ကေတာ့ သူဟာ မိန္းကေလးနဲ႔အတူ မအိပ္ခဲ့ဘူးပဲ သနားတဲ့စိတ္နဲ႔သာ ကူညီခဲ့တာလို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ ရဲေတြဟာ အသက္ ၄၂ ႏွစ္အရြယ္ ဘီရဲ႕ မိခင္ျဖစ္သူကိုပါ ဖမ္းဆီးစစ္ေဆးႏိုင္ဖို႔ ရွာေဖြေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံတောင်ပိုင်း၊ ထရန်းခရိုင်ထဲမှာ အသက် ၆၆ နှစ်အရွယ် အဖွားအိုတဦးဟာ ဆယ်ကျော်သက်အရွယ် မြေးဖြစ်သူကို လိင်မှုကိစ္စအတွက် ရောင်းချခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။
ဝမ်းနည်းစရာကောင်းတဲ့ ဒီအဖြစ်အပျက်ဟာ ထရန်းခရိုင်၊ ကန်တန်ဒေသတွင်းမှာ ဖြစ်ခဲ့တာလို့ ထိုင်းအခြေစိုက် ဒေးလီးနယူးစ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒန်းဂ်အမည်ရတဲ့ အဲဒီအဖွားအိုဟာ “ဘီ” လို့ သတင်းမှာဖော်ပြတဲ့ အသက် ၁၅ နှစ်အရွယ် မြေးဖြစ်သူကို အသက် ၇၂ နှစ်အရွယ် အဖိုးအိုတဦးဆီ ငွေကြေးနဲ့ လဲလှယ်ရောင်းချခဲ့ပြီး မြေးဖြစ်သူမှာ သူနဲ့ရတဲ့ ကိုယ်ဝန်ကြောင့် ကလေးရခဲ့တာပါ။

ဒမ်းအမည်ရတဲ့ အဲဒီအဖိုးအိုကိုလည်း အသက်မပြည့်သေးသူကို မုဒိမ်းမှုမြောက် ကျူးလွန်မှုအတွက် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဖွားအိုဒန်းဂ်ဟာ အဆိုပါအဖိုးအိုကို သူ့ဇနီးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ပြီး ဘတ်ငွေ ၃ သိန်း ငွေညှစ်ခဲ့ပြီး နောက်ဆုံးမှာ ၁ သိန်း ၃ သောင်းနဲ့ ညှိယူထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အသက် ၁၅ နှစ်အရွယ် မိန်းကလေး ဘီမှာ အသက် ၉ နှစ်အရွယ် ညီမတဦးရှိပြီး သူတို့မိခင်က နောက်ယောကျ်ားတဦးနောက်ကို လိုက်သွားခဲ့ချိန်မှာ သူတို့ကို အဖွားဖြစ်သူဆီ ချန်ထားခံခဲ့ရတာပါ။

မြေးဖြစ်သူမှာ အဖိုးအိုနဲ့ရတဲ့ ကိုယ်ဝန်ကို ပြီးခဲ့တဲ့မတ်လမှာ ကလေးမွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဖွားအိုဟာ သူ့ကို လမ်းမပေါ်ထွက်ပြီး လိင်မှုဆိုင်ရာကိစ္စနဲ့ ငွေရှာစေဖို့ အတင်းအကျပ်ခိုင်းစေခဲ့တာကို လူမှုရေးအသင်းအဖွဲ့တွေက တဆင့်သိခဲ့ကြပြီးနောက် ရဲတွေကို အကြောင်းကြားခဲ့တာပါ။

အဖွားအိုဒန်းဂ်ဟာ ရဲတွေစစ်မေးသမျှကို ဘာမှမသိဘူးလို့ ဖြေနေခဲ့ပြီး အဖိုးအိုကတော့ ခုလို ၂ ကြိမ် ၃ ကြိမ်လောက်လုပ်ခဲ့ပြီး ဒါဟာ မိန်းကလေးက သဘောတူထားပြီး ဖြစ်တဲ့အတွက် မုဒိမ်းမှုမမြောက်ဘူးလို့ ဖြေခဲ့တာပါ။

သူက မိန်းကလေး ဘီရဲ့ မိခင်ဖြစ်သူဟာလည်း ၂၀၁၄ ခုနှစ်က သူ့ဆီကို သမီးဖြစ်သူနဲ့အတူ လာခဲ့ဖူးပြီး မွေးရပ်အိမ်ဆီပြန်ဖို့ အကူအညီတောင်းခဲ့လို့ ဘတ်ငွေ ၂၀၀၀ ပေးခဲ့ဖူးတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒါပေမယ့် အဲဒီအချိန်ကတော့ သူဟာ မိန်းကလေးနဲ့အတူ မအိပ်ခဲ့ဘူးပဲ သနားတဲ့စိတ်နဲ့သာ ကူညီခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရဲတွေဟာ အသက် ၄၂ နှစ်အရွယ် ဘီရဲ့ မိခင်ဖြစ်သူကိုပါ ဖမ်းဆီးစစ်ဆေးနိုင်ဖို့ ရှာဖွေနေကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top