Shwe Zabu River View Condominium Promotion
×

ျပည္တြင္းကားေစ်းကြက္မွာ ကားေဟာင္း (အပ္ကား)ရွားပါးလာလို႔ စလစ္ေစ်းႏႈန္းေတြက က်ပ္ ၁၀ သိန္းခန္႔ ျမင့္တက္လာၿပီး  ၾသဂုတ္လမွာ က်ပ္ ၉၅ သိန္းခန္႔ ေစ်းေပါက္ခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာ က်ပ္ ၁၀၅ သိန္းခန္႔ ေပါက္ေဈးရွိေနတယ္လို႔ ေမာ္ေတာ္ယာဥ္ ေရာင္း၀ယ္ေနသူ ေတြက ေျပာပါတယ္။

‘‘စလစ္ေတြကရွားၿပီး ေစ်းတက္လာေတာ့ ကားအေရာင္းအ၀ယ္ေတြလည္း တန္႔သြားတယ္။ ဒါေၾကာင့္ အစိုးရအေနနဲ႔လည္း မူ၀ါဒေတြကို တိတိက်က်သတ္ မွတ္ေပးဖို႔ လိုတယ္’’လို႔ ေမာ္ေတာ္ယာဥ္ ေရာင္း၀ယ္ေရးလုပ္ငန္း လုပ္ကိုင္သူ ဦးေအာင္သန္း၀င္းက ေျပာပါတယ္။

ကားေဟာင္းစလစ္ေစ်းႏႈန္းေတြက  ၀ယ္ယူသူအမည္ေပါက္ျဖစ္ရင္ က်ပ္ ၁၀၅ သိန္းေက်ာ္နဲ႔ အမည္ေပါက္မဟုတ္ရင္ က်ပ္သိန္း ၁၀၀ ပတ္၀န္းက်င္ ေစ်းေပါက္ေန တယ္လို႔ သိရပါတယ္။

စလစ္ကပ္ကားေတြက ရန္ကုန္လိပ္စာ အမည္ေပါက္ရၿပီး ပါကင္ေထာက္ခံခ်က္နဲ႔ ႀကိဳတင္၀င္ေငြခြန္ေဆာင္ဖို႔ မလိုအပ္ဘဲ ၀ယ္ယူတဲ့သူေတြအတြက္  အဆင္ေျပလုိ႔ စလစ္ေစ်းႏႈန္းေတြ ျမင့္တက္လာတယ္လုိ႔ ယာဥ္ေရာင္း၀ယ္ေနသူေတြက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version


ပြည်တွင်းကားဈေးကွက်မှာ ကားဟောင်း (အပ်ကား)ရှားပါးလာလို့ စလစ်ဈေးနှုန်းတွေက ကျပ် ၁၀ သိန်းခန့် မြင့်တက်လာပြီး  သြဂုတ်လမှာ ကျပ် ၉၅ သိန်းခန့် ဈေးပေါက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ကျပ် ၁၀၅ သိန်းခန့် ပေါက်ဈေးရှိနေတယ်လို့ မော်တော်ယာဉ် ရောင်းဝယ်နေသူ တွေက ပြောပါတယ်။

‘‘စလစ်တွေကရှားပြီး ဈေးတက်လာတော့ ကားအရောင်းအဝယ်တွေလည်း တန့်သွားတယ်။ ဒါကြောင့် အစိုးရအနေနဲ့လည်း မူဝါဒတွေကို တိတိကျကျသတ် မှတ်ပေးဖို့ လိုတယ်’’လို့ မော်တော်ယာဉ် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်သန်းဝင်းက ပြောပါတယ်။

ကားဟောင်းစလစ်ဈေးနှုန်းတွေက  ဝယ်ယူသူအမည်ပေါက်ဖြစ်ရင် ကျပ် ၁၀၅ သိန်းကျော်နဲ့ အမည်ပေါက်မဟုတ်ရင် ကျပ်သိန်း ၁၀၀ ပတ်ဝန်းကျင် ဈေးပေါက်နေ တယ်လို့ သိရပါတယ်။

စလစ်ကပ်ကားတွေက ရန်ကုန်လိပ်စာ အမည်ပေါက်ရပြီး ပါကင်ထောက်ခံချက်နဲ့ ကြိုတင်ဝင်ငွေခွန်ဆောင်ဖို့ မလိုအပ်ဘဲ ဝယ်ယူတဲ့သူတွေအတွက်  အဆင်ပြေလို့ စလစ်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ယာဉ်ရောင်းဝယ်နေသူတွေက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top