Property Expo
×

ပဲခူးတုိင္းအေနာက္ပုိင္း၊ ျပည္ၿမိဳ႕တြင္ ကူးစက္ျမန္ျပင္းထန္ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ ပုိးသစ္တစ္မ်ိဳးအား ထပ္မံ ေတြ႔ရွိရေသာေၾကာင့္ မုန္႔ဖတ္ျပဳလုပ္ေသာ မုန္႔ဖတ္ဖုိမ်ားအား စက္တင္ဘာလ(၁) ရက္မွ စတင္ကာ ယာယီ ပိတ္သိမ္းခုိင္းထားေၾကာင္း ျပည္ခရုိင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရုံးမွ သိရွိရသည္။

 ျပည္ခရုိင္တြင္ ဇူလုိင္လအတြင္းက ကူးစက္ျမန္ျပင္းထန္၀မ္းပ်က္၀မ္းေလွ်ာေရာဂါျဖစ္ပြားခဲ့ကာ မုန္႔ဖတ္ဖုိမ်ား၊ လက္သုပ္ဆုိင္မ်ား ပိတ္ခုိင္းခဲ့ရၿပီး ၾသဂုတ္လေနာက္ဆံုးပတ္တြင္ လူနာတစ္ဦးထံမွ ကူးစက္ျမန္ျပင္းထန္ ၀မ္းပ်က္၀မ္း ေလွ်ာေရာဂါပုိးသစ္တစ္မ်ဳိးအား အမ်ဳိးသား က်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန (ရန္ကုန္)၏ ဓာတ္ခြဲစစ္ေဆးမႈအရ ေတြ႔ရွိရေသာေၾကာင့္ မုန္႔ဖတ္ဖုိမ်ားအား ယာယီထပ္မံပိတ္သိမ္းထားခုိင္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆုိပါပိတ္ထားသည့္ မုန္႔ဖတ္ဖုိလုပ္ငန္းမ်ားသည္ လူေနရပ္ကြက္မ်ားအတြင္း မရွိသင့္ဘဲ လူေနရပ္ကြက္ မ်ားႏွင့္ ေ၀းေသာစက္မႈဇုံကဲ့သုိ႔ေနရာမ်ားသ႔ုိ ေျပာင္းရႊ႕ဖြင့္လွစ္ႏုိင္ေရးအတြက္လည္း မုန္႔ဖတ္ဖုိလုပ္ငန္းရွင္မ်ား ႏွင့္ ညႈိႏႈိင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ပထမတစ္ခါ လူနာေတြမ်ားလုိ႔ ၀မ္းပ်က္၀မ္းေလွ်ာေတြျဖစ္လုိ႔ဆုိၿပီး ျဗဳန္းစားႀကီးပိတ္လိုက္ရတယ္။ ကြ်န္ေတာ္ တုိ႔မွာဆုံးရႈံးမႈေတြရွိတယ္။ အခုတစ္ခါအစည္းအေ၀း ဆုိၿပီး ဖိတ္တယ္ ၿပီးေတာ့ပိတ္ခုိင္းျပန္တယ္။ ပထမတစ္ခါ ကြ်န္ေတာ္တုုိ႔ ဆုံးရႈံးတာလည္း သူတုိ႔သိတယ္။ အခု ဒုတိယအႀကိမ္ထပ္ပိတ္ရမယ္ဆုိေတာ့ အမ်ားႀကီးနစ္နာ တာေပါ့။”ဟု ျပည္ၿမိဳ႕ရွိ မုန္႔ဖတ္ စက္ပုိင္ရွင္တစ္ဦးက ေျပာသည္။

 ျပည္ခရုိင္အတြင္း ၿပီးခဲ့သည့္ ဇူလုိင္လအတြင္းက ကူးစက္ျမန္ ျပင္းထန္၀မ္းပ်က္၀မ္းေလွ်ာေရာဂါျဖစ္ပြားခဲ့ၿပီး ၀မ္းပ်က္ ၀မ္းေလ်ာေရာဂါျဖစ္ပြားသူ လူ ၂၀၀ ခန္႔ ေဆးကုသမႈမ်ားခံယူခဲ့ရၿပီး လူတစ္ဦး ေသဆုံးခဲ့ရေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရတနာပံု သတင္းစာ

#Unicode Version
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့တွင် ကူးစက်မြန်ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ပိုးသစ်တစ်မျိုးအား ထပ်မံ တွေ့ရှိရသောကြောင့် မုန့်ဖတ်ပြုလုပ်သော မုန့်ဖတ်ဖိုများအား စက်တင်ဘာလ(၁) ရက်မှ စတင်ကာ ယာယီ ပိတ်သိမ်းခိုင်းထားကြောင်း ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

 ပြည်ခရိုင်တွင် ဇူလိုင်လအတွင်းက ကူးစက်မြန်ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ကာ မုန့်ဖတ်ဖိုများ၊ လက်သုပ်ဆိုင်များ ပိတ်ခိုင်းခဲ့ရပြီး သြဂုတ်လနောက်ဆုံးပတ်တွင် လူနာတစ်ဦးထံမှ ကူးစက်မြန်ပြင်းထန် ဝမ်းပျက်ဝမ်း လျှောရောဂါပိုးသစ်တစ်မျိုးအား အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ဓာတ်ခွဲစစ်ဆေးမှုအရ တွေ့ရှိရသောကြောင့် မုန့်ဖတ်ဖိုများအား ယာယီထပ်မံပိတ်သိမ်းထားခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပိတ်ထားသည့် မုန့်ဖတ်ဖိုလုပ်ငန်းများသည် လူနေရပ်ကွက်များအတွင်း မရှိသင့်ဘဲ လူနေရပ်ကွက် များနှင့် ဝေးသောစက်မှုဇုံကဲ့သို့နေရာများသ့ို ပြောင်းရွှ့ဖွင့်လှစ်နိုင်ရေးအတွက်လည်း မုန့်ဖတ်ဖိုလုပ်ငန်းရှင်များ နှင့် ညှိုနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပထမတစ်ခါ လူနာတွေများလို့ ဝမ်းပျက်ဝမ်းလျှောတွေဖြစ်လို့ဆိုပြီး ဗြုန်းစားကြီးပိတ်လိုက်ရတယ်။ ကျွန်တော် တို့မှာဆုံးရှုံးမှုတွေရှိတယ်။ အခုတစ်ခါအစည်းအဝေး ဆိုပြီး ဖိတ်တယ် ပြီးတော့ပိတ်ခိုင်းပြန်တယ်။ ပထမတစ်ခါ ကျွန်တော်တိုု့ ဆုံးရှုံးတာလည်း သူတို့သိတယ်။ အခု ဒုတိယအကြိမ်ထပ်ပိတ်ရမယ်ဆိုတော့ အများကြီးနစ်နာ တာပေါ့။”ဟု ပြည်မြို့ရှိ မုန့်ဖတ် စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

 ပြည်ခရိုင်အတွင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကူးစက်မြန် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားသူ လူ ၂၀၀ ခန့် ဆေးကုသမှုများခံယူခဲ့ရပြီး လူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:ရတနာပုံ သတင်းစာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top