Kantharyar Centre
×

                                ယခုပံုမွာ နမူနာပံုသာျဖစ္သည္။

ျမန္မာနယ္စပ္ကေန အိႏိၵယႏိုင္ငံထဲကို လြန္ခဲ့တဲ့ ၂ ႏွစ္ခြဲကာလမွာ အေမရိကန္ေဒၚလာ သန္း ၃၀၀ ေက်ာ္ေလာက္တန္ဖိုးရွိတဲ့ ေရႊေခ်ာင္း ကီလိုဂရမ္ေပါင္း ၇၀၀၀ ေလာက္ တရားမ၀င္ ေမွာင္ခိုသြင္းခဲ့တဲ့ ေရႊကုန္သည္တဦးကို အိႏိၵယအာဏာပုိင္ေတြက ဖမ္းဆီးလိုက္ပါတယ္။
အိႏိၵယ-ျမန္မာနယ္စပ္ကို ျဖတ္သန္းၿပီး ေဒလီနဲ႔ တျခားၿမဳိ႕ေတြဆီကို ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြနဲ႔ ေရႊေခ်ာင္းေတြ သယ္ယူခဲ့တဲ့ အာသံျပည္နယ္ ဂူ၀ါဟတီၿမိဳ႕က နာရႁႏၵာ ကူမာဂ်င္း အမည္ရွိ စီးပြားေရးသမားတဦးနဲ႔ ေဒလီက သူ႔လက္ေထာက္တဦးတို႔ကို ဖမ္းဆီးထိန္းသိမ္းလုိက္တာလို႔ အိႏိၵယ ဘ႑ာအခြန္ စုံစမ္းေထာက္လွမ္းညႊန္ၾကားမႈဌာနကို ကိုးကားၿပီး အိႏိၵယသတင္းေတြမွာ ေဖာ္ျပပါတယ္။

သူတို႔ဟာ ဂူ၀ါဟတီၿမဳိ႕ကေန ေဒလီၿမဳိ႕ဆီကို ျပည္တြင္းေလေၾကာင္းနဲ႔ တန္ဖိုးႀကီး ကုန္ပစၥည္းအျဖစ္ ေၾကညာကာ အႀကိမ္ေပါင္း ၆၀၀ ေက်ာ္ သယ္ယူခဲ့တာျဖစ္ၿပီး ဒီအမႈမွာ ပါ၀င္ပတ္သက္ေနတဲ့ ေလေၾကာင္းလိုင္းအမႈထမ္းေတြနဲ႔ တျခားသူေတြကိုလည္း စံုစမ္းစစ္ေဆးေနတယ္လုိ႔ ဆိုပါတယ္။

ကူမာဂ်င္းဟာ ၂၀၁၅ ေဖေဖာ္၀ါရီလကလည္း ေရႊ ၁၂ ကီလိုဂရမ္ ေမွာင္ခိုကူးမႈနဲ႔ ဂူ၀ါဟတီမွာ အဖမ္းခံခဲ့ရဖူးၿပီး ေနာက္ပိုင္းမွာ အာမခံနဲ႔ ျပန္လြတ္လာတာ ျဖစ္ပါတယ္။

ေမွာင္ခိုေရႊ၀ယ္လက္ေတြ ဘယ္သူဘယ္၀ါလဲ ဆိုတာကိုလည္း စံုစမ္းစစ္ေဆးမႈေတြ ဆက္လုပ္ေနပါတယ္။

အခုလဆန္းပိုင္းကလည္း အင္ဒီယာဂႏၵီ ႏိုင္ငံတကာေလဆိပ္ရဲ႕ ျပည္တြင္းကုန္တင္ကုန္ခ် ၀င္ေပါက္မွာ ေမွာင္ခိုသြင္းလာတဲ့ ေရႊေခ်ာင္း ၁၀ ကီလိုဂရမ္ကို အစိုးရအရာရွိေတြက ဖမ္းမိရာကေန ဒီအမႈ ေပၚေပါက္လာတာပါ။

ဒါဟာ အိႏိၵယႏိုင္ငံမွာ ဖမ္းဆီးရမိတဲ့ ေရႊေမွာင္ခိုမႈေတြထဲမွာ အႀကီးဆံုးအမႈတခု ျဖစ္ဖြယ္ရွိတယ္လုိ႔ အိႏိၵယသတင္းဌာနေတြမွာ ေရးသားေဖာ္ျပပါတယ္။

အိႏိၵယႏိုင္ငံထဲ ေရႊေခ်ာင္းပမာဏ အေျမာက္အျမားကို ျမန္မာႏိုင္ငံကေန ႏွစ္ႏိုင္ငံနယ္စပ္နဲ႔ ကပ္ေနတဲ့ မဏိပူနဲ႔ မီဇုိရမ္ေဒသေတြကေန ေမွာင္ခိုတင္သြင္းေလ့ရွိတာျဖစ္ၿပီး ေျမျပင္ပထ၀ီ အေနထားေၾကာင့္ ေမွာင္ခိုကူးမႈေတြကို ရွာေဖြတားဆီးဖို႔ အိႏၵိယအစိုးရက စိန္ေခၚမႈ အခက္အခဲေတြနဲ႔ ရင္ဆိုင္ႀကံဳေတြ႔ေနရတာ ျဖစ္ပါတယ္။

အိႏိၵယ အခြန္ဘ႑ာ စံုစမ္းေထာက္လွမ္းဌာနအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၅ မတ္လကလည္း ျမန္မာႏိုင္ငံဘက္ကေန ေမွာင္ခိုတင္သြင္းလာတဲ့ ေရႊ ၈၇ ကီလိုဂရမ္ကို ဆီလီဂူရီမွာ ဖမ္းမိၿပီး ၂၀၁၆ ၾသဂုတ္လမွာလည္း ကာလကတၱားမွာ ေရႊ ၅၈ ကီလိုဂရမ္နဲ႔ လူ ၁၂ ေယာက္ ဖမ္းမိခဲ့ပါတယ္။

အိႏိၵယႏုိင္ငံဟာ ျပည္ပကေန ႏွစ္စဥ္ ေရႊတန္ခ်ိန္အေျမာက္အျမား တင္သြင္းေနရတဲ့ ႏိုင္ငံျဖစ္ၿပီး ၂၀၁၅ – ၂၀၁၆ ခုႏွစ္ကာလမွာ ျပည္ပကေန ေရႊ မက္ထရစ္တန္ခ်ိန္ေပါင္း ၈၅၅ တန္ တင္ပို႔ခဲ့ပါတယ္လို႔ အစိုးရက တရား၀င္ ထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
မြန်မာနယ်စပ်ကနေ အိန္ဒိယနိုင်ငံထဲကို လွန်ခဲ့တဲ့ ၂ နှစ်ခွဲကာလမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်လောက်တန်ဖိုးရှိတဲ့ ရွှေချောင်း ကီလိုဂရမ်ပေါင်း ၇၀၀၀ လောက် တရားမဝင် မှောင်ခိုသွင်းခဲ့တဲ့ ရွှေကုန်သည်တဦးကို အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းပြီး ဒေလီနဲ့ တခြားမြို့တွေဆီကို ပြည်တွင်းလေကြောင်းခရီးစဉ်တွေနဲ့ ရွှေချောင်းတွေ သယ်ယူခဲ့တဲ့ အာသံပြည်နယ် ဂူဝါဟတီမြို့က နာရန္ဒြာ ကူမာဂျင်း အမည်ရှိ စီးပွားရေးသမားတဦးနဲ့ ဒေလီက သူ့လက်ထောက်တဦးတို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ အိန္ဒိယ ဘဏ္ဍာအခွန် စုံစမ်းထောက်လှမ်းညွှန်ကြားမှုဌာနကို ကိုးကားပြီး အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

သူတို့ဟာ ဂူဝါဟတီမြို့ကနေ ဒေလီမြို့ဆီကို ပြည်တွင်းလေကြောင်းနဲ့ တန်ဖိုးကြီး ကုန်ပစ္စည်းအဖြစ် ကြေညာကာ အကြိမ်ပေါင်း ၆၀၀ ကျော် သယ်ယူခဲ့တာဖြစ်ပြီး ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ လေကြောင်းလိုင်းအမှုထမ်းတွေနဲ့ တခြားသူတွေကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကူမာဂျင်းဟာ ၂၀၁၅ ဖေဖော်ဝါရီလကလည်း ရွှေ ၁၂ ကီလိုဂရမ် မှောင်ခိုကူးမှုနဲ့ ဂူဝါဟတီမှာ အဖမ်းခံခဲ့ရဖူးပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

မှောင်ခိုရွှေဝယ်လက်တွေ ဘယ်သူဘယ်ဝါလဲ ဆိုတာကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။

အခုလဆန်းပိုင်းကလည်း အင်ဒီယာဂန္ဒီ နိုင်ငံတကာလေဆိပ်ရဲ့ ပြည်တွင်းကုန်တင်ကုန်ချ ဝင်ပေါက်မှာ မှောင်ခိုသွင်းလာတဲ့ ရွှေချောင်း ၁၀ ကီလိုဂရမ်ကို အစိုးရအရာရှိတွေက ဖမ်းမိရာကနေ ဒီအမှု ပေါ်ပေါက်လာတာပါ။

ဒါဟာ အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရွှေမှောင်ခိုမှုတွေထဲမှာ အကြီးဆုံးအမှုတခု ဖြစ်ဖွယ်ရှိတယ်လို့ အိန္ဒိယသတင်းဌာနတွေမှာ ရေးသားဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံထဲ ရွှေချောင်းပမာဏ အမြောက်အမြားကို မြန်မာနိုင်ငံကနေ နှစ်နိုင်ငံနယ်စပ်နဲ့ ကပ်နေတဲ့ မဏိပူနဲ့ မီဇိုရမ်ဒေသတွေကနေ မှောင်ခိုတင်သွင်းလေ့ရှိတာဖြစ်ပြီး မြေပြင်ပထဝီ အနေထားကြောင့် မှောင်ခိုကူးမှုတွေကို ရှာဖွေတားဆီးဖို့ အိန္ဒိယအစိုးရက စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အိန္ဒိယ အခွန်ဘဏ္ဍာ စုံစမ်းထောက်လှမ်းဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ မတ်လကလည်း မြန်မာနိုင်ငံဘက်ကနေ မှောင်ခိုတင်သွင်းလာတဲ့ ရွှေ ၈၇ ကီလိုဂရမ်ကို ဆီလီဂူရီမှာ ဖမ်းမိပြီး ၂၀၁၆ သြဂုတ်လမှာလည်း ကာလကတ္တားမှာ ရွှေ ၅၈ ကီလိုဂရမ်နဲ့ လူ ၁၂ ယောက် ဖမ်းမိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြည်ပကနေ နှစ်စဉ် ရွှေတန်ချိန်အမြောက်အမြား တင်သွင်းနေရတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၅ – ၂၀၁၆ ခုနှစ်ကာလမှာ ပြည်ပကနေ ရွှေ မက်ထရစ်တန်ချိန်ပေါင်း ၈၅၅ တန် တင်ပို့ခဲ့ပါတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top