Property Expo
×

ၾသဂုတ္အတြက္ ပရီးမီး ယားလိဂ္၏ အေကာင္းဆံုးနည္းျပ ဆုအတြက္ မန္ယူနည္းျပ ေမာ္ရင္ ဟို၊ မန္စီးတီးနည္းျပ ဂြါဒီယိုလာ၊ ခ်ယ္လ္ဆီးနည္းျပ ကြန္တီႏွင့္ ဟူးလ္စီးတီးနည္းျပ မုိက္ဖီလန္ တို႔ အမည္စာရင္းတင္သြင္းခံရ သည္။

ေမာ္ရင္ဟုိ၊ ဂြါဒီယိုလာႏွင့္ ကြန္တီတို႔သည္ ယခုရာသီသစ္တြင္ သံုးပြဲစလံုးအႏုိင္ရထားၿပီး အစေကာင္းေနၾကသည္။

ယင္းမွတ္တမ္းေကာင္းမ်ား အနက္ အနည္းဆံုးတစ္ခုသည္ ယခုလ ၁၀ ရက္တြင္ မန္ယူႏွင့္ မန္စီးတီးတုိ႔ ဆံုေတြ႕ခ်ိန္၌ အဆံုး သတ္ဖြယ္ရိွသည္။

ထိုအေတာအတြင္း ဟူးလ္ စီးတီး၏ ယာယီနည္းျပ မိုက္ဖီလန္ သည္ ခ်န္ပီယံလက္စတာကုိ အ မွတ္မထင္ႏိုင္ေသာ ပြဲႏွင့္ ဆြမ္း ဆီးကုိ ၂ -၀ ဂုိးမရိွျဖင့္ ႏုိင္ပြဲရခဲ့ ၿပီး တတိယပြဲတြင္ မန္ယူကုိ  ၁-၀  ဂုိးျဖင့္ ကပ္႐ႈံးခဲ့သည္။

ဟူးလ္စီးတီးသည္ ႀကံ႕ခုိင္မႈ ျပည့္၀ေသာ အဓိကကစားသမား ၁၃ ဦးႏွင့္သာ ယခုရာသီကို စတင္ ယွဥ္ၿပိဳင္ခဲ့ရၿပီး သံုးပြဲစလံုးတြင္အထင္ႀကီးစရာ ေျခစြမ္းမ်ိဳးျပသ ႏုိင္ခဲ့သည္။

ယင္းဆုအတြက္ ပရီးမီးယား လိဂ္အသင္းေခါင္းေဆာင္ တစ္ဦး စီႏွင့္အတူ ေဘာလံုးသမား ေဟာင္းမ်ား၊ နည္းျပေဟာင္းမ်ား ပါ၀င္သည့္ အဖြဲ႕တစ္ဖြဲ႕က ေရြး ခ်ယ္ၿပီး ဆုရသူကို စက္တင္ဘာ ၉ ရက္တြင္ ေၾကညာမည္ျဖစ္ သည္။

ၾသဂုတ္အတြက္ ပရီးမီးယား လိဂ္၏ အေကာင္းဆံုးကစားသ မားဆု အမည္စာရင္းတင္သြင္းခံ ရသူမ်ားတြင္ စတာလင္၊ ဟာဇက္၊အန္တိုနီယိုဗလင္စီယာႏွင့္ ကား တစ္ေဒးဗစ္တုိ႔ ပါ၀င္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

သြဂုတ်အတွက် ပရီးမီး ယားလိဂ်၏ အကောင်းဆုံးနည်းပြ ဆုအတွက် မန်ယူနည်းပြ မော်ရင် ဟို၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် ဟူးလ်စီးတီးနည်းပြ မိုက်ဖီလန် တို့ အမည်စာရင်းတင်သွင်းခံရ သည်။

မော်ရင်ဟို၊ ဂွါဒီယိုလာနှင့် ကွန်တီတို့သည် ယခုရာသီသစ်တွင် သုံးပွဲစလုံးအနိုင်ရထားပြီး အစကောင်းနေကြသည်။

ယင်းမှတ်တမ်းကောင်းများ အနက် အနည်းဆုံးတစ်ခုသည် ယခုလ ၁၀ ရက်တွင် မန်ယူနှင့် မန်စီးတီးတို့ ဆုံတွေ့ချိန်၌ အဆုံး သတ်ဖွယ်ရှိသည်။

ထိုအတောအတွင်း ဟူးလ် စီးတီး၏ ယာယီနည်းပြ မိုက်ဖီလန် သည် ချန်ပီယံလက်စတာကို အ မှတ်မထင်နိုင်သော ပွဲနှင့် ဆွမ်း ဆီးကို ၂ -၀ ဂိုးမရှိဖြင့် နိုင်ပွဲရခဲ့ ပြီး တတိယပွဲတွင် မန်ယူကို  ၁-၀  ဂိုးဖြင့် ကပ်ရှုံးခဲ့သည်။

ဟူးလ်စီးတီးသည် ကြံ့ခိုင်မှု ပြည့်ဝသော အဓိကကစားသမား ၁၃ ဦးနှင့်သာ ယခုရာသီကို စတင် ယှဉ်ပြိုင်ခဲ့ရပြီး သုံးပွဲစလုံးတွင်အထင်ကြီးစရာ ခြေစွမ်းမျိုးပြသ နိုင်ခဲ့သည်။

ယင်းဆုအတွက် ပရီးမီးယား လိဂ်အသင်းခေါင်းဆောင် တစ်ဦး စီနှင့်အတူ ဘောလုံးသမား ဟောင်းများ၊ နည်းပြဟောင်းများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ရွေး ချယ်ပြီး ဆုရသူကို စက်တင်ဘာ ၉ ရက်တွင် ကြေညာမည်ဖြစ် သည်။

သြဂုတ်အတွက် ပရီးမီးယား လိဂ်၏ အကောင်းဆုံးကစားသ မားဆု အမည်စာရင်းတင်သွင်းခံ ရသူများတွင် စတာလင်၊ ဟာဇက်၊အန်တိုနီယိုဗလင်စီယာနှင့် ကား တစ်ဒေးဗစ်တို့ ပါဝင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top