Kantharyar Centre
×

သင္ ဆံပင္ညွပ္ဆုိင္ကို ေရာက္ၿပီဆုိပါေတာ့။ ဆံပင္ပဲညွပ္ညွပ္၊ ဘာပဲ လုပ္လုပ္ ေခါင္းေတာ့ အရင္ေလွ်ာ္ခုိင္းၾကတာခ်ည္းပဲ ဟုတ္။ သင္က ခုေလးတင္အိမ္မွာ ေလွ်ာ္လာတာလို႔ေျပာရင္ ခုထပ္ေလွ်ာ္မွ ညွပ္ရတာ အဆင္ေျပမယ္၊ ဆံပင္ဆိုးရတာ အဆင္ေျပမယ္၊ ဒီကေလွ်ာ္ေပးတဲ့ ရွန္ပူက ဘယ္လိုေကာင္းတာစသျဖင့္ အေျခအတင္ေလးေတြ ရွိလာၿပီေပါ့။ အိုေခ သူတုိ႔ေျပာသလို ေခါင္းေလွ်ာ္ဖုိ႔ လက္ခံလိုက္ပါၿပီ။ အဲ့ဒီေနာက္မွာ ကိုယ္သြားေနက် ဆံပင္ညွပ္ဆုိင္က ဆံပင္ညွပ္ဆရာေတြ ေျပာေလ့ရွိတဲ့ မုသားစကားပါးပါးေလးေတြကို ေဖာ္ျပေပးလိုက္တယ္ေနာ္။

၁။ဟိုးအရင္ကတည္းက သံုးေနက် ရွန္ပူေတြက မေကာင္းေတာ့ဘူး။ ဆိုင္က ရွန္ပူေတြကေတာ့ အေကာင္းဆံုး product ေတြခ်ည္းပဲ။

သင္က ခုလက္ရွိလည္း ဆယ္တန္းေက်ာင္းသူဘ၀က သံုးခဲ့တဲ့ ေခါင္းေလွ်ာ္ရည္အမ်ိဳးအစားကိုပဲ စြဲစြဲၿမဲၿမဲသံုးေနတတ္သူ တစ္ေယာက္လား။ ဒါဆုိရင္ေတာ့ သူတုိ႔က အိမ္မွာဘာေခါင္ေးလွ်ာ္ရည္သံုးသလဲလုိ႔ ေမးတဲ့အခါ မေျဖရင္အေကာင္းဆံုးပါပဲ။ သင္က ေျဖလိုက္ရင္ ခုဆိုင္မွာ သံုးတာကေတာ့ ဘာအမ်ိဳးအစားျဖစ္တယ္ဆိုတာ ေျပာျပပါလိမ့္မယ္။ ဒီအမ်ိဳးအစားက ဘာေကာင္းတယ္ဆိုတာ ေျပာျပၿပီး ဒါကို အိမ္မွာသံုးတာထက္ ဆိုင္မွာလာေလွ်ာ္မယ္ဆုိရင္ ဘယ္လိုေကာင္းက်ိဳးေတြပိုရေစတယ္ဆိုတာမ်ိဳးကိုလည္း သင့္ကို သူတုိ႔ေျပာျပပါလိမ့္မယ္။

၂။ဆံပင္ပါးရင္ အထပ္ကေလးေတြ ညွပ္ၾကည့္ အဆင္ေျပသြားလိမ့္မယ္။

သင့္ဆံပင္က ခပ္ပါးပါးမုိ႔ ဘယ္လိုၾကည့္လိုက္ရင္ အဆင္ေျပမလဲ ေတြးရမွာေပါ့။ ဒါဆို သူတုိ႔ေျပာေလ့ရွိတာက အထပ္ထပ္ layer ပံုစံသာညွပ္ အားလံုးအိုေခသြားမယ္ဆုိတာပါပဲ။ တကယ္ေတာ့ အဲ့ဒီလို အထပ္ကေလးေတြျဖစ္ေအာင္ ညွပ္တာကလည္း ညွပ္ၿပီးကာစ ဆိုင္မွာပံုသြင္းမွသာ အဆင္ေျပတာပါ။ ဆံပင္ပါးတယ္ဆုိရာမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီပါဘူး။ ရွိေနၿပီးသား ဆံပင္ပံုစံနဲ႔ မ်က္ႏွာက်စတာေတြလည္း ထည့္သြင္းစဥ္းစားရဦးမွာပါ။

၃။အဖ်ားႏွစ္ခြ နည္းနည္းျဖစ္ေနရင္ ခပ္တုိတိုသာ ညွပ္လိုက္၊ ဒါမွအဆင္ေျပမယ္။

တစ္ခါတစ္ေလ ကိုယ္က ဆံပင္အရွည္ထားဖုိ႔ စိတ္အားထက္သန္ေနတယ္ဆိုပါစို႔။ ကိုယ့္ဆံပင္က အဖ်ားႏွစ္ခြျဖစ္ေနတယ္။ ဒါေပမယ့္ ဒါကိုလည္း တုိသြားေအာင္ ညွပ္မပစ္ခ်င္ဘူး။ ဒါဆို သူတုိ႔က ညွပ္ခ်ပစ္လိုက္ဖုိ႔ ေျပာရင္ေတာင္ ကိုယ့္ဆႏၵကို ရွင္းရွင္းလင္းလင္းေျပာျပၿပီး တစ္ျခားနည္းလမ္းစဥ္းစားခိုင္းပါ။ ဥပမာ- ဆံပင္ကို အရင္ကထက္ ပိုဂရုစိုက္ၿပီး ေပါင္းတင္တာမ်ိဳးေတြ၊ အားျဖည့္ဗိုက္တာမင္ လိမ္းေပးတာမ်ိဳးေတြလုပ္မယ္ဆုိရင္ ခုအတုိင္း ဘယ္လိုေလး တုိမသြားေအာင္ ပံုခ်လုိက္ရင္ အဆင္ေျပမလဲ ဆိုတာမိ်ဳးေပါ့။

၄။ေန႔တုိင္းေခါင္းေလွ်ာ္တာ ဆံပင္အတြက္ မေကာင္းႏိုင္ဘူး။

ေလ့က်င့္ခန္းေန႔တုိင္းလုပ္ၿပီး ေခၽြးထြက္တဲ့သူေတြအတြက္ ေန႔တုိင္းေခါင္းေလွ်ာ္လုိ႔ ရပါတယ္။ ဒါေပမယ့္ ရွန္ပူကိုေတာ့ နည္းနည္းေပ်ာ့တဲ့ ရွန္ပူမ်ိဳးသံုးရပါလိမ့္မယ္။ ေခါင္းေလွ်ာ္တုိင္းလည္း ဆံပင္ေပ်ာ့ေဆး ေသခ်ာသံုးေပးမယ္ဆုိရင္ ေလွ်ာ္လုိ႔ရပါတယ္။

၅။ဆံပင္အဖ်ားတိမယ္ဆုိရင္ ဆုိင္မွာလာတိတာ အေကာင္းဆံုးပါ။

သင္အရင္ကေရာ ဆံပင္ကို ကိုယ္တုိင္တိဖူးပါသလား။ ေရွ႕ဆံပင္တိမယ္ဆုိရင္ေတာ့ ကိုယ္တုိင္ခန္႔မွန္းတတ္ဖုိ႔လိုပါတယ္။ ကြက္တိသြားတိလိုက္ရင္ ေရွ႕ဆံပင္ေတြက အေပၚကိုတိုတက္သြားတဲ့အခါ အဆင္မေျပျဖစ္တတ္တာမုိ႔ပါ။ က်န္တဲ့ အဖ်ားႏွစ္ခြျဖစ္ေနတဲ့ ေနရာေတြကိုတိမယ္ဆုိရင္လည္း ညီညီညာညာေလးတိမွာလား၊ ဒါမွမဟုတ္ အခၽြန္ပံုစံထြက္ေအာင္ တိမွာလား သိရပါမယ္။ သင္ကိုယ္တုိင္တိေနက်၊ ဒါကိုလည္း သေဘာက်တယ္ဆုိရင္ သင္မလုပ္ႏိုင္စရာ မရွိပါဘူး။ အဲ့ဒီလိုမဟုတ္ပဲ ခုမွ စတိမွာ၊ ေသခ်ာလည္း မလုပ္တတ္ဘူးဆုိရင္ေတာ့ သူတုိ႔ေျပာသလို ဆိုင္မွာ တိတာ ပိုေသခ်ာတာေပါ့။

၆။ဆံပင္အဖ်ားေလးေတြ တိေပးတာ၊ ညွပ္ေပးတာ ဆံပင္ကို ပိုရွည္လာေစတယ္။

ဆံပင္ပညာရွင္ Allen Ruiz ေျပာၾကားခ်က္အရေတာ့ ဒီအခ်က္ဟာ မွားပါတယ္။ ဆံပင္အဖ်ားေလးေတြ ပံုမွန္တိေပးတာ သင့္ဆံပင္ပိုမိုက်န္းမာလာေစတယ္ဆိုတဲ့ အခ်က္က မွန္ေပမယ့္ ဆံပင္ကို ပိုအရွည္ျမန္ေစတယ္ဆုိတာကေတာ့ မွားပါတယ္တဲ့။

၇။ဆံပင္နဲ႔ပတ္သက္ၿပီး သံုးတဲ့ product ပိုမ်ားေလ ဆံပင္ပိုက်န္းမာေလပါပဲ။

ဒီအခ်က္ကလည္း မွားယြင္းပါတယ္။ သင့္ဆံပင္က အထူးတလည္ ပ်က္စီးေနတာမ်ိဳးလည္း မျဖစ္ဘူး။ ပံုမွန္သင့္ေတာ္တဲ့ ဆံပင္သားလည္းရွိတယ္ဆုိရင္ ဆံပင္အတြက္ သံုးတဲ့ ထုတ္ကုန္ပစၥည္း ႏွစ္မ်ိဳး၊ သံုးမ်ိဳးဆို ရပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

သင် ဆံပင်ညှပ်ဆိုင်ကို ရောက်ပြီဆိုပါတော့။ ဆံပင်ပဲညှပ်ညှပ်၊ ဘာပဲ လုပ်လုပ် ခေါင်းတော့ အရင်လျှော်ခိုင်းကြတာချည်းပဲ ဟုတ်။ သင်က ခုလေးတင်အိမ်မှာ လျှော်လာတာလို့ပြောရင် ခုထပ်လျှော်မှ ညှပ်ရတာ အဆင်ပြေမယ်၊ ဆံပင်ဆိုးရတာ အဆင်ပြေမယ်၊ ဒီကလျှော်ပေးတဲ့ ရှန်ပူက ဘယ်လိုကောင်းတာစသဖြင့် အခြေအတင်လေးတွေ ရှိလာပြီပေါ့။ အိုခေ သူတို့ပြောသလို ခေါင်းလျှော်ဖို့ လက်ခံလိုက်ပါပြီ။ အဲ့ဒီနောက်မှာ ကိုယ်သွားနေကျ ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ်ဆရာတွေ ပြောလေ့ရှိတဲ့ မုသားစကားပါးပါးလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

၁။ဟိုးအရင်ကတည်းက သုံးနေကျ ရှန်ပူတွေက မကောင်းတော့ဘူး။ ဆိုင်က ရှန်ပူတွေကတော့ အကောင်းဆုံး product တွေချည်းပဲ။

သင်က ခုလက်ရှိလည်း ဆယ်တန်းကျောင်းသူဘဝက သုံးခဲ့တဲ့ ခေါင်းလျှော်ရည်အမျိုးအစားကိုပဲ စွဲစွဲမြဲမြဲသုံးနေတတ်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ သူတို့က အိမ်မှာဘာခေါင်ေးလျှာ်ရည်သုံးသလဲလို့ မေးတဲ့အခါ မဖြေရင်အကောင်းဆုံးပါပဲ။ သင်က ဖြေလိုက်ရင် ခုဆိုင်မှာ သုံးတာကတော့ ဘာအမျိုးအစားဖြစ်တယ်ဆိုတာ ပြောပြပါလိမ့်မယ်။ ဒီအမျိုးအစားက ဘာကောင်းတယ်ဆိုတာ ပြောပြပြီး ဒါကို အိမ်မှာသုံးတာထက် ဆိုင်မှာလာလျှော်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေပိုရစေတယ်ဆိုတာမျိုးကိုလည်း သင့်ကို သူတို့ပြောပြပါလိမ့်မယ်။

၂။ဆံပင်ပါးရင် အထပ်ကလေးတွေ ညှပ်ကြည့် အဆင်ပြေသွားလိမ့်မယ်။

သင့်ဆံပင်က ခပ်ပါးပါးမို့ ဘယ်လိုကြည့်လိုက်ရင် အဆင်ပြေမလဲ တွေးရမှာပေါ့။ ဒါဆို သူတို့ပြောလေ့ရှိတာက အထပ်ထပ် layer ပုံစံသာညှပ် အားလုံးအိုခေသွားမယ်ဆိုတာပါပဲ။ တကယ်တော့ အဲ့ဒီလို အထပ်ကလေးတွေဖြစ်အောင် ညှပ်တာကလည်း ညှပ်ပြီးကာစ ဆိုင်မှာပုံသွင်းမှသာ အဆင်ပြေတာပါ။ ဆံပင်ပါးတယ်ဆိုရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ ရှိနေပြီးသား ဆံပင်ပုံစံနဲ့ မျက်နှာကျစတာတွေလည်း ထည့်သွင်းစဉ်းစားရဦးမှာပါ။

၃။အဖျားနှစ်ခွ နည်းနည်းဖြစ်နေရင် ခပ်တိုတိုသာ ညှပ်လိုက်၊ ဒါမှအဆင်ပြေမယ်။

တစ်ခါတစ်လေ ကိုယ်က ဆံပင်အရှည်ထားဖို့ စိတ်အားထက်သန်နေတယ်ဆိုပါစို့။ ကိုယ့်ဆံပင်က အဖျားနှစ်ခွဖြစ်နေတယ်။ ဒါပေမယ့် ဒါကိုလည်း တိုသွားအောင် ညှပ်မပစ်ချင်ဘူး။ ဒါဆို သူတို့က ညှပ်ချပစ်လိုက်ဖို့ ပြောရင်တောင် ကိုယ့်ဆန္ဒကို ရှင်းရှင်းလင်းလင်းပြောပြပြီး တစ်ခြားနည်းလမ်းစဉ်းစားခိုင်းပါ။ ဥပမာ- ဆံပင်ကို အရင်ကထက် ပိုဂရုစိုက်ပြီး ပေါင်းတင်တာမျိုးတွေ၊ အားဖြည့်ဗိုက်တာမင် လိမ်းပေးတာမျိုးတွေလုပ်မယ်ဆိုရင် ခုအတိုင်း ဘယ်လိုလေး တိုမသွားအောင် ပုံချလိုက်ရင် အဆင်ပြေမလဲ ဆိုတာမျိုးပေါ့။

၄။နေ့တိုင်းခေါင်းလျှော်တာ ဆံပင်အတွက် မကောင်းနိုင်ဘူး။

လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပြီး ချွေးထွက်တဲ့သူတွေအတွက် နေ့တိုင်းခေါင်းလျှော်လို့ ရပါတယ်။ ဒါပေမယ့် ရှန်ပူကိုတော့ နည်းနည်းပျော့တဲ့ ရှန်ပူမျိုးသုံးရပါလိမ့်မယ်။ ခေါင်းလျှော်တိုင်းလည်း ဆံပင်ပျော့ဆေး သေချာသုံးပေးမယ်ဆိုရင် လျှော်လို့ရပါတယ်။

၅။ဆံပင်အဖျားတိမယ်ဆိုရင် ဆိုင်မှာလာတိတာ အကောင်းဆုံးပါ။

သင်အရင်ကရော ဆံပင်ကို ကိုယ်တိုင်တိဖူးပါသလား။ ရှေ့ဆံပင်တိမယ်ဆိုရင်တော့ ကိုယ်တိုင်ခန့်မှန်းတတ်ဖို့လိုပါတယ်။ ကွက်တိသွားတိလိုက်ရင် ရှေ့ဆံပင်တွေက အပေါ်ကိုတိုတက်သွားတဲ့အခါ အဆင်မပြေဖြစ်တတ်တာမို့ပါ။ ကျန်တဲ့ အဖျားနှစ်ခွဖြစ်နေတဲ့ နေရာတွေကိုတိမယ်ဆိုရင်လည်း ညီညီညာညာလေးတိမှာလား၊ ဒါမှမဟုတ် အချွန်ပုံစံထွက်အောင် တိမှာလား သိရပါမယ်။ သင်ကိုယ်တိုင်တိနေကျ၊ ဒါကိုလည်း သဘောကျတယ်ဆိုရင် သင်မလုပ်နိုင်စရာ မရှိပါဘူး။ အဲ့ဒီလိုမဟုတ်ပဲ ခုမှ စတိမှာ၊ သေချာလည်း မလုပ်တတ်ဘူးဆိုရင်တော့ သူတို့ပြောသလို ဆိုင်မှာ တိတာ ပိုသေချာတာပေါ့။

၆။ဆံပင်အဖျားလေးတွေ တိပေးတာ၊ ညှပ်ပေးတာ ဆံပင်ကို ပိုရှည်လာစေတယ်။

ဆံပင်ပညာရှင် Allen Ruiz ပြောကြားချက်အရတော့ ဒီအချက်ဟာ မှားပါတယ်။ ဆံပင်အဖျားလေးတွေ ပုံမှန်တိပေးတာ သင့်ဆံပင်ပိုမိုကျန်းမာလာစေတယ်ဆိုတဲ့ အချက်က မှန်ပေမယ့် ဆံပင်ကို ပိုအရှည်မြန်စေတယ်ဆိုတာကတော့ မှားပါတယ်တဲ့။

၇။ဆံပင်နဲ့ပတ်သက်ပြီး သုံးတဲ့ product ပိုများလေ ဆံပင်ပိုကျန်းမာလေပါပဲ။

ဒီအချက်ကလည်း မှားယွင်းပါတယ်။ သင့်ဆံပင်က အထူးတလည် ပျက်စီးနေတာမျိုးလည်း မဖြစ်ဘူး။ ပုံမှန်သင့်တော်တဲ့ ဆံပင်သားလည်းရှိတယ်ဆိုရင် ဆံပင်အတွက် သုံးတဲ့ ထုတ်ကုန်ပစ္စည်း နှစ်မျိုး၊ သုံးမျိုးဆို ရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top