Kantharyar Centre
×

ISIS အဖြဲ႕ထဲကို ဝင္သြားတဲ့ ၿဗိတိသွ် အမ်ဳိးသမီး ဆယ္လီဂ်ဳံးစ္ေၾကာင့္ သူမရဲ႕ ၁၁ ႏွစ္အရြယ္ သားမွာလည္း ယင္းအၾကမ္းဖက္အုပ္စုထဲဝင္ဖို႔ အယူအဆေတြ ႐ိုက္သြင္းခံလိုက္ရတယ္လို႔ ဆိုပါတယ္။

ဂ်ဳိးလို႔အမည္ရတဲ့ အဲဒီေကာင္ေလးရဲ႕မိသားစုနဲ႔ မိတ္ေဆြေတြဟာ အက်ဥ္းသားေတြကို သုတ္သင္ေနတဲ့ ကေလးငယ္ေတြကို ျပတဲ့ ISIS ရဲ႕ ဝါဒျဖန္႔ဗီဒီယိုဖိုင္ထဲမွာပါလာတဲ့ ဂ်ဳိးကို ၾကည့္ရင္း ယူက်ဳံးမရ ျဖစ္ေနၾကပါတယ္။

တကယ္ေတာ့ ဂ်ဳိးဟာ စြယ္စံုက်မ္းေတြ ဖတ္ရတာ ႏွစ္သက္သူျဖစ္ၿပီး တိရစာၦန္ေလးေတြကို ခ်စ္တတ္တဲ့ စိတ္ထားႏူးညံ့သူေလး ျဖစ္ေၾကာင္း သူ႔မိသားစုက ဆုိပါတယ္။

သူဟာ ပရြက္ဆိတ္တစ္ေကာင္ကိုေတာင္ သတ္ဖူးခဲ့သူ မဟုတ္္ပါဘူး။

အသက္ ၄၇ ႏွစ္အရြယ္ ဆယ္လီဂ်ဳံးစ္ဟာ အငယ္ဆံုးသားေလးကို ေခၚေဆာင္ကာ လြန္ခဲ့တဲ့ ၃ ႏွစ္က ဆီးရီးယားကို ထြက္သြားတယ္လို႔ ယူဆရပါတယ္။

သူမထက္ အသက္ ၂၅ ႏွစ္ငယ္တဲ့ အစၥလမ္အစြန္းေရာက္တစ္ဦးျဖစ္တဲ့ ဂ်ီဟာဒီဂ်ဴးနိတ္ဟူစိန္နဲ႔ လက္ထပ္ၿပီးေနာက္ သားငယ္ေလးနဲ႔အတူ ေပ်ာက္သြားတာျဖစ္လုိ႔ ဆီးရီးယားကို ထြက္သြားတယ္လုိ႔ ယူဆရျခင္းျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၃ ႏွစ္ကတည္းက ေပ်ာက္သြားတဲ့ ဂ်ဳိးကို အခုလိုအၾကမ္းဖက္ ဗီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ရတဲ့အတြက္ ၿဗိတိန္မွာ က်န္ရွိေနတဲ့ ေဆြမ်ဳိးအသိုင္းအဝုိင္းက ရင္ထုမနာျဖစ္ေနၾကရတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ISIS အဖွဲ့ထဲကို ဝင်သွားတဲ့ ဗြိတိသျှ အမျိုးသမီး ဆယ်လီဂျုံးစ်ကြောင့် သူမရဲ့ ၁၁ နှစ်အရွယ် သားမှာလည်း ယင်းအကြမ်းဖက်အုပ်စုထဲဝင်ဖို့ အယူအဆတွေ ရိုက်သွင်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဂျိုးလို့အမည်ရတဲ့ အဲဒီကောင်လေးရဲ့မိသားစုနဲ့ မိတ်ဆွေတွေဟာ အကျဉ်းသားတွေကို သုတ်သင်နေတဲ့ ကလေးငယ်တွေကို ပြတဲ့ ISIS ရဲ့ ဝါဒဖြန့်ဗီဒီယိုဖိုင်ထဲမှာပါလာတဲ့ ဂျိုးကို ကြည့်ရင်း ယူကျုံးမရ ဖြစ်နေကြပါတယ်။

တကယ်တော့ ဂျိုးဟာ စွယ်စုံကျမ်းတွေ ဖတ်ရတာ နှစ်သက်သူဖြစ်ပြီး တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ စိတ်ထားနူးညံ့သူလေး ဖြစ်ကြောင်း သူ့မိသားစုက ဆိုပါတယ်။

သူဟာ ပရွက်ဆိတ်တစ်ကောင်ကိုတောင် သတ်ဖူးခဲ့သူ မဟုတ်ပါဘူး။

အသက် ၄၇ နှစ်အရွယ် ဆယ်လီဂျုံးစ်ဟာ အငယ်ဆုံးသားလေးကို ခေါ်ဆောင်ကာ လွန်ခဲ့တဲ့ ၃ နှစ်က ဆီးရီးယားကို ထွက်သွားတယ်လို့ ယူဆရပါတယ်။

သူမထက် အသက် ၂၅ နှစ်ငယ်တဲ့ အစ္စလမ်အစွန်းရောက်တစ်ဦးဖြစ်တဲ့ ဂျီဟာဒီဂျူးနိတ်ဟူစိန်နဲ့ လက်ထပ်ပြီးနောက် သားငယ်လေးနဲ့အတူ ပျောက်သွားတာဖြစ်လို့ ဆီးရီးယားကို ထွက်သွားတယ်လို့ ယူဆရခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပျောက်သွားတဲ့ ဂျိုးကို အခုလိုအကြမ်းဖက် ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရတဲ့အတွက် ဗြိတိန်မှာ ကျန်ရှိနေတဲ့ ဆွေမျိုးအသိုင်းအဝိုင်းက ရင်ထုမနာဖြစ်နေကြရတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top