Property Expo
×

ေန႔လယ္တြင္ တစ္နာရီထက္ၾကာေအာင္ တစ္ေရးတစ္ေမာ အိပ္စက္ျခင္းသည္ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါအတြက္ သတိေပးလကၡဏာတစ္ခုျဖစ္ႏိုင္ေၾကာင္း ဂ်ပန္သုေတသီမ်ားကေျပာသည္။

၎တို႔သည္ လူေပါင္းသံုးသိန္းေက်ာ္ပါဝင္ေသာ ေစာင့္ၾကည့္ ေလ့လာမႈမ်ားကို စိစစ္ၿပီးေနာက္ ယင္းဆက္စပ္မႈကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ေရရွည္နာမက်န္းျဖစ္မႈမ်ားႏွင့္ မစစ္ေဆးရေသးေသာ ဆီးခ်ိဳ ေရာဂါခံစားေနရသူမ်ားသည္ ေန႔ခင္းဘက္အခ်ိန္မ်ားတြင္ မၾကာ ခဏဆိုသလို ေမာပန္းေလ့ရွိၾကေၾကာင္း ၿဗိတိန္ႏုိင္ငံမွ က်န္းမာေရး ပညာရွင္မ်ားက ေျပာသည္။

သို႔ေသာ္ တစ္ေရးတစ္ေမာအိပ္စက္ျခင္းေၾကာင့္ ဆီးခ်ိဳေရာဂါ ျဖစ္ပြားေစႏိုင္သည္ (သို႔မဟုတ္) ေရာဂါျဖစ္လာႏိုင္သည့္ အႏၲရာယ္ မ်ားကို တိုးပြားလာေစသည္ဆိုေသာ အေထာက္အထားမေတြ႕ရဟု ၎တို႔ကေျပာသည္။

တိုက်ိဳတကၠသိုလ္မွ သုေတသီမ်ားျပဳလုပ္ခဲ့သည့္ ေလ့လာမႈ ရလဒ္ကို ဂ်ာမနီႏုိင္ငံ ျမဴးနစ္ၿမိဳ႕ရွိ ဆီးခ်ိဳေရာဂါေလ့လာေရး ဥေရာပ အဖြဲ႕အစည္းအေဝးသို႔ တင္ျပထားသည္။

၎တို႔၏ေလ့လာမႈအတြင္း ေန႔ခင္းဘက္ မိနစ္ ၆၀ ထက္ၾကာ ေအာင္ အိပ္စက္ျခင္းေၾကာင့္ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ သည့္အႏၲရာယ္ ၄၅ ရာခိုင္ႏႈန္း ပိုမ်ားလာျခင္းၾကား ဆက္စပ္မႈရွိ ေၾကာင္း ေတြ႕ရွိခဲ့သည္။ သို႔ေသာ္ မိနစ္ ၄၀ မျပည့္ေသာ တစ္ေရး အိပ္စက္မႈမ်ားေၾကာင့္ ယင္းအႏၲရာယ္ကို ပိုမ်ားလာေစသည္ဆို ေသာ အေထာက္အထားကို မေတြ႕ရဟု ဂ်ပန္သုေတသီမ်ားက ေျပာသည္။

ေန႔ခင္းဘက္ ၾကာျမင့္စြာ အိပ္စက္ေလ့ရွိျခင္းမွာ ညဘက္အိပ္ ေရးပ်က္ျခင္းေၾကာင့္ ျဖစ္ႏိုင္သည္။ ယင္းကဲ့သို႔ အိပ္စက္ပံု ကေမာက္ကမျဖစ္မႈေၾကာင့္ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္း၊ ႏွလံုးေသြးေၾကာဆိုင္ ရာ ျပႆနာမ်ားႏွင့္ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါအပါအဝင္ အျခား ေသာ ဇီဝျဖစ္ပ်က္မႈဆိုင္ရာ ေရာဂါမ်ား ျဖစ္ပြားႏိုင္ေသာအႏၲရာယ္ ပိုမ်ားလာႏုိင္သည္။

အလုပ္ (သို႔မဟုတ္) လူမႈဘဝပံုစံမ်ားျဖစ္ေသာ အိပ္ေရးပ်က္မႈေၾကာင့္ အစာစားလိုစိတ္ ပိုမ်ားလာႏုိင္ၿပီး အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္သည့္ အႏၲရာယ္ကို ျမင့္တက္ေစႏုိင္သည္။

သို႔ေသာ္ ေန႔ခင္းဘက္ ေခတၱခဏအိပ္စက္ျခင္းေၾကာင့္ ႏိုးႏိုး ၾကားၾကားရွိမႈႏွင့္ လန္းဆန္းမႈ ပိုမ်ားေစႏိုင္သည္ဟု သုေတသီမ်ား က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily



#Unicode Version

နေ့လယ်တွင် တစ်နာရီထက်ကြာအောင် တစ်ရေးတစ်မော အိပ်စက်ခြင်းသည် အမျိုးအစား-၂ ဆီးချိုရောဂါအတွက် သတိပေးလက္ခဏာတစ်ခုဖြစ်နိုင်ကြောင်း ဂျပန်သုတေသီများကပြောသည်။

၎င်းတို့သည် လူပေါင်းသုံးသိန်းကျော်ပါဝင်သော စောင့်ကြည့် လေ့လာမှုများကို စိစစ်ပြီးနောက် ယင်းဆက်စပ်မှုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရေရှည်နာမကျန်းဖြစ်မှုများနှင့် မစစ်ဆေးရသေးသော ဆီးချို ရောဂါခံစားနေရသူများသည် နေ့ခင်းဘက်အချိန်များတွင် မကြာ ခဏဆိုသလို မောပန်းလေ့ရှိကြကြောင်း ဗြိတိန်နိုင်ငံမှ ကျန်းမာရေး ပညာရှင်များက ပြောသည်။

သို့သော် တစ်ရေးတစ်မောအိပ်စက်ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်သည် (သို့မဟုတ်) ရောဂါဖြစ်လာနိုင်သည့် အန္တရာယ် များကို တိုးပွားလာစေသည်ဆိုသော အထောက်အထားမတွေ့ရဟု ၎င်းတို့ကပြောသည်။

တိုကျိုတက္ကသိုလ်မှ သုတေသီများပြုလုပ်ခဲ့သည့် လေ့လာမှု ရလဒ်ကို ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ ဆီးချိုရောဂါလေ့လာရေး ဥရောပ အဖွဲ့အစည်းအဝေးသို့ တင်ပြထားသည်။

၎င်းတို့၏လေ့လာမှုအတွင်း နေ့ခင်းဘက် မိနစ် ၆၀ ထက်ကြာ အောင် အိပ်စက်ခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်နိုင် သည့်အန္တရာယ် ၄၅ ရာခိုင်နှုန်း ပိုများလာခြင်းကြား ဆက်စပ်မှုရှိ ကြောင်း တွေ့ရှိခဲ့သည်။ သို့သော် မိနစ် ၄၀ မပြည့်သော တစ်ရေး အိပ်စက်မှုများကြောင့် ယင်းအန္တရာယ်ကို ပိုများလာစေသည်ဆို သော အထောက်အထားကို မတွေ့ရဟု ဂျပန်သုတေသီများက ပြောသည်။

နေ့ခင်းဘက် ကြာမြင့်စွာ အိပ်စက်လေ့ရှိခြင်းမှာ ညဘက်အိပ် ရေးပျက်ခြင်းကြောင့် ဖြစ်နိုင်သည်။ ယင်းကဲ့သို့ အိပ်စက်ပုံ ကမောက်ကမဖြစ်မှုကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင် ရာ ပြဿနာများနှင့် အမျိုးအစား-၂ ဆီးချိုရောဂါအပါအဝင် အခြား သော ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သောအန္တရာယ် ပိုများလာနိုင်သည်။

အလုပ် (သို့မဟုတ်) လူမှုဘဝပုံစံများဖြစ်သော အိပ်ရေးပျက်မှုကြောင့် အစာစားလိုစိတ် ပိုများလာနိုင်ပြီး အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်သည်။

သို့သော် နေ့ခင်းဘက် ခေတ္တခဏအိပ်စက်ခြင်းကြောင့် နိုးနိုး ကြားကြားရှိမှုနှင့် လန်းဆန်းမှု ပိုများစေနိုင်သည်ဟု သုတေသီများ က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top