Property Expo
×

ဆူဇူကီးၿပိဳင္ပြဲ အႀကိဳျပင္ဆင္ေနသည့္ ျမန္မာ့လက္ေရြးစင္အသင္း ဂ်ာမနီႏုိင္ငံတြင္ ေလ့က်င့္ေနစဥ္ (ဓာတ္ပံု - MFF)

ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္ (ဖီဖာ)က စက္တင္ဘာအတြက္ ထုတ္ျပန္သည့္ ကမၻာ့အဆင့္သတ္မွတ္ခ်က္တြင္ ျမန္မာ့လက္ေရြးစင္ အမ်ိဳးသားေဘာလံုးအသင္းသည္ ယခင္လထက္ အဆင့္ေျခာက္ဆင့္ ျမင့္တက္လာၿပီး ကမၻာ့အဆင့္ ၁၅၃ ၌ ရပ္တည္ေနသည္။


 စက္တင္ဘာ ၁၅ ရက္က ထုတ္ျပန္သည့္ ကမၻာ့အဆင့္သတ္ မွတ္ခ်က္တြင္ ျမန္မာအသင္း သည္ ရမွတ္ ၁၈၄ မွတ္ရရွိၿပီး  ယခင္လအဆင့္ ၁၅၉ ထက္ အဆင့္ေျခာက္ဆင့္ ျမင့္တက္လာျခင္းျဖစ္သည္။

အေရွ႕ေတာင္အာရွ ႏိုင္ငံ မ်ားတြင္ ဖိလစ္ပုိင္အသင္းက ကမၻာ့အဆင့္ ၁၂၅ ျဖင့္ ဦးေဆာင္ထားၿပီး ထိုင္းအသင္းက ကမၻာ့အဆင့္ ၁၃၅၊ ဗီယက္နမ္က ၁၄၁၊ စင္ကာပူက ၁၅၅၊ မေလးရွားက ၁၅၈၊ ကေမၻာဒီးယားက ၁၇၃၊ လာအိုက ၁၇၆၊ အင္ဒိုနီးရွားက ၁၈၁၊ တီေမာက ၁၈၃ ႏွင့္ ဘ႐ူႏိုင္းအသင္းက ကမၻာ့အဆင့္ ၁၉၇ တို႔၌ အသီးသီးရပ္တည္ေနသည္။

စက္တင္ဘာ ကမၻာ့အဆင့္သတ္မွတ္ခ်က္အရ ျမန္မာအသင္းသည္ အာရွႏိုင္ငံမ်ား၌ အဆင့္ ၂၈ ႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ အဆင့္ ၄ ေနရာ၌ ရပ္တည္လ်က္ရွိသည္။ ျမန္မာ့လက္ေရြးစင္အသင္းသည္ ၾသဂုတ္အတြင္းက ႏုိင္ငံတကာၿပိဳင္ပြဲ ယွဥ္ၿပိဳင္ခဲ့ျခင္း မရွိေသာ္လည္း ကမၻာ့အဆင့္သတ္မွတ္ခ်က္ အဆင့္ေျခာက္ဆင့္ ျမင့္တက္ခဲ့ျခင္း ျဖစ္သည္။

ကမၻာ့ႏိုင္ငံမ်ားတြင္ အာဂ်င္ တီးနားအသင္းက ကမၻာ့အဆင့္ (၁) ေနရာတြင္ ဆက္လက္ရပ္ တည္ေနၿပီး ၎ေနာက္တြင္ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ ကုိလံဘီ ယာ၊ ဘရာဇီး၊ ခ်ီလီ၊ ေပၚတူဂီ၊ ျပင္သစ္၊ ဥ႐ုေဂြးႏွင့္ ေ၀းလ္စ္ အသင္းတို႔က အစဥ္လုိက္ ရပ္ တည္ေနသည္။ အာရွႏိုင္ငံမ်ား တြင္ အီရန္အသင္းက ကမၻာ့အဆင့္ ၃၇ ျဖင့္ ဦးေဆာင္ထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဆူဇူကီးပြိုင်ပွဲ အကြိုပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်း ဂျာမနီနိုင်ငံတွင် လေ့ကျင့်နေစဉ် (ဓာတ်ပုံ - MFF)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က စက်တင်ဘာအတွက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ယခင်လထက် အဆင့်ခြောက်ဆင့် မြင့်တက်လာပြီး ကမ္ဘာ့အဆင့် ၁၅၃ ၌ ရပ်တည်နေသည်။


 စက်တင်ဘာ ၁၅ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ် မှတ်ချက်တွင် မြန်မာအသင်း သည် ရမှတ် ၁၈၄ မှတ်ရရှိပြီး  ယခင်လအဆင့် ၁၅၉ ထက် အဆင့်ခြောက်ဆင့် မြင့်တက်လာခြင်းဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံ များတွင် ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် ၁၂၅ ဖြင့် ဦးဆောင်ထားပြီး ထိုင်းအသင်းက ကမ္ဘာ့အဆင့် ၁၃၅၊ ဗီယက်နမ်က ၁၄၁၊ စင်ကာပူက ၁၅၅၊ မလေးရှားက ၁၅၈၊ ကမ္ဘောဒီးယားက ၁၇၃၊ လာအိုက ၁၇၆၊ အင်ဒိုနီးရှားက ၁၈၁၊ တီမောက ၁၈၃ နှင့် ဘရူနိုင်းအသင်းက ကမ္ဘာ့အဆင့် ၁၉၇ တို့၌ အသီးသီးရပ်တည်နေသည်။

စက်တင်ဘာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ မြန်မာအသင်းသည် အာရှနိုင်ငံများ၌ အဆင့် ၂၈ နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် အဆင့် ၄ နေရာ၌ ရပ်တည်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် သြဂုတ်အတွင်းက နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ခြင်း မရှိသော်လည်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့်ခြောက်ဆင့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများတွင် အာဂျင် တီးနားအသင်းက ကမ္ဘာ့အဆင့် (၁) နေရာတွင် ဆက်လက်ရပ် တည်နေပြီး ၎င်းနောက်တွင် ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ကိုလံဘီ ယာ၊ ဘရာဇီး၊ ချီလီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဥရုဂွေးနှင့် ဝေးလ်စ် အသင်းတို့က အစဉ်လိုက် ရပ် တည်နေသည်။ အာရှနိုင်ငံများ တွင် အီရန်အသင်းက ကမ္ဘာ့အဆင့် ၃၇ ဖြင့် ဦးဆောင်ထား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top