Property Expo
×

ခ်စ္သူေတြ ျဖစ္လာရင္ ႏွစ္ဦးၾကားမွာ လွ်ိဳ႕၀ွက္ခ်က္ မရွိသင့္ဘူးလို႔ ဆုိၾကပါတယ္။ ကိုယ္ပိုင္လက္ကိုင္ဖုန္းကို ကိုယ့္ခ်စ္သူ အစစ္အေဆးမခံမိတာဟာ သူ႕ကို သစၥာေဖာက္တာလား၊ ေနာက္တစ္ေယာက္နဲ႔ ၾကဴထားလို႔လား ဆုိတဲ့အေတြးမ်ိဳးေတြ၊ တစ္ခုခုကို အႀကီးအက်ယ္ လွ်ိဳ႕၀ွက္ထားေနၿပီဆုိတာမ်ိဳးေတြ ေတြးေနၿပီဆိုရင္ေတာ့ ဒါဟာ သင့္အတြက္ေရာ၊ သင့္ခ်စ္သူေကာင္မေလးအတြက္ပါ ေနရထုိင္ရ ခက္ေစမယ္ဆိုတာ ယံုထားပါ။ မိန္းကေလးေတြအေနနဲ႔ သူတုိ႔လက္ကိုင္ဖုန္းကို ကိုယ့္ခ်စ္သူယူၾကည့္တဲ့အခါ သေဘာမေတြ႕တတ္ၾကပါဘူး။ ဘာ့ေၾကာင့္မ်ားလဲ။

၁။ငါ့ခ်စ္သူဟာ အေသးစိတ္ကအစ ငါ့ကို လိုက္ၾကည့္ေနတတ္သူပါလားလုိ႔ ခံစားလာရလို႔ပါ။

ဒါဂရုစိုက္ျပတာ မဟုတ္ပါဘူး။ ဒါမယံုၾကည္ဘူးဆိုတာ ျပသတဲ့ အမူအရာပါ။ ခ်စ္သူစံုတြဲတုိင္းမွာ အေရးအႀကီးဆံုးျဖစ္တဲ့ ယံုၾကည္မႈဆုိတဲ့အရာ မရွိရင္ သင့္တို႔ရဲ႕ ခ်စ္ခရီးလမ္းဟာ ထင္သေလာက္ ေပါက္ေရာက္မွာ မဟုတ္ပါဘူး။ သူမကို သူမရဲ႕ ဖုန္းလွ်ိဳ႕ဂွက္စာကို အတင္းေမးျမန္းေနမယ့္အစား ဒီအတုိင္း သူမရဲ႕လြတ္လပ္ခြင့္နဲ႔ ကိုယ္ေရးကိုယ္တာပါလားဆိုၿပီး ေတြးေပးလိုက္ျခင္းဟာ ႏွစ္ဦးစလံုးအတြက္ ေကာင္းပါတယ္။

၂။ငါ့ခ်စ္သူဟာ စိတ္ရႈပ္စရာ ေကာင္းပါလားလို႔ ေတြးမိလာလို႔ပါ။

သင္တုိ႔ႏွစ္ေယာက္ တြဲလာတဲ့ အခ်ိန္အတုိင္းအတာက သိပ္မရွိေသးပဲ ဒီလို ဖုန္းကိုယူၾကည့္တာမ်ိဳးေတြ၊ sms စစ္တာမ်ိဳးေတြ လုပ္မယ္ဆုိရင္ သူ႕စိတ္ထဲ ရႈပ္ေထြးလာပါလိမ့္မယ္။ အာရံုေနာက္တာမ်ိဳးေတြ ျဖစ္လာပါလိမ့္မယ္။

၃။သူငယ္ခ်င္းအရင္းေခါက္ေခါက္ေတြနဲ႔ ေျပာထားတဲ့ စကားေတြကို သင္မျမင္ေစခ်င္လို႔ပါ။

မိန္းကေလးေတြဟာ မိန္းကေလးအခ်င္းခ်င္းသာ ေျပာေလ့ရွိတဲ့ စကားမ်ိဳးေတြ သပ္သပ္ရွိပါတယ္။ သင္နဲ႔ဘယ္ေလာက္ရင္းႏွီး ရင္းႏွီး၊ သူမရဲ႕ သူငယ္ခ်င္းေတြနဲ႔သာ ပြင့္ပြင့္လင္းလင္းေျပာေလ့ရွိတဲ့အရာမ်ိဳးေတြကိုေတာ့ သင့္ကို ဘယ္ေျပာခ်င္ပါ့မလဲ။ မိန္းကေလးကိစၥအားလံုးကိုလည္း သင့္ကိုေျပာျပဖုိ႔ ဘယ္အဆင္ေျပပါ့မလဲ။

၄။ဘာမဟုတ္တဲ့ sms ေတြေၾကာင့္ သင္ျပသနာရွာမွာကို စိုးရိမ္လို႔ပါ။

တစ္ခါတစ္ေလ ကိုယ္နဲ႔သိပ္မရင္းနွီးတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ sms ကို ျပန္ေျဖထားတာ၊ ျပန္ပို႔ထားတာမ်ိဳးေတြ သင္ေတြ႕တဲ့အခါ ဒါဘယ္သူလဲ၊ မင္းနဲ႔ဘယ္လို ပတ္သက္သလဲ၊ ဘယ္တုန္းက ခင္သြားတာလဲ စသျဖင့္ အေရးမႀကီးတဲ့ အရာေတြနဲ႔ သင္ျပသနာရွာမွာကို သူတုိ႔စိုးရိမ္ေနတာမ်ိဳးေၾကာင့္ သူတုိ႔ဖုန္းကို သင့္ကို မျပခ်င္တာလည္း ျဖစ္ပါတယ္။

၅။သူတုိ႔ဘာသာသူတုိ႔ အေပ်ာ္ရိုက္ထားတဲ့ ဓာတ္ပံုေတြကို သင္မျမင္ေစခ်င္လို႔ပါ။

တစ္ခါတစ္ေလ အိမ္မွာ ပ်င္းလို႔ အေပ်ာ္ရိုက္ထားတဲ့ ဓာတ္ပံုေတြကို သင္ျမင္သြားမွာ စိုးရိမ္တဲ့အခါမ်ိဳးေတြ ရွိတတ္ပါတယ္။ ဖ်က္ပစ္မယ္လို႔ စိတ္ကူးထားၿပီး သူမဖ်က္ရေသးခင္ သင္က ဖုန္းကိုယူသြားတဲ့အခါ သူ႕ဘက္က စိတ္ပူသြားတာမ်ိဳးေတြ ရွိတတ္ပါတယ္။

၆။Hack လုပ္ခံရမွာ စိုးလို႔ပါ။

သင့္ခ်စ္သူဟာ သင္နဲ႔ရည္းစားမျဖစ္ခင္တုန္းကလည္း သူ႕ဖုန္းကို hack လုပ္ခံထားရဖူးတယ္ဆိုရင္ ေနာက္တစ္ႀကိမ္ဒီလို ထပ္ျဖစ္မွာ သူေၾကာက္ေနပါလိမ့္မယ္။

၇။အေရးအႀကီးဆံုး စကား၀ွက္ေတြ သူ႕ဖုန္းထဲမွာ သိမ္းဆည္းထားလို႔ပါ။

အရမ္းရင္းနွီးတဲ့ ခ်စ္သူရည္းစားဆုိေပမယ့္လည္း သူမ ဘယ္သူ႕ကိုမွ မသိေစခ်င္တဲ့ bank account ေတြ သူ႕ဖုန္းထဲမွာ ရွိႏိုင္ပါတယ္။ ဒါ့အျပင္ တစ္ျခား အေရးႀကီးတဲ့ စကား၀ွက္ေတြေရာေပါ့။

၈။သင့္အေၾကာင္း သူ႕သူငယ္ခ်င္းေတြနဲ႔ ေျပာဆိုထားတာ သင္ျမင္သြားမွာစိုးလို႔ပါ။

သူ႕သူငယ္ခ်င္းေကာင္မေလးနဲ႔ သင့္အေၾကာင္း ေျပာထားတယ္ဆိုတာ မေကာင္းတဲ့အေၾကာင္း၊ မုန္းတဲ့အေၾကာင္းေတြ မဟုတ္ပဲ သင့္ရဲ႕အက်င့္ေတြ၊ သင္ဘယ္လိုခ်စ္စရာေကာင္းတယ္ဆိုတဲ့အခ်က္ေတြကို သင္ျပန္သိမွာ သူစိုးရိမ္ပါလိမ့္မယ္။

၉။သင္မုန္းတဲ့ သူ႔သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္ေနတာ သင္သိမွာစိုးလို႔ပါ။

တစ္ခါတစ္ေလ သူငယ္ခ်င္းေတြထဲမွာ ကိုယ့္စိတ္နဲ႔မေတြ႕လို႔ ကိုယ့္ခ်စ္သူကိုပါ မေပါင္းနဲ႔လို႔ မွာထားေပမယ့္ အဲ့ဒီလူက သူမနဲ႔ အရမ္းအဆင္ေျပတဲ့သူ ျဖစ္ေနရင္ေတာ့ အဆက္အသြယ္ျဖတ္ဖုိ႔ ခက္ခဲပါလိမ့္မယ္။ သင့္ေရွ႕မွာ အဲ့ဒီတစ္ေယာက္နဲ႔ မဆက္သြယ္ရင္ေတာင္ ကြယ္ရာမွာ တစ္ခါတစ္ေလ အဆက္အသြယ္ လုပ္တာမ်ိဳးရွိေကာင္းရွိႏိုင္ပါတယ္။

၁၀။သင္မႀကိဳက္တဲ့ အဆုိေတာ္ရဲ႕ ဗီဒီယိုေတြ ဖုန္းထဲမွာ ရွိေနတယ္ဆိုတာ သင္မသိေစခ်င္လုိ႔ပါ။

ႏွစ္ေယာက္သား အႀကိဳက္မတူၾကေပမယ့္ သင္ျပင္းျပင္းထန္ထန္ မုန္းတဲ့ အဆိုေတာ္ကို သူႀကိဳက္ရင္လညး္ ႀကိဳက္ေနပါလိမ့္မယ္။ ဒါေၾကာင့္ သင့္ေရွ႕မွာ မဟုတ္ရင္ေတာင္ သူတစ္ေယာက္တည္း ရွိတဲ့အခ်ိန္ သူ႕ဖုန္းထဲမွာ ဖြင့္ၾကည့္တာမ်ိဳး၊ သီခ်င္းနားေထာင္တာမ်ိဳးေတြလုပ္တာ မဆန္းပါဘူး။ ဒါကို သင္ရွာေဖြေတြ႕ရွိသြားလို႔ သူ႕ကို အျပစ္ေျပာမွာမ်ိဳးကို စိုးရိမ္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ချစ်သူတွေ ဖြစ်လာရင် နှစ်ဦးကြားမှာ လျှို့ဝှက်ချက် မရှိသင့်ဘူးလို့ ဆိုကြပါတယ်။ ကိုယ်ပိုင်လက်ကိုင်ဖုန်းကို ကိုယ့်ချစ်သူ အစစ်အဆေးမခံမိတာဟာ သူ့ကို သစ္စာဖောက်တာလား၊ နောက်တစ်ယောက်နဲ့ ကြူထားလို့လား ဆိုတဲ့အတွေးမျိုးတွေ၊ တစ်ခုခုကို အကြီးအကျယ် လျှို့ဝှက်ထားနေပြီဆိုတာမျိုးတွေ တွေးနေပြီဆိုရင်တော့ ဒါဟာ သင့်အတွက်ရော၊ သင့်ချစ်သူကောင်မလေးအတွက်ပါ နေရထိုင်ရ ခက်စေမယ်ဆိုတာ ယုံထားပါ။ မိန်းကလေးတွေအနေနဲ့ သူတို့လက်ကိုင်ဖုန်းကို ကိုယ့်ချစ်သူယူကြည့်တဲ့အခါ သဘောမတွေ့တတ်ကြပါဘူး။ ဘာ့ကြောင့်များလဲ။

၁။ငါ့ချစ်သူဟာ အသေးစိတ်ကအစ ငါ့ကို လိုက်ကြည့်နေတတ်သူပါလားလို့ ခံစားလာရလို့ပါ။

ဒါဂရုစိုက်ပြတာ မဟုတ်ပါဘူး။ ဒါမယုံကြည်ဘူးဆိုတာ ပြသတဲ့ အမူအရာပါ။ ချစ်သူစုံတွဲတိုင်းမှာ အရေးအကြီးဆုံးဖြစ်တဲ့ ယုံကြည်မှုဆိုတဲ့အရာ မရှိရင် သင့်တို့ရဲ့ ချစ်ခရီးလမ်းဟာ ထင်သလောက် ပေါက်ရောက်မှာ မဟုတ်ပါဘူး။ သူမကို သူမရဲ့ ဖုန်းလျှို့ဂှက်စာကို အတင်းမေးမြန်းနေမယ့်အစား ဒီအတိုင်း သူမရဲ့လွတ်လပ်ခွင့်နဲ့ ကိုယ်ရေးကိုယ်တာပါလားဆိုပြီး တွေးပေးလိုက်ခြင်းဟာ နှစ်ဦးစလုံးအတွက် ကောင်းပါတယ်။

၂။ငါ့ချစ်သူဟာ စိတ်ရှုပ်စရာ ကောင်းပါလားလို့ တွေးမိလာလို့ပါ။

သင်တို့နှစ်ယောက် တွဲလာတဲ့ အချိန်အတိုင်းအတာက သိပ်မရှိသေးပဲ ဒီလို ဖုန်းကိုယူကြည့်တာမျိုးတွေ၊ sms စစ်တာမျိုးတွေ လုပ်မယ်ဆိုရင် သူ့စိတ်ထဲ ရှုပ်ထွေးလာပါလိမ့်မယ်။ အာရုံနောက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

၃။သူငယ်ချင်းအရင်းခေါက်ခေါက်တွေနဲ့ ပြောထားတဲ့ စကားတွေကို သင်မမြင်စေချင်လို့ပါ။

မိန်းကလေးတွေဟာ မိန်းကလေးအချင်းချင်းသာ ပြောလေ့ရှိတဲ့ စကားမျိုးတွေ သပ်သပ်ရှိပါတယ်။ သင်နဲ့ဘယ်လောက်ရင်းနှီး ရင်းနှီး၊ သူမရဲ့ သူငယ်ချင်းတွေနဲ့သာ ပွင့်ပွင့်လင်းလင်းပြောလေ့ရှိတဲ့အရာမျိုးတွေကိုတော့ သင့်ကို ဘယ်ပြောချင်ပါ့မလဲ။ မိန်းကလေးကိစ္စအားလုံးကိုလည်း သင့်ကိုပြောပြဖို့ ဘယ်အဆင်ပြေပါ့မလဲ။

၄။ဘာမဟုတ်တဲ့ sms တွေကြောင့် သင်ပြသနာရှာမှာကို စိုးရိမ်လို့ပါ။

တစ်ခါတစ်လေ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ ကောင်လေးတစ်ယောက်ရဲ့ sms ကို ပြန်ဖြေထားတာ၊ ပြန်ပို့ထားတာမျိုးတွေ သင်တွေ့တဲ့အခါ ဒါဘယ်သူလဲ၊ မင်းနဲ့ဘယ်လို ပတ်သက်သလဲ၊ ဘယ်တုန်းက ခင်သွားတာလဲ စသဖြင့် အရေးမကြီးတဲ့ အရာတွေနဲ့ သင်ပြသနာရှာမှာကို သူတို့စိုးရိမ်နေတာမျိုးကြောင့် သူတို့ဖုန်းကို သင့်ကို မပြချင်တာလည်း ဖြစ်ပါတယ်။

၅။သူတို့ဘာသာသူတို့ အပျော်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သင်မမြင်စေချင်လို့ပါ။

တစ်ခါတစ်လေ အိမ်မှာ ပျင်းလို့ အပျော်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သင်မြင်သွားမှာ စိုးရိမ်တဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ဖျက်ပစ်မယ်လို့ စိတ်ကူးထားပြီး သူမဖျက်ရသေးခင် သင်က ဖုန်းကိုယူသွားတဲ့အခါ သူ့ဘက်က စိတ်ပူသွားတာမျိုးတွေ ရှိတတ်ပါတယ်။

၆။Hack လုပ်ခံရမှာ စိုးလို့ပါ။

သင့်ချစ်သူဟာ သင်နဲ့ရည်းစားမဖြစ်ခင်တုန်းကလည်း သူ့ဖုန်းကို hack လုပ်ခံထားရဖူးတယ်ဆိုရင် နောက်တစ်ကြိမ်ဒီလို ထပ်ဖြစ်မှာ သူကြောက်နေပါလိမ့်မယ်။

၇။အရေးအကြီးဆုံး စကားဝှက်တွေ သူ့ဖုန်းထဲမှာ သိမ်းဆည်းထားလို့ပါ။

အရမ်းရင်းနှီးတဲ့ ချစ်သူရည်းစားဆိုပေမယ့်လည်း သူမ ဘယ်သူ့ကိုမှ မသိစေချင်တဲ့ bank account တွေ သူ့ဖုန်းထဲမှာ ရှိနိုင်ပါတယ်။ ဒါ့အပြင် တစ်ခြား အရေးကြီးတဲ့ စကားဝှက်တွေရောပေါ့။

၈။သင့်အကြောင်း သူ့သူငယ်ချင်းတွေနဲ့ ပြောဆိုထားတာ သင်မြင်သွားမှာစိုးလို့ပါ။

သူ့သူငယ်ချင်းကောင်မလေးနဲ့ သင့်အကြောင်း ပြောထားတယ်ဆိုတာ မကောင်းတဲ့အကြောင်း၊ မုန်းတဲ့အကြောင်းတွေ မဟုတ်ပဲ သင့်ရဲ့အကျင့်တွေ၊ သင်ဘယ်လိုချစ်စရာကောင်းတယ်ဆိုတဲ့အချက်တွေကို သင်ပြန်သိမှာ သူစိုးရိမ်ပါလိမ့်မယ်။

၉။သင်မုန်းတဲ့ သူ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်နေတာ သင်သိမှာစိုးလို့ပါ။

တစ်ခါတစ်လေ သူငယ်ချင်းတွေထဲမှာ ကိုယ့်စိတ်နဲ့မတွေ့လို့ ကိုယ့်ချစ်သူကိုပါ မပေါင်းနဲ့လို့ မှာထားပေမယ့် အဲ့ဒီလူက သူမနဲ့ အရမ်းအဆင်ပြေတဲ့သူ ဖြစ်နေရင်တော့ အဆက်အသွယ်ဖြတ်ဖို့ ခက်ခဲပါလိမ့်မယ်။ သင့်ရှေ့မှာ အဲ့ဒီတစ်ယောက်နဲ့ မဆက်သွယ်ရင်တောင် ကွယ်ရာမှာ တစ်ခါတစ်လေ အဆက်အသွယ် လုပ်တာမျိုးရှိကောင်းရှိနိုင်ပါတယ်။

၁၀။သင်မကြိုက်တဲ့ အဆိုတော်ရဲ့ ဗီဒီယိုတွေ ဖုန်းထဲမှာ ရှိနေတယ်ဆိုတာ သင်မသိစေချင်လို့ပါ။

နှစ်ယောက်သား အကြိုက်မတူကြပေမယ့် သင်ပြင်းပြင်းထန်ထန် မုန်းတဲ့ အဆိုတော်ကို သူကြိုက်ရင်လည်း ကြိုက်နေပါလိမ့်မယ်။ ဒါကြောင့် သင့်ရှေ့မှာ မဟုတ်ရင်တောင် သူတစ်ယောက်တည်း ရှိတဲ့အချိန် သူ့ဖုန်းထဲမှာ ဖွင့်ကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုးတွေလုပ်တာ မဆန်းပါဘူး။ ဒါကို သင်ရှာဖွေတွေ့ရှိသွားလို့ သူ့ကို အပြစ်ပြောမှာမျိုးကို စိုးရိမ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top