Property Expo
×

အေမရိကန္ သမၼတ ဘားရတ္အိုဘားမားႏွင့္ ဖိလစ္ပိုင္ သမၼတ ရိုဒရီဂို ဒူတာေတးတို႔ႏွစ္ဦး စက္တင္ဘာ ၇ ရက္က အခ်င္းခ်င္းလက္ဆြဲႏႈတ္ဆက္ၿပီး စကားစျမည္   ေျပာဆိုမႈရွိခဲ့သည့္ တာ၀န္ရွိသူမ်ားက ေျပာသည္။

လာအုိတြင္ က်င္းပသည့္ အာဆီယံထိပ္သီးအစည္းအေ၀း မတိုင္ခင္က "မိန္းမပ်က္သား" ဟု အုိဘားမားအား ဒူတာေတးက ေခၚဆိုသံုးႏႈန္းခဲ့သည့္ စကားတစ္ခြန္းေၾကာင့္ ႏွစ္ဘက္ေခါင္းေဆာင္မ်ားအၾကား ခပ္တန္းတန္းျဖစ္သြားခဲ့ကာ ေတြ႕ဆံုမည့္အစီအစဥ္ပင္ ပ်က္ခဲ့ရသည္။

ေခါင္းေဆာင္ႏွစ္ဦးသည္ စက္တင္ဘာ ၆ ရက္က ေတြ႕ဆံုရန္ ႀကိဳတင္စီစဥ္ထားခဲ့ေသာ္လည္း ဒူတာေတး၏ ပုဂၢိဳလ္ေရးေစာ္ကားသည့္စကားတစ္ခြန္းေၾကာင့္ အိမ္ျဖဴေတာ္က ေတြ႕ဆံုမည့္ အစီအစဥ္ကို ဖ်က္သိမ္းသြားခဲ့သည္။

ယခုအခါ ေခါင္းေဆာင္ႏွစ္ဦးသည္ လာအိုအစည္းအေ၀းတြင္ ညစာစားပြဲမတိုင္မီ အခိုက္အတန္႔ ေတြ႕ဆံုမႈ ရွိခဲ့သည္ဟု သိရသည္။

" အစည္းအေ၀းခန္းထဲမွာ သူတုိ႔ႏွစ္ဦး ေတြ႕ခဲ့ၾကပါတယ္၊ အဲဒီအခန္းထဲကေန သူတို႔ႏွစ္ေယာက္ပဲ ေနာက္ဆံုးမွ ထြက္လာၾကတာပါ၊ အျပန္အလွန္လက္ဆြဲႏႈတ္ဆက္ၿပီး စကားနည္းနည္းေလာက္   ေျပာခဲ့ၾကပါတယ္၊ ဒီလုိမ်ဳိး ေတြ႕ရေတာ့ အရမ္းကို ၀မ္းသာရပါတယ္" ဟု ဖိလစ္ပိုင္ ႏိုင္ငံျခားေရး၀န္ႀကီး ပါဖက္တို ေယေဆးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

အမေရိကန် သမ္မတ ဘားရတ်အိုဘားမားနှင့် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးတို့နှစ်ဦး စက်တင်ဘာ ၇ ရက်က အချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီး စကားစမြည်   ပြောဆိုမှုရှိခဲ့သည့် တာဝန်ရှိသူများက ပြောသည်။

လာအိုတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင်က "မိန်းမပျက်သား" ဟု အိုဘားမားအား ဒူတာတေးက ခေါ်ဆိုသုံးနှုန်းခဲ့သည့် စကားတစ်ခွန်းကြောင့် နှစ်ဘက်ခေါင်းဆောင်များအကြား ခပ်တန်းတန်းဖြစ်သွားခဲ့ကာ တွေ့ဆုံမည့်အစီအစဉ်ပင် ပျက်ခဲ့ရသည်။

ခေါင်းဆောင်နှစ်ဦးသည် စက်တင်ဘာ ၆ ရက်က တွေ့ဆုံရန် ကြိုတင်စီစဉ်ထားခဲ့သော်လည်း ဒူတာတေး၏ ပုဂ္ဂိုလ်ရေးစော်ကားသည့်စကားတစ်ခွန်းကြောင့် အိမ်ဖြူတော်က တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်သိမ်းသွားခဲ့သည်။

ယခုအခါ ခေါင်းဆောင်နှစ်ဦးသည် လာအိုအစည်းအဝေးတွင် ညစာစားပွဲမတိုင်မီ အခိုက်အတန့် တွေ့ဆုံမှု ရှိခဲ့သည်ဟု သိရသည်။

" အစည်းအဝေးခန်းထဲမှာ သူတို့နှစ်ဦး တွေ့ခဲ့ကြပါတယ်၊ အဲဒီအခန်းထဲကနေ သူတို့နှစ်ယောက်ပဲ နောက်ဆုံးမှ ထွက်လာကြတာပါ၊ အပြန်အလှန်လက်ဆွဲနှုတ်ဆက်ပြီး စကားနည်းနည်းလောက်   ပြောခဲ့ကြပါတယ်၊ ဒီလိုမျိုး တွေ့ရတော့ အရမ်းကို ဝမ်းသာရပါတယ်" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပါဖက်တို ယေဆေးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top