မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်
×


သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓားဖြင့်ခုတ်သူ ကောင်လေးမှာ သမီးဖြစ်သူနှင့် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက ရည်းစားများဖြစ်နေကြသူများဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။




#Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာ၊ စမ်းမြောင်တောတိုက်တွင် စက်တင်ဘာ ၇ ရက်နေ့က သမီးရည်းစားချိန်းတွေ့ရန် ကောင်လေးမှ ကောင်မလေးနေအိမ်သို့ ညအချိန်အသွား အမေဖြစ်သူ ထွက်လာပြီး သဘောမတူကြောင်း ပြောရာ ကောင်လေးမှ အသင့်ပါလာသော ဓားမဖြင့် ခုတ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ် အမျုးိသမီးတစ်ဦးဖြစ်ပြီး ဓားဖြင့်ခုတ်သူ ကောင်လေးမှာ သမီးဖြစ်သူနှင့် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက ရည်းစားများဖြစ်နေကြသူများဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။

" အိမ်က သဘောမတူလို့ သူတို့နှစ်ယောက် ပြတ်သွားတာမကြာသေးဘူးလို့ တရားခံက ပြောပါတယ်။ အဲဒီနေ့ညမှာ ချိန်းတွေ့ဖို့ တောတိုက်က ကောင်မလေးနေတဲ့ တဲသွားရာမှာ အမေဖြစ်သူက ထွက်လာပြီး သမီးကို အော်ခေါ်နေတုန်းပါလာတဲ့ဓားမနဲ့နဖူးကို ခုတ်သတ်လိုက်တာ လို့ သိရတယ် "ဟု မူခင်းဖြစ်စဉ်တွင်လိုက်ပါခဲ့သောရဲအရာရှိတစ်ဦးက ပြောသည်။

မိခင်ဖြစ်သူ ဓားခုတ်ခံရ၍ သေဆုံးကြောင်းကို တောအတွင်း တစ်မိုင်ခန့်အကွာတွင်နေသော အစ်ကိုဖြစ်သူထံသို့ ညီဖြစ်သူမှ လာပြော၍ လိုက်လာပြီး ကန့်ဘလူမြို့မရဲစခန်းတွင် လူသတ်မှု ကျူးလွန်သူ ၁၉နှစ်အရွယ် ကောင်လေးအား အမှုဖွင့်ထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Central News Myanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top