Property Expo
×

အျငင္းပြားေနက်ပံုစံေတြကို ေျပာင္းလဲပစ္လိုက္ပါ။ ခ်စ္သူႏွစ္ဦး ျပသနာေတြ တက္တဲ့အခါတုိင္း၊ အျငင္းပြားရတဲ့ အခါတုိင္း ဒီနည္းေလးေတြအတိုင္း ေျပာၾကည့္ပါ။ ဒါ ႏွစ္ဦးႏွစ္ဖက္ အႏိုင္ရေစမယ့္ နည္းေတြေပါ့။

၁။ခုေျပာမယ့္ဟာကို ေျဖရွင္းစရာ မလိုပါဘူး။ ေျပာသင့္တယ္ထင္လို႔သာ ေျပာတာပါ။

တစ္ဖက္လူဘက္ကို ထည့္ေတြးျပီး ေျပာေပးတဲ့ စကားပါ။ တစ္ဖက္လူက ေျဖရွင္းခ်င္တယ္ဆိုရင္ေတာင္ အေလာတႀကီး၊ ေဒါသတႀကီး မျဖစ္ေတာ့ပါဘူး။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလးနဲ႔ ျပီးသြားပါလိမ့္မယ္။

၂။ေျပာခ်င္တာေလးကို သေဘာေပါက္ေအာင္ ႀကိဳးစားေပးပါ။

ကိုယ္ေျပာခ်င္တာကို ဂရုတစိုက္ နားေထာင္ေစခ်င္လို႔ ေျပာတာမွန္း တစ္ဖက္လူသိပါတယ္။ သူ႕ေျပာတာကိုလညး္ အေရးတယူ ျပန္နားေထာင္ေပးဖုိ႔ေတာ့ လိုပါတယ္။

၃။ဒီကိစၥမွာ ကိုယ့္ဘက္ကလည္း တာ၀န္ရွိမွန္းသိတယ္။

ႏွစ္ဦးနွစ္ဖက္ ပါ၀င္ပတ္သက္ရမယ့္ အေနအထားဆုိတာ သင္သိတဲ့အေၾကာင္း ေျပာပါ။ သင့္အႀကံဥာဏ္ကိုလညး္ ေပးပါ။ သူေပးတဲ့ အႀကံဥာဏ္ကိုလည္း ယူပါ။ ဒါ နွစ္ဦးစလံုးသက္ဆုိင္တဲ့ ကိစၥဆိုတာ သူ႕ကို ေသခ်ာေျပာျပပါ။

၄။ငါတုိ႔ေျပာဆိုေနတာ တကယ့္အေၾကာင္းအရာနဲ႔ လြဲကုန္ျပီ။

စျပီး အျငင္းပြားတဲ့ကိစၥက ေသးေသးေလး။ တစ္ျဖည္းျဖည္း ျငင္းခုံရင္းနဲ႔ အႏိုင္လုိခ်င္စိတ္ေတြ မ်ားလာတဲ့အခါ ေျပာရမယ့္ အေၾကာင္းအရာကိုေက်ာ္ျပီး မေျပာသင့္တာေတြ၊ အရင္တုန္းက ကိစၥေတြကိုပါ ခ်ဲ႕ကားေျပာဆုိတာမ်ိဳး မျဖစ္ပါေစနဲ႔။

၅။ငါတုိ႔ ဘာအတြက္ ျပသနာတက္ေနၾကတာလဲ။

တစ္ခါတစ္ေလ ဘာမဟုတ္တာေလးနဲ႔ ႏွစ္ေယာက္စလံုး ျငင္းခံုၾကတဲ့အခါ တစ္ဦးနဲ႔တစ္ဦး ခုလိုေလး ေမးျမန္းၾကည့္ဖုိ႔ လုိပါတယ္။ ဒါ ျပန္အဆင္ေျပသြားေစမယ့္ နည္းတစ္ခုပါပဲ။

၆။ဒါ နင့္ကိစၥတစ္ခုတည္း မဟုတ္ဘူး၊ ငါတုိ႔ႏွစ္ဦးစလံုးနဲ႔ ပတ္သက္တဲ့ ကိစၥပါ။

တစ္ေယာက္တည္း နင္းကန္ေျပာဆိုေနတာကို ရပ္တန္႔ေစခ်င္ရင္ ခုလို ေျပာေပးလိုက္ပါ။ အခ်စ္ေရးကိစၥရပ္တုိင္းဟာ ႏွစ္ဦးစလံုးနဲ႔ သက္ဆိုင္တာခ်ည္း မဟုတ္လား။

၇။ငါးမိနစ္ေလာက္ ခဏရပ္လိုက္ၾကရေအာင္။

ျပသနာအႀကီးအက်ယ္တက္လာတဲ့အခါ ရန္ဆက္မျဖစ္ေတာ့ပဲ ငါးမိနစ္ေလာက္ နားလိုက္တဲ့အခါ ႏွစ္ဦးစလံုး စိတ္ေျပသြားတတ္ၾကပါတယ္။

၈။နင့္ကိုငါ ခ်စ္တယ္။

ဘယ္ေလာက္ပဲ ျပသနာတက္တက္ ခုလို ေျပာလိုက္တဲ့အခါ အေျပာခံရတဲ့သူက အနည္းအက်ဥ္းေတာ့ စိတ္ေျပသြားတတ္ၾကတယ္ဆိုတာ မေမ့ပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

အငြင်းပွားနေကျပုံစံတွေကို ပြောင်းလဲပစ်လိုက်ပါ။ ချစ်သူနှစ်ဦး ပြသနာတွေ တက်တဲ့အခါတိုင်း၊ အငြင်းပွားရတဲ့ အခါတိုင်း ဒီနည်းလေးတွေအတိုင်း ပြောကြည့်ပါ။ ဒါ နှစ်ဦးနှစ်ဖက် အနိုင်ရစေမယ့် နည်းတွေပေါ့။

၁။ခုပြောမယ့်ဟာကို ဖြေရှင်းစရာ မလိုပါဘူး။ ပြောသင့်တယ်ထင်လို့သာ ပြောတာပါ။

တစ်ဖက်လူဘက်ကို ထည့်တွေးပြီး ပြောပေးတဲ့ စကားပါ။ တစ်ဖက်လူက ဖြေရှင်းချင်တယ်ဆိုရင်တောင် အလောတကြီး၊ ဒေါသတကြီး မဖြစ်တော့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပြီးသွားပါလိမ့်မယ်။

၂။ပြောချင်တာလေးကို သဘောပေါက်အောင် ကြိုးစားပေးပါ။

ကိုယ်ပြောချင်တာကို ဂရုတစိုက် နားထောင်စေချင်လို့ ပြောတာမှန်း တစ်ဖက်လူသိပါတယ်။ သူ့ပြောတာကိုလည်း အရေးတယူ ပြန်နားထောင်ပေးဖို့တော့ လိုပါတယ်။

၃။ဒီကိစ္စမှာ ကိုယ့်ဘက်ကလည်း တာဝန်ရှိမှန်းသိတယ်။

နှစ်ဦးနှစ်ဖက် ပါဝင်ပတ်သက်ရမယ့် အနေအထားဆိုတာ သင်သိတဲ့အကြောင်း ပြောပါ။ သင့်အကြံဉာဏ်ကိုလည်း ပေးပါ။ သူပေးတဲ့ အကြံဉာဏ်ကိုလည်း ယူပါ။ ဒါ နှစ်ဦးစလုံးသက်ဆိုင်တဲ့ ကိစ္စဆိုတာ သူ့ကို သေချာပြောပြပါ။

၄။ငါတို့ပြောဆိုနေတာ တကယ့်အကြောင်းအရာနဲ့ လွဲကုန်ပြီ။

စပြီး အငြင်းပွားတဲ့ကိစ္စက သေးသေးလေး။ တစ်ဖြည်းဖြည်း ငြင်းခုံရင်းနဲ့ အနိုင်လိုချင်စိတ်တွေ များလာတဲ့အခါ ပြောရမယ့် အကြောင်းအရာကိုကျော်ပြီး မပြောသင့်တာတွေ၊ အရင်တုန်းက ကိစ္စတွေကိုပါ ချဲ့ကားပြောဆိုတာမျိုး မဖြစ်ပါစေနဲ့။

၅။ငါတို့ ဘာအတွက် ပြသနာတက်နေကြတာလဲ။

တစ်ခါတစ်လေ ဘာမဟုတ်တာလေးနဲ့ နှစ်ယောက်စလုံး ငြင်းခုံကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခုလိုလေး မေးမြန်းကြည့်ဖို့ လိုပါတယ်။ ဒါ ပြန်အဆင်ပြေသွားစေမယ့် နည်းတစ်ခုပါပဲ။

၆။ဒါ နင့်ကိစ္စတစ်ခုတည်း မဟုတ်ဘူး၊ ငါတို့နှစ်ဦးစလုံးနဲ့ ပတ်သက်တဲ့ ကိစ္စပါ။

တစ်ယောက်တည်း နင်းကန်ပြောဆိုနေတာကို ရပ်တန့်စေချင်ရင် ခုလို ပြောပေးလိုက်ပါ။ အချစ်ရေးကိစ္စရပ်တိုင်းဟာ နှစ်ဦးစလုံးနဲ့ သက်ဆိုင်တာချည်း မဟုတ်လား။

၇။ငါးမိနစ်လောက် ခဏရပ်လိုက်ကြရအောင်။

ပြသနာအကြီးအကျယ်တက်လာတဲ့အခါ ရန်ဆက်မဖြစ်တော့ပဲ ငါးမိနစ်လောက် နားလိုက်တဲ့အခါ နှစ်ဦးစလုံး စိတ်ပြေသွားတတ်ကြပါတယ်။

၈။နင့်ကိုငါ ချစ်တယ်။

ဘယ်လောက်ပဲ ပြသနာတက်တက် ခုလို ပြောလိုက်တဲ့အခါ အပြောခံရတဲ့သူက အနည်းအကျဉ်းတော့ စိတ်ပြေသွားတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top