Kantharyar Centre
×

လူအမ်ားစုဟာ လည္ပင္းတစ္ဝိုက္မည္းေနတာနဲ႔ ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ၾကရၿပီး အသက္အရြယ္အရေသာ္လည္းေကာင္း၊ ေနေရာင္ထိေတြ႕ခံရ ျခင္းေၾကာင့္ေသာ္လည္းေကာင္း အဓိကျဖစ္တတ္ပါတယ္။ တျခားအေၾကာင္းအရာေတြ ျဖစ္တဲ့ ဆီးခ်ိဳေရာဂါ၊ မ်ိဳး႐ိုးလိုက္တာ၊ တစ္ကိုယ္ေရသန္႔ရွင္းမႈမရွိတာ၊ ႐ုတ္တရက္ကိုယ္အေလးခ်ိန္တက္တာ၊ ေလ်ာ့တာေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို႔ အိမ္တြင္းနည္းေလးေတြနဲ႔ ကိုယ္တိုင္လုပ္ၾကည့္ႏုိင္ဖို႔ မွ်ေဝေပးလိုက္ပါတယ္။

မက္မြန္သီးက    အေရျပားက်န္းမာေရးအတြက္ အထူးေကာင္းတာေၾကာင့္ မက္မြန္အမႈန္႔၊ အႏွစ္၊ အဆီအကုန္လံုး အသံုးျပဳႏုိင္ပါတယ္။ အမႈန္႔ဆုိရင္ ႏို႔မႈန္႔နည္းနည္း၊ ပ်ားရည္နဲ႔ေရာၿပီး မည္းေနတဲ့ေနရာကိုသုတ္ၿပီး နာရီဝက္ေလာက္ေနရင္ ေရေဆးရပါမယ္။ အဆီဆုိရင္ေတာ့ လည္ပင္းတစ္ဝိုက္ လိမ္းၿပီး ႏွိပ္ေပးႏိုင္သလို မက္မြန္သီးငါးလံုးကို တစ္ညေရစိမ္ေထာင္းထုအႏွစ္လုပ္ၿပီး    လည္ပင္းကို သုတ္လိမ္းၿပီး   ေရေအးနဲ႔   ေဆး ေၾကာႏုိင္ပါတယ္။

ရွားေစာင္းလက္ပပ္ရွိရင္ လည္း ဂ်ယ္နဲ႔လည္ပင္းကိုသုတ္ ၿပီး မိနစ္ ၂၀ ေလာက္ေနရင္ ေရ ေဆးရပါမယ္။ ေနာက္ၿပီး သစ္ ၾကားသီးကိုအမႈန္႔လုပ္ၿပီး ဒိန္ခ်ဥ္  နဲ႔ေရာစပ္ၿပီးေတာ့လည္း သုတ္ လိမ္းႏိုင္ပါေသးတယ္။ သခြားသီး (ဒါမွမဟုတ္)  သခြားရည္နဲ႔လည္း လည္ပင္းမည္းတာ   ေပ်ာက္ ေအာင္လုပ္ႏုိင္တဲ့အျပင္ သံပရာ၊ သံပ႐ိုသီးနဲ႔လည္း လုပ္ႏုိင္ပါ တယ္။

အုတ္ဂ်ံဳနဲ႔ ခရမ္းခ်ဥ္သီး အႏွစ္နဲ႔ေရာၿပီး အႏွစ္လုပ္တာပဲ ျဖစ္ျဖစ္၊ အုတ္ဂ်ံဳနဲ႔ႏြားႏို႔၊ ပ်ားရည္ ေရာစပ္ၿပီးေတာ့ပဲျဖစ္ျဖစ္ လည္ ပင္းတစ္ဝိုက္သုတ္လိမ္းၿပီး မိနစ္ ၂၀ ေလာက္ၾကာရင္ ေရခပ္ေႏြး ေႏြးေလးနဲ႔ ေဆးေၾကာေပးရပါ မယ္။ မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ေရနဲ႔ခပ္ ပ်စ္ပ်စ္ေဖ်ာ္ၿပီး လည္ပင္းကိုသုတ္ ၿပီး ၁၅ မိနစ္ေလာက္အေျခာက္ခံ ထားကာ ေရေဆးခ်ႏုိင္ပါတယ္။

လိေမၼာ္ခြံကို အေျခာက္လွမ္း ၿပီး အမႈန္႔ေထာင္း၊ ႏြားႏို႔နဲ႔ေရာစပ္ ၿပီး အႏွစ္လုပ္သုတ္လိမ္းႏုိင္သလုိ လိေမၼာ္ခြံကို အရည္ညႇစ္၍ေသာ္ လည္းေကာင္း၊ လိေမၼာ္သီးကို အရည္ညႇစ္၍ေသာ္လည္းေကာင္း သုတ္လိမ္းေပးၿပီး ေရေအးေအးနဲ႔ ေဆးေပးရပါမယ္။ ဒါ့အျပင္ ကုလားပဲမႈန္႔နဲ႔ နႏြင္းမႈန္႔နည္းနည္း ေရာထားတဲ့အႏွစ္နဲ႔လည္း လည္ ပင္းမည္းတာေတြ ေလ်ာ့ပါး ေအာင္လုပ္ႏုိင္ပါတယ္။ အာလူး စိမ္းေဖ်ာ္ရည္ (ဒါမွမဟုတ္)အာလူး ကိုျခစ္ၿပီး မည္းတဲ့ေနရာေတြပြတ္ ေပးႏိုင္သလုိ အာလူးစိမ္းေဖ်ာ္ရည္နဲ႔ သံပရာရည္ေရာၿပီးေတာ့လည္း ေခ်းခြၽတ္ႏုိင္ပါတယ္။ ဒီအရည္နဲ႔ မ်က္ႏွာက အမည္းစက္ေတြ၊ မ်က္ ကြင္းညိဳတာေတြ၊ ဝက္ၿခံအမာ ရြတ္ေတြေပ်ာက္ေအာင္လည္း သုတ္လိမ္းႏုိင္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

လူအများစုဟာ လည်ပင်းတစ်ဝိုက်မည်းနေတာနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြရပြီး အသက်အရွယ်အရသော်လည်းကောင်း၊ နေရောင်ထိတွေ့ခံရ ခြင်းကြောင့်သော်လည်းကောင်း အဓိကဖြစ်တတ်ပါတယ်။ တခြားအကြောင်းအရာတွေ ဖြစ်တဲ့ ဆီးချိုရောဂါ၊ မျိုးရိုးလိုက်တာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊ ရုတ်တရက်ကိုယ်အလေးချိန်တက်တာ၊ လျော့တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ အိမ်တွင်းနည်းလေးတွေနဲ့ ကိုယ်တိုင်လုပ်ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

မက်မွန်သီးက    အရေပြားကျန်းမာရေးအတွက် အထူးကောင်းတာကြောင့် မက်မွန်အမှုန့်၊ အနှစ်၊ အဆီအကုန်လုံး အသုံးပြုနိုင်ပါတယ်။ အမှုန့်ဆိုရင် နို့မှုန့်နည်းနည်း၊ ပျားရည်နဲ့ရောပြီး မည်းနေတဲ့နေရာကိုသုတ်ပြီး နာရီဝက်လောက်နေရင် ရေဆေးရပါမယ်။ အဆီဆိုရင်တော့ လည်ပင်းတစ်ဝိုက် လိမ်းပြီး နှိပ်ပေးနိုင်သလို မက်မွန်သီးငါးလုံးကို တစ်ညရေစိမ်ထောင်းထုအနှစ်လုပ်ပြီး    လည်ပင်းကို သုတ်လိမ်းပြီး   ရေအေးနဲ့   ဆေး ကြောနိုင်ပါတယ်။

ရှားစောင်းလက်ပပ်ရှိရင် လည်း ဂျယ်နဲ့လည်ပင်းကိုသုတ် ပြီး မိနစ် ၂၀ လောက်နေရင် ရေ ဆေးရပါမယ်။ နောက်ပြီး သစ် ကြားသီးကိုအမှုန့်လုပ်ပြီး ဒိန်ချဉ်  နဲ့ရောစပ်ပြီးတော့လည်း သုတ် လိမ်းနိုင်ပါသေးတယ်။ သခွားသီး (ဒါမှမဟုတ်)  သခွားရည်နဲ့လည်း လည်ပင်းမည်းတာ   ပျောက် အောင်လုပ်နိုင်တဲ့အပြင် သံပရာ၊ သံပရိုသီးနဲ့လည်း လုပ်နိုင်ပါ တယ်။

အုတ်ဂျုံနဲ့ ခရမ်းချဉ်သီး အနှစ်နဲ့ရောပြီး အနှစ်လုပ်တာပဲ ဖြစ်ဖြစ်၊ အုတ်ဂျုံနဲ့နွားနို့၊ ပျားရည် ရောစပ်ပြီးတော့ပဲဖြစ်ဖြစ် လည် ပင်းတစ်ဝိုက်သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ကြာရင် ရေခပ်နွေး နွေးလေးနဲ့ ဆေးကြောပေးရပါ မယ်။ မုန့်ဖုတ်ဆော်ဒါနဲ့ ရေနဲ့ခပ် ပျစ်ပျစ်ဖျော်ပြီး လည်ပင်းကိုသုတ် ပြီး ၁၅ မိနစ်လောက်အခြောက်ခံ ထားကာ ရေဆေးချနိုင်ပါတယ်။

လိမ္မော်ခွံကို အခြောက်လှမ်း ပြီး အမှုန့်ထောင်း၊ နွားနို့နဲ့ရောစပ် ပြီး အနှစ်လုပ်သုတ်လိမ်းနိုင်သလို လိမ္မော်ခွံကို အရည်ညှစ်၍သော် လည်းကောင်း၊ လိမ္မော်သီးကို အရည်ညှစ်၍သော်လည်းကောင်း သုတ်လိမ်းပေးပြီး ရေအေးအေးနဲ့ ဆေးပေးရပါမယ်။ ဒါ့အပြင် ကုလားပဲမှုန့်နဲ့ နနွင်းမှုန့်နည်းနည်း ရောထားတဲ့အနှစ်နဲ့လည်း လည် ပင်းမည်းတာတွေ လျော့ပါး အောင်လုပ်နိုင်ပါတယ်။ အာလူး စိမ်းဖျော်ရည် (ဒါမှမဟုတ်)အာလူး ကိုခြစ်ပြီး မည်းတဲ့နေရာတွေပွတ် ပေးနိုင်သလို အာလူးစိမ်းဖျော်ရည်နဲ့ သံပရာရည်ရောပြီးတော့လည်း ချေးချွတ်နိုင်ပါတယ်။ ဒီအရည်နဲ့ မျက်နှာက အမည်းစက်တွေ၊ မျက် ကွင်းညိုတာတွေ၊ ဝက်ခြံအမာ ရွတ်တွေပျောက်အောင်လည်း သုတ်လိမ်းနိုင်ပါသေးတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top