Property Expo
×

၁။တီဗီြၾကည့္ၿပီးအခ်ိန္ကုန္မခံပါနဲ႔။သူေဌးေတြကဘယ္ေတာ့မွ႐ုပ္ျမင္သံၾကားအစီအစဥ္ေတြ၊ဇာတ္လမ္းေတြၾကည့္ၿပီး
အခ်ိန္ကုန္ မခံၾကပါဘူး။တီဗီြၾကည့္မယ့္အစား စာအုပ္ေတြပဲ ဖတ္ေနေလ့ရွိပါတယ္။

Elon Musk ကေနWarren Buffett အထိနာမည္ေက်ာ္ လုပ္ငန္းရွင္သူေဌးေတြအားလံုးဟာတစ္ေန႔တာရဲ႕
အခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုစာဖတ္ျခင္းျဖင့္ကုန္ဆံုးတတ္ၾကပါတယ္။စာဖတ္တဲ့ေနရာမွာလည္းအေပ်ာ္ဖတ္စာေပေတြထက္
ပညာရမယ့္၊ တိုးတက္မႈတစ္စံုတစ္ရာ ရရွိႏိုင္မယ့္စာအုပ္ စာေပေတြကိုပဲဖတ္ေလ့ရွိပါတယ္။

၂။ဘယ္ေတာ့မွတစ္ဦးတည္းသီးျခားခြဲထြက္မေနပါနဲ႔။သူေဌးေတြအားလံုးကလူမႈဆက္ဆံေရးေကာင္းၾကသူေတြခ်ည္းပဲ ၿဖစ္ပါတယ္။သူတို႔ဟာ အျမဲတမ္းလိုလိုမိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ဆံုၿပီးစကားစျမည္ေၿပာေနေလ့ရွိပါတယ္။
ဒီလို႔လူမႈဆက္ဆံေရးေကာင္းမြန္တာဟာ ေအာင္ျမင္မႈရဲ႕ေသာ့ခ်က္ျဖစ္တယ္ဆိုတာကိုသူတို႔ေတြက ေသခ်ာသိရွိထားၾကၿပီး
သူတို႔ရဲ႕ လူမႈကြန္ယက္ကိုတိုးခ်ဲ႕ႏိုင္ဖို႔ အားထည့္ၾကပါတယ္။

၃။အပိုေတြေလွ်ာက္မေတြးပါနဲ႔။ေအာင္ျမင္တဲ့လုပ္ငန္းရွင္တိုင္းဟာသူတို႔ရဲ႕ပင္ကိုယ္သိစိတ္ကိုယံုၾကည္စြာအသံုးျပဳေလ့ရွိၿပီး
အမ်ားႀကီးေလွ်ာက္ေတြးေလ့မရွိပါဘူး။
(အက်ိဳးဆက္ေတြကိုေသခ်ာမသံုးသပ္တာမ်ိဳးကိုဆိုလိုတာေတာ့မဟုတ္ပါဘူး )
ဆင္ျခင္သံုးသပ္မႈေတြနဲ႔အခ်ိန္ကုန္ မခံတာမ်ိဳးကိုဆိုလိုတာျဖစ္ပါတယ္။လုပ္ေဆာင္ရမယ့္ အရာေတြကို
ေသခ်ာ ဆင္ျခင္သံုးသပ္ၿပီးၿပီ ဆိုတာနဲ႔လမ္းေၾကာင္းတစ္ခုကို ေရြးခ်ယ္ၿပီးလုပ္စရာရွိတာေတြကို
စတင္လုပ္ေဆာင္ၾကပါတယ္။ဘယ္ေတာ့မွ ေနာက္ျပန္လွည့္ၾကည့္ေလ့မရွိပါဘူး။

၄။ တကယ္ ရင္မဆိုင္ၾကည့္ပဲအ႐ႈံးမေပးပါနဲ႔။သူေဌးေတြအားလံုးဟာဒုကၡေရာက္လာခ်ိန္မွာဘယ္ေတာ့မွ အ႐ႈံးေပးဖို႔မစဥ္းစားတတ္ၾကပါဘူး။က်႐ႈံးမႈေတြအဆင္မေျပမႈေတြ အားလံုးကိုဇြဲရွိရွိနဲ႔ ေက်ာ္ျဖတ္ၾကပါတယ္။
လုပ္ငန္းရွင္အမ်ားစုဟာလုပ္ေဖာ္ကိုင္ဖက္ေတြ၊မိတ္ေဆြ၊မိသားစု၀င္ေတြရဲ႕ေ၀ဖန္ျပစ္တင္မႈေတြခံရေလ့ရွိေပမယ့္
လက္မေလွ်ာ့တတ္ၾကပါဘူး။ေအာင္ျမင္သူအစစ္ေတြကဘယ္ေတာ့မွ ေနာက္ေကာက္က်မက်န္ေနခဲ့ပါဘူး။

၅။ အားကစားလုပ္ဖို႔ မေမ့ပါနဲ႔။ခ်မ္းသာ ေအာင္ျမင္ေနတဲ့လုပ္ငန္းရွင္တိုင္းဟာမနက္ခင္းမွာ ေလ့က်င့္ခန္း
လုပ္တတ္ၾကပါတယ္။သူတို႔အတြက္မနက္ခင္းေလ့က်င့္ခန္းလုပ္တာဟာ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြအတြက္
အာ႐ုံစူးစိုက္ႏိုင္ၿပီး၊လုပ္ငန္းၿပီးေျမာက္မႈကိုတိုးတက္လာေစဖို႔အက်ိဳးသက္ေရာက္မႈရွိတယ္ဆိုတာကို
နားလည္ၾကပါတယ္။

၆။အိပ္ရာထေနာက္မက်ပါနဲ႔။ေအာင္ျမင္တဲ့သူအမ်ားစုဟာမနက္ေစာေစာအိပ္ရာထတတ္ၾကသူေတြခ်ည္းပဲျဖစ္ပါတယ္။
သူတို႔ဟာ ဘယ္ေတာ့မွအိပ္ရာထဲမွာေကြးေနၿပီးအလုပ္ေနာက္က်ခံတဲ့အထဲမွာမပါၾကပါဘူး။

၇။မပ်င္းပါနဲ႔။ေအာင္ျမင္သူအမ်ားစုဟာသူတို႔ပတ္၀န္းက်င္မွာေလ့လာစရာအခြင့္အလမ္းေတြအျမဲတမ္းရွိေနတာကို
သိၾကတဲ့အတြက္ပ်င္းေနတယ္ဆိုတာ မရွိပါဘူး။ထိုင္ၿပီး ပ်င္းေနမယ့္အစားမိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ဆံုဖို႔၊
သင္တန္းေတြတက္ဖို႔၊စာအုပ္ေတြဖတ္ဖို႔၊ စသျဖင့္အရည္အခ်င္းနဲ႔ အသိပညာဗဟုသုတေတြ တိုးလာဖို႔ကိုပဲ
အျမဲအားထုတ္ေနတတ္ၾကပါတယ္။
သန္းၾကြယ္ ကုေဋ႕ၾကြယ္ေသာ သူေဌးၾကီးမ်ား ၿဖစ္ၾကပါေစခင္ဗ်ား . . ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Gentleman Magazine

#Unicode Version
၁။တီဗွီကြည့်ပြီးအချိန်ကုန်မခံပါနဲ့။သူဌေးတွေကဘယ်တော့မှရုပ်မြင်သံကြားအစီအစဉ်တွေ၊ဇာတ်လမ်းတွေကြည့်ပြီး
အချိန်ကုန် မခံကြပါဘူး။တီဗွီကြည့်မယ့်အစား စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။

Elon Musk ကနေWarren Buffett အထိနာမည်ကျော် လုပ်ငန်းရှင်သူဌေးတွေအားလုံးဟာတစ်နေ့တာရဲ့
အချိန်တော်တော်များများကိုစာဖတ်ခြင်းဖြင့်ကုန်ဆုံးတတ်ကြပါတယ်။စာဖတ်တဲ့နေရာမှာလည်းအပျော်ဖတ်စာပေတွေထက်
ပညာရမယ့်၊ တိုးတက်မှုတစ်စုံတစ်ရာ ရရှိနိုင်မယ့်စာအုပ် စာပေတွေကိုပဲဖတ်လေ့ရှိပါတယ်။

၂။ဘယ်တော့မှတစ်ဦးတည်းသီးခြားခွဲထွက်မနေပါနဲ့။သူဌေးတွေအားလုံးကလူမှုဆက်ဆံရေးကောင်းကြသူတွေချည်းပဲ ဖြစ်ပါတယ်။သူတို့ဟာ အမြဲတမ်းလိုလိုမိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီးစကားစမြည်ပြောနေလေ့ရှိပါတယ်။
ဒီလို့လူမှုဆက်ဆံရေးကောင်းမွန်တာဟာ အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်ဆိုတာကိုသူတို့တွေက သေချာသိရှိထားကြပြီး
သူတို့ရဲ့ လူမှုကွန်ယက်ကိုတိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။

၃။အပိုတွေလျှောက်မတွေးပါနဲ့။အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းဟာသူတို့ရဲ့ပင်ကိုယ်သိစိတ်ကိုယုံကြည်စွာအသုံးပြုလေ့ရှိပြီး
အများကြီးလျှောက်တွေးလေ့မရှိပါဘူး။

(အကျိုးဆက်တွေကိုသေချာမသုံးသပ်တာမျိုးကိုဆိုလိုတာတော့မဟုတ်ပါဘူး )
ဆင်ခြင်သုံးသပ်မှုတွေနဲ့အချိန်ကုန် မခံတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။လုပ်ဆောင်ရမယ့် အရာတွေကို
သေချာ ဆင်ခြင်သုံးသပ်ပြီးပြီ ဆိုတာနဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးလုပ်စရာရှိတာတွေကို
စတင်လုပ်ဆောင်ကြပါတယ်။ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်လေ့မရှိပါဘူး။

၄။ တကယ် ရင်မဆိုင်ကြည့်ပဲအရှုံးမပေးပါနဲ့။သူဌေးတွေအားလုံးဟာဒုက္ခရောက်လာချိန်မှာဘယ်တော့မှ အရှုံးပေးဖို့မစဉ်းစားတတ်ကြပါဘူး။ကျရှုံးမှုတွေအဆင်မပြေမှုတွေ အားလုံးကိုဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။
လုပ်ငန်းရှင်အများစုဟာလုပ်ဖော်ကိုင်ဖက်တွေ၊မိတ်ဆွေ၊မိသားစုဝင်တွေရဲ့ဝေဖန်ပြစ်တင်မှုတွေခံရလေ့ရှိပေမယ့်
လက်မလျှော့တတ်ကြပါဘူး။အောင်မြင်သူအစစ်တွေကဘယ်တော့မှ နောက်ကောက်ကျမကျန်နေခဲ့ပါဘူး။

၅။ အားကစားလုပ်ဖို့ မမေ့ပါနဲ့။ချမ်းသာ အောင်မြင်နေတဲ့လုပ်ငန်းရှင်တိုင်းဟာမနက်ခင်းမှာ လေ့ကျင့်ခန်း
လုပ်တတ်ကြပါတယ်။သူတို့အတွက်မနက်ခင်းလေ့ကျင့်ခန်းလုပ်တာဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက်
အာရုံစူးစိုက်နိုင်ပြီး၊လုပ်ငန်းပြီးမြောက်မှုကိုတိုးတက်လာစေဖို့အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို
နားလည်ကြပါတယ်။

၆။အိပ်ရာထနောက်မကျပါနဲ့။အောင်မြင်တဲ့သူအများစုဟာမနက်စောစောအိပ်ရာထတတ်ကြသူတွေချည်းပဲဖြစ်ပါတယ်။
သူတို့ဟာ ဘယ်တော့မှအိပ်ရာထဲမှာကွေးနေပြီးအလုပ်နောက်ကျခံတဲ့အထဲမှာမပါကြပါဘူး။

၇။မပျင်းပါနဲ့။အောင်မြင်သူအများစုဟာသူတို့ပတ်ဝန်းကျင်မှာလေ့လာစရာအခွင့်အလမ်းတွေအမြဲတမ်းရှိနေတာကို
သိကြတဲ့အတွက်ပျင်းနေတယ်ဆိုတာ မရှိပါဘူး။ထိုင်ပြီး ပျင်းနေမယ့်အစားမိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့၊
သင်တန်းတွေတက်ဖို့၊စာအုပ်တွေဖတ်ဖို့၊ စသဖြင့်အရည်အချင်းနဲ့ အသိပညာဗဟုသုတတွေ တိုးလာဖို့ကိုပဲ
အမြဲအားထုတ်နေတတ်ကြပါတယ်။

သန်းကြွယ် ကုဋေ့ကြွယ်သော သူဌေးကြီးများ ဖြစ်ကြပါစေခင်ဗျား . . ။


ဖိုးသူတော် (www.phothutaw.com)
Credit:Gentleman Magazine
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top