Property Expo
×

 





Credit: Saw Win

#Unicode Version

 ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာမှာ ဒီညနေ ၃း၃၀ နာရီခန့်က မိဘနှစ်ပါးလုံးအား သားဖြစ်သူ အမင်း (ခေါ်) မောင်မင်းက ရက်ရက်စက်စက် ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သော နေရာရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့  ဘုရားဖြူ ရွာမှာ ဒီနေ့(6-9-2016) စက်တင်ဘာလ (၆) ရက်နေ့ ညနေ (3:30)နာရီခန့်က ဆီဆိုင်မြို့နယ် ဘုရားဖြူ ရွာမှာ သားအရင်းဖြစ်သူက အသက် (၅၀)ခန့်အရွယ်ရှိ ဖခင်နှင့်မိခင်နှစ်ဦးစလုံးအား ရက်စက်စွာ ပုဆိန်ဖြင့် ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

အမေဖြစ်သူဒေါ်နန်းခင်မှာ နေရာမှာတင် ပွဲချင်းပီးသေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူဦးဝိမလထွန်းမှာ ဆေးရုံသို့ရောက်ရှိပြီးမှ သေဆုံးသွားခဲ့ပါတယ်။

နှစ်ဦးလုံးမှာ ပုဆိန်ဖြင့် ခုတ်ခဲ့သောကြောင့် ဦးခေါင်းခွန်များ ကွဲအက်ပြီး သေဆုံးသွားခဲ့ကြရပါတယ်။ မိခင်နှင့် ဖခင်နှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့သော အမင်း (ခေါ်) မောင်မင်း ကို ဆီဆိုင်မြို့မရဲစခန်း စခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက ချက်ချင်း သွားရောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Saw Win
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top