Property Expo
×

မြန္ျပည္နယ္ က်ဳိက္ထိုၿမိဳ႕နယ္ က်ဳိက္ထီး႐ိုးဆံေတာ္ရွင္ရင္ျပင္၌ ဟိုတယ္လုပ္ငန္းလုပ္ကိုင္ခဲ့ေသာ ဦးသိန္းႏိုင္ (ခ) ဦးေနထက္သိန္းႏိုင္၏ ႐ိုး႐ိုးေလးဟိုတယ္ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ ျပန္ေပးမည္ မေပးမည္ဆိုသည္နွင့္ ပတ္သက္ၿပီး ဟိုတယ္ႏွင့္ ခရီးသြားလာေရး၀န္ႀကီးဌာနမွ ျပန္လည္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သတင္း ရရိွသည္။
''ဒီ႐ိုး႐ိုးေလးလုပ္ငန္း လိုင္စင္ျပန္လည္ရရိွဖို႔ တင္ျပထားတယ္ေပါ့ေနာ္။ ဒီကိစၥကို ကြ်န္ေတာ္တို႔၀န္ႀကီး ဌာနက သက္ဆိုင္ရာလူႀကီးေတြစံုလို႔ရိွရင္ေတာ့ ျပန္လည္ေဆြးေႏြးသြားဖို႔ရိွပါတယ္'' ဟု ဟိုတယ္ႏွင့္ ခရီး သြားလာေရး၀န္ႀကီး ဌာနမွ ညႊန္ၾကားေရးမွဴးဦးျမင့္ေထြးက ေျပာသည္။

 ႐ိုး႐ိုးေလးဟိုတယ္ကိစၥႏွင့္ပတ္သက္၍ သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး သူရဦးေအာင္ကိုက တလအတြင္း မဖ်က္သိမ္းပါ က ႐ိုး႐ိုးေလးဟိုတယ္ပိုင္ရွင္ ဦးေနထက္သိန္းႏိုင္ပိုင္ဆိုင္သည့္ ေတာင္ေပၚရိွ လုပ္ငန္းအားလံုးကို ရပ္ဆိုင္းပစ္ မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
''ဒီေန႔ကစၿပီး တလအတြင္းမွာ စၿပီးဖ်က္သိမ္းရမယ္။ တကယ္လို႔ ဆံုးျဖတ္ခ်က္ကို နာခံဖို႔ ပ်က္ကြက္ခဲ့လို႔ရိွရင္ ဒီေတာင္ေပၚက အဲဒီပုဂၢိဳလ္ပိုင္ဆိုင္တဲ့ လုပ္ငန္းေတြ အကုန္လံုးရပ္ဆိုင္းရမယ္'' ဟု ဇြန္လ ၂၇ ရက္က ေနျပည္ေတာ္ရိွ သာသနာေရးနွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန႐ံုးခန္း၌ ျပဳလုပ္သည့္အစည္းအေ၀း၌ အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

႐ိုး႐ိုးေလးဟိုတယ္မွ ခြင့္ျပဳခ်က္မဲ့ ေဆာက္လုပ္ေသာ အခန္း ၁၀၆ ခန္းကို တလအတြင္းပိတ္သိမ္းရန္ ဟိုတယ္ႏွင့္ခရီး သြားလာေရး၀န္ႀကီးဌာနက ဇူလိုင္လ ၈ ရက္တြင္ ညႊန္ၾကားခဲ့ေသာ္လည္း လိုက္နာမႈ မရိွသည့္အတြက္ ၀န္ႀကီးဌာနက ၾသဂုတ္ လ ၁၁ ရက္တြင္ လုပ္ငန္းလိုင္စင္႐ုပ္သိမ္းခဲ့ျခင္းျဖစ္သည္။
''႐ိုး႐ိုးေလးကိစၥက ခြင့္ျပဳခ်က္မဲ့ ေဆာက္လို႔ ဖ်က္ခိုင္းမယ္။ မဖ်က္ဘူး။ လိုင္စင္သိမ္းတယ္။ KNU က ၀င္ညိႇ တယ္။ ဒီေတာ့၀န္ႀကီးဌာနက ျပန္ေဆြးေႏြးမယ္ဆိုေတာ့ အစိုးရအေနနဲ႔ ဒီကိစၥကို မလုပ္ဘူးဆိုလည္း မလုပ္နဲ႔၊ လုပ္မယ္ဆိုလည္း ဥပေဒေၾကာင္းနဲ႔အညီ ေနာက္မဆုတ္ဘဲလုပ္။ ဒီလိုမဟုတ္ဘဲ လုပ္မယ္ေျပာလိုက္၊ ျပန္ညိႇ လိုက္၊ ျပန္ေလွ်ာခ်လိုက္ျဖစ္ေနရင္ အစိုးရတရပ္က ကိုယ့္သိကၡာကိုယ္ခ်သလို ျဖစ္ေနတယ္။ ေနာက္ ဟိုလူ႔က် ေတာ့ ဒီလိုေပးတယ္။ ဒီလူက်ေတာ့ ဒီလိုျဖစ္တယ္ဆိုတဲ့ ခဲြျခားမႈပံုစံမ်ဳိးျဖစ္လာရင္ လုပ္ရကိုင္ရ ခက္လာလိမ့္ မယ္။ ျပည္သူေတြကပါ အထင္လဲြလာႏိုင္တယ္''ဟု ညီညြတ္ေသာ အမ်ဳိးသားဒီမိုကေရစီအဖဲြ႕မွ ၀ါရင့္ႏိုင္ငံေရး သမားေဒါက္တာေဇာ္ျမင့္က မွတ္ခ်က္ျပဳသည္။

 လုပ္ငန္းလိုင္စင္သိမ္းခံရသည့္ ႐ိုး႐ိုးေလးဟိုတယ္ကိစၥႏွင့္ ပတ္သက္၍ လုပ္ငန္းလိုင္စင္ျပန္လည္ရရိွေရးကို KNU ဥကၠ႒ ေစာမူတူးေစးဖိုးလက္မွတ္ထိုး၍ ဟိုတယ္ နွင့္ခရီးသြားလာေရး၀န္ႀကီးဌာနသို႔ ၾသဂုတ္ လ ၃၀ ရက္တြင္ စာေပးပို႔ေတာင္းဆိုထားၿပီး ႐ိုး႐ိုးေလးကုမၸဏီ သည္ KNU တပ္မဟာ(၁)နယ္ေျမ၊ သထံုခ႐ိုင္အတြင္း ပီးခိုင္းေတာင္ကုမၸဏီႏွင့္အက်ဳိးတူပူးေပါင္းလုပ္ ေဆာင္ေနသည့္ ကုမၸဏီျဖစ္ကာ တိုးခဲ်႕ခဲ့သည့္အခန္းပိုမ်ား ဖ်က္သိမ္းျခင္းကို လက္ခံေသာ္လည္း မူလ လိုင္စင္ကိုပါ မ႐ုပ္သိမ္းေစလိုသည့္အတြက္ KNU ထံသို႔ အသနားခံတင္ျပခဲ့ေၾကာင္း KNU က ေပးပို႔သည့္ စာတြင္ ေဖာ္ျပထားသည္။
''႐ိုး႐ိုးေလးရဲ႕ တရား၀င္လုပ္ငန္းလိုင္စင္က ၁၃၅ ခန္း၊ ၁၀၆ ခန္းကို ထပ္ တိုးခဲ်႕ထားတာကို ဖ်က္ခိုင္းတယ္။ မဖ်က္ဘူး။ ၀န္ႀကီးဌာနရဲ႕ဥပေဒလုပ္ထံုး လုပ္နည္းေတြကို ေဖာက္ဖ်က္ခဲ့လို႔ လိုင္စင္ျပန္သိမ္းခဲ့တာပါ။ ၀န္ႀကီးဌာနအေနနဲ႔ ျပန္ေဆြးေႏြးသြားဖို႔ ရိွပါတယ္''ဟု ဦးျမင့္ေထြးက ဆက္လက္ေျပာသည္။

''NLD အစိုးရအေနနဲ႔ လုပ္ငန္းရွင္ေတြနဲ႔ပတ္သက္တဲ့ ကိစၥေတြကို ကိုင္တြယ္တဲ့ေနရာ ျပတ္သားမႈ သိပ္မရိွတာေတြ႕ရတယ္။ ရန္ကုန္က အထပ္ျမင့္ကိစၥတုန္းကလည္း ဟုတ္မလိုလိုနဲ႔ ေနာက္ေတာ့ျပန္ လုပ္ခြင့္ေပးလိုက္တယ္။ အခု႐ိုး႐ိုးေလးလည္း ဒီအတိုင္းပဲ လာဦးမယ္နဲ႔တူတယ္'' ဟု ဟိုတယ္လုပ္ငန္းႏွင့္ နီးစပ္သူတဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဆံတော်ရှင်ရင်ပြင်၌ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခဲ့သော ဦးသိန်းနိုင် (ခ) ဦးနေထက်သိန်းနိုင်၏ ရိုးရိုးလေးဟိုတယ် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပြန်ပေးမည် မပေးမည်ဆိုသည်နှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
''ဒီရိုးရိုးလေးလုပ်ငန်း လိုင်စင်ပြန်လည်ရရှိဖို့ တင်ပြထားတယ်ပေါ့နော်။ ဒီကိစ္စကို ကျွန်တော်တို့ဝန်ကြီး ဌာနက သက်ဆိုင်ရာလူကြီးတွေစုံလို့ရှိရင်တော့ ပြန်လည်ဆွေးနွေးသွားဖို့ရှိပါတယ်'' ဟု ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်ထွေးက ပြောသည်။

 ရိုးရိုးလေးဟိုတယ်ကိစ္စနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တလအတွင်း မဖျက်သိမ်းပါ က ရိုးရိုးလေးဟိုတယ်ပိုင်ရှင် ဦးနေထက်သိန်းနိုင်ပိုင်ဆိုင်သည့် တောင်ပေါ်ရှိ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ဒီနေ့ကစပြီး တလအတွင်းမှာ စပြီးဖျက်သိမ်းရမယ်။ တကယ်လို့ ဆုံးဖြတ်ချက်ကို နာခံဖို့ ပျက်ကွက်ခဲ့လို့ရှိရင် ဒီတောင်ပေါ်က အဲဒီပုဂ္ဂိုလ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ အကုန်လုံးရပ်ဆိုင်းရမယ်'' ဟု ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရုံးခန်း၌ ပြုလုပ်သည့်အစည်းအဝေး၌ အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရိုးရိုးလေးဟိုတယ်မှ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အခန်း ၁၀၆ ခန်းကို တလအတွင်းပိတ်သိမ်းရန် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်တွင် ညွှန်ကြားခဲ့သော်လည်း လိုက်နာမှု မရှိသည့်အတွက် ဝန်ကြီးဌာနက သြဂုတ် လ ၁၁ ရက်တွင် လုပ်ငန်းလိုင်စင်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
''ရိုးရိုးလေးကိစ္စက ခွင့်ပြုချက်မဲ့ ဆောက်လို့ ဖျက်ခိုင်းမယ်။ မဖျက်ဘူး။ လိုင်စင်သိမ်းတယ်။ KNU က ဝင်ညှိ တယ်။ ဒီတော့ဝန်ကြီးဌာနက ပြန်ဆွေးနွေးမယ်ဆိုတော့ အစိုးရအနေနဲ့ ဒီကိစ္စကို မလုပ်ဘူးဆိုလည်း မလုပ်နဲ့၊ လုပ်မယ်ဆိုလည်း ဥပဒေကြောင်းနဲ့အညီ နောက်မဆုတ်ဘဲလုပ်။ ဒီလိုမဟုတ်ဘဲ လုပ်မယ်ပြောလိုက်၊ ပြန်ညှိ လိုက်၊ ပြန်လျှောချလိုက်ဖြစ်နေရင် အစိုးရတရပ်က ကိုယ့်သိက္ခာကိုယ်ချသလို ဖြစ်နေတယ်။ နောက် ဟိုလူ့ကျ တော့ ဒီလိုပေးတယ်။ ဒီလူကျတော့ ဒီလိုဖြစ်တယ်ဆိုတဲ့ ခွဲခြားမှုပုံစံမျိုးဖြစ်လာရင် လုပ်ရကိုင်ရ ခက်လာလိမ့် မယ်။ ပြည်သူတွေကပါ အထင်လွဲလာနိုင်တယ်''ဟု ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဝါရင့်နိုင်ငံရေး သမားဒေါက်တာဇော်မြင့်က မှတ်ချက်ပြုသည်။

 လုပ်ငန်းလိုင်စင်သိမ်းခံရသည့် ရိုးရိုးလေးဟိုတယ်ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင်ပြန်လည်ရရှိရေးကို KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးလက်မှတ်ထိုး၍ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ သြဂုတ် လ ၃၀ ရက်တွင် စာပေးပို့တောင်းဆိုထားပြီး ရိုးရိုးလေးကုမ္ပဏီ သည် KNU တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်အတွင်း ပီးခိုင်းတောင်ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းလုပ် ဆောင်နေသည့် ကုမ္ပဏီဖြစ်ကာ တိုးခဲျ့ခဲ့သည့်အခန်းပိုများ ဖျက်သိမ်းခြင်းကို လက်ခံသော်လည်း မူလ လိုင်စင်ကိုပါ မရုပ်သိမ်းစေလိုသည့်အတွက် KNU ထံသို့ အသနားခံတင်ပြခဲ့ကြောင်း KNU က ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
''ရိုးရိုးလေးရဲ့ တရားဝင်လုပ်ငန်းလိုင်စင်က ၁၃၅ ခန်း၊ ၁၀၆ ခန်းကို ထပ် တိုးခဲျ့ထားတာကို ဖျက်ခိုင်းတယ်။ မဖျက်ဘူး။ ဝန်ကြီးဌာနရဲ့ဥပဒေလုပ်ထုံး လုပ်နည်းတွေကို ဖောက်ဖျက်ခဲ့လို့ လိုင်စင်ပြန်သိမ်းခဲ့တာပါ။ ဝန်ကြီးဌာနအနေနဲ့ ပြန်ဆွေးနွေးသွားဖို့ ရှိပါတယ်''ဟု ဦးမြင့်ထွေးက ဆက်လက်ပြောသည်။

''NLD အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာ ပြတ်သားမှု သိပ်မရှိတာတွေ့ရတယ်။ ရန်ကုန်က အထပ်မြင့်ကိစ္စတုန်းကလည်း ဟုတ်မလိုလိုနဲ့ နောက်တော့ပြန် လုပ်ခွင့်ပေးလိုက်တယ်။ အခုရိုးရိုးလေးလည်း ဒီအတိုင်းပဲ လာဦးမယ်နဲ့တူတယ်'' ဟု ဟိုတယ်လုပ်ငန်းနှင့် နီးစပ်သူတဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top