Kantharyar Centre
×

 စပိန္ေနာက္ခံလူ ဆာဂ်ီယုိဘက္စကြက္စ္သည္ ဘာစီလုိနာအသင္းတြင္ ၂၀၂၃ အထိ စာခ်ဳပ္သက္တမ္းထပ္တိုး ႏုိင္မည့္   သတ္မွတ္ခ်က္ပါ၀င္ေသာ ငါးႏွစ္သက္တမ္းရွိ စာခ်ဳပ္သစ္တစ္ရပ္   လက္မွတ္ေရးထိုး လုိက္သည္။

ယင္းစာခ်ဳပ္အတြက္ ဘက္ စကြက္စ္ႏွင့္ ဘာစီလုိနာအသင္း ၾကား ေမလကတည္းက သေဘာ တူညီထားေသာ္လည္း အၿပီး သတ္ လက္မွတ္ေရးထိုးျခင္း မရွိခဲ့ ေပ။

ယခုအခါ ဘက္စကြက္စ္ သည္ ဘာစီလုိနာတြင္ ၂၀၂၁ အ ထိ ဆက္ရွိမည္ျဖစ္ကာ ေနာက္ ထပ္ ၂ ႏွစ္သက္တမ္းထပ္တိုးရန္ သတ္မွတ္ခ်က္ကုိ စာခ်ဳပ္၌ ထည့္ သြင္းခ်ဳပ္ဆိုထားသည္။

       ဘက္စကြက္စ္(၂၈)ႏွစ္သည္  ဗုဒၶဟူးေန႔က ကစားခဲ့ေသာ အက္ သလက္တီကိုႏွင့္ပဲြ ဒုတိယပိုင္းအ စတြင္ ဒဏ္ရာေၾကာင့္ ထြက္ခဲ့ရ သည္။  ၎၏ စာခ်ဳပ္သစ္တြင္ ဘက္စကြက္စ္ကို ယူ႐ုိ သန္း ၂၀၀ ရမွ ဘာစီလိုနာအသင္းက ထြက္ ခြာခြင့္ျပဳမည္ဆုိေသာ အခ်က္ လည္းပါ၀င္သည္။

ဘာစီလိုနာဂိုးသမားေဟာင္း ကားလက္စ္၏သားျဖစ္သူ ဘက္စ ကြက္စ္သည္ ဘာစီလိုနာအတြက္ ပဲြေပါင္း ၃၉၀ ကစားထား ၿပီး ၁၂ ဂိုးသြင္းယူခဲ့သည္။

ထိုအေတာအတြင္း ဘာစီ လိုနာအသင္းေခါင္းေဆာင္ အင္ နီေယစတာက ဘာစီလိုနာတြင္ ကစားသမားဘ၀မွ အနားယူခ်ိန္ အထိ ဆက္ရွိေနရန္ ဆံုးျဖတ္ခ်က္  ကို ဘာစီလိုနာ နည္းျပေဟာင္းႏွင့္ မန္စီးတီးနည္းျပ ဂြါဒီယုိလာကပင္ ေျပာင္းလဲႏုိင္မည္မဟုတ္ဟု ေျပာ ၾကားသည္။

မိမိ၏ ေဘာလံုးကစားသမား ဘ၀ အဆံုးသတ္ခ်ိန္အထိ ဘာစီ လိုနာတြင္ ဆက္ရွိေနလိုသည္ဟု အင္နီေယစတာ(၃၂)ႏွစ္က ေျပာ သည္။ လက္ရွိစာခ်ဳပ္အရ ၂၀၁၈ ဇြန္လတြင္ သက္တမ္းကုန္မည့္ အင္နီေယစတာကို ဘာစီလိုနာက စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြး ေႏြးျခင္းမရွိေသးေပ။ မိမိကုိ စာ ခ်ဳပ္သက္တမ္းတုိးမည္လားဆုိ ျခင္းကို အသင္းၫႊန္ၾကားေရးမွဴး မ်ားအား ေမးျမန္းရမည္ဟု အင္ နီေယစတာက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

 စပိန်နောက်ခံလူ ဆာဂျီယိုဘက်စကွက်စ်သည် ဘာစီလိုနာအသင်းတွင် ၂၀၂၃ အထိ စာချုပ်သက်တမ်းထပ်တိုး နိုင်မည့်   သတ်မှတ်ချက်ပါဝင်သော ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်   လက်မှတ်ရေးထိုး လိုက်သည်။

ယင်းစာချုပ်အတွက် ဘက် စကွက်စ်နှင့် ဘာစီလိုနာအသင်း ကြား မေလကတည်းက သဘော တူညီထားသော်လည်း အပြီး သတ် လက်မှတ်ရေးထိုးခြင်း မရှိခဲ့ ပေ။

ယခုအခါ ဘက်စကွက်စ် သည် ဘာစီလိုနာတွင် ၂၀၂၁ အ ထိ ဆက်ရှိမည်ဖြစ်ကာ နောက် ထပ် ၂ နှစ်သက်တမ်းထပ်တိုးရန် သတ်မှတ်ချက်ကို စာချုပ်၌ ထည့် သွင်းချုပ်ဆိုထားသည်။

       ဘက်စကွက်စ်(၂၈)နှစ်သည်  ဗုဒ္ဓဟူးနေ့က ကစားခဲ့သော အက် သလက်တီကိုနှင့်ပွဲ ဒုတိယပိုင်းအ စတွင် ဒဏ်ရာကြောင့် ထွက်ခဲ့ရ သည်။  ၎င်း၏ စာချုပ်သစ်တွင် ဘက်စကွက်စ်ကို ယူရို သန်း ၂၀၀ ရမှ ဘာစီလိုနာအသင်းက ထွက် ခွာခွင့်ပြုမည်ဆိုသော အချက် လည်းပါဝင်သည်။

ဘာစီလိုနာဂိုးသမားဟောင်း ကားလက်စ်၏သားဖြစ်သူ ဘက်စ ကွက်စ်သည် ဘာစီလိုနာအတွက် ပွဲပေါင်း ၃၉၀ ကစားထား ပြီး ၁၂ ဂိုးသွင်းယူခဲ့သည်။

ထိုအတောအတွင်း ဘာစီ လိုနာအသင်းခေါင်းဆောင် အင် နီယေစတာက ဘာစီလိုနာတွင် ကစားသမားဘဝမှ အနားယူချိန် အထိ ဆက်ရှိနေရန် ဆုံးဖြတ်ချက်  ကို ဘာစီလိုနာ နည်းပြဟောင်းနှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာကပင် ပြောင်းလဲနိုင်မည်မဟုတ်ဟု ပြော ကြားသည်။

မိမိ၏ ဘောလုံးကစားသမား ဘ၀ အဆုံးသတ်ချိန်အထိ ဘာစီ လိုနာတွင် ဆက်ရှိနေလိုသည်ဟု အင်နီယေစတာ(၃၂)နှစ်က ပြော သည်။ လက်ရှိစာချုပ်အရ ၂၀၁၈ ဇွန်လတွင် သက်တမ်းကုန်မည့် အင်နီယေစတာကို ဘာစီလိုနာက စာချုပ်သက်တမ်းတိုးရန် ဆွေး နွေးခြင်းမရှိသေးပေ။ မိမိကို စာ ချုပ်သက်တမ်းတိုးမည်လားဆို ခြင်းကို အသင်းညွှန်ကြားရေးမှူး များအား မေးမြန်းရမည်ဟု အင် နီယေစတာက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top