Property Expo
×

ယခုႏွစ္ လာနီညာရာသီ ဥတုေၾကာင့္ အေအးဓာတ္ပိုမည္ ျဖစ္၍ သရက္အထြက္ႏႈန္း ေလ်ာ့ က်ႏုိင္ေၾကာင္း မႏၲေလးတုိင္း ေဒသႀကီးရွိ သရက္စိုက္ေတာင္ သူမ်ားက ေျပာသည္။

အေအးဓာတ္လြန္ကဲမႈ ေၾကာင့္ သရက္သီးအိတ္မျဖဳတ္မီ သံေခ်းတက္သည့္ပံုသဏၭာန္မ်ား ျဖစ္ေပၚလာႏုိင္ျခင္း၊ သရက္ပင္ တြင္ အေအးဓာတ္ေၾကာင့္ မိႈ ေရာဂါမ်ား ျဖစ္ပြားျခင္း၊ သရက္ သီးအထြက္ေနာက္က်ျခင္းတုိ႔ ေၾကာင့္ ယခုႏွစ္ သရက္သီးအ ထြက္ ေလ်ာ့က်ႏုိင္ေၾကာင္း မႏၲေလးတုိင္းေဒသႀကီး သရက္ သီးအစုအဖြဲ႕ အတြင္းေရးမွဴး ဦးတင္ေအးက ေျပာသည္။

‘‘အသီးအေနနဲ႔က ေနာက္ က်သြားႏုိင္တယ္။ နည္းပညာသံုး တတ္တဲ့သူေတြကေတာ့ ပံုမွန္ ရာသီလိုပဲ သြားလို႔ရတယ္။ ထူးကဲတာက ဒီႏွစ္မွာ အသီးထြက္ႏႈန္း က က်ဦးမွာ။ ဒါေၾကာင့္ အခုအခ်ိန္ကတည္းက စတင္ျပင္ဆင္ထား သင့္တယ္’’ဟု ဦးတင္ေအးက ေျပာၾကားသည္။ သရက္သီးအထြက္ ႏႈန္း ေလ်ာ့က်ျခင္းမွ ကာကြယ္ရန္ အ ပင္ကို သင့္ေလ်ာ္သည့္ ေဆးဝါး မ်ားေကြၽးၿပီး ေနာက္ပိုးသတ္ေဆး မ်ား ဖ်န္းထားရန္လိုအပ္ကာ အ ပင္ေအာက္ေျခတြင္ ေျခာက္ေသြ႕ ေအာင္ ထားရန္လိုေၾကာင္း၊ ေရ ကို ဒီဇင္ဘာေလာက္ကတည္းက ေပးရန္ မလုိေၾကာင္း၊ ေအးသည့္ ရာသီတြင္ ေရေပးပါက မိႈေရာဂါ မ်ား ျဖစ္ပြားႏုိင္ေၾကာင္း ဆုိသည္။

နည္းပညာသမားမ်ား၊ ပညာရွင္မ်ား၊ စိုက္ထုတ္သည့္ လုပ္ငန္း ရွင္မ်ား၊ သရက္သီးစိုက္ေတာင္ သူမ်ား စုေပါင္းကာ တုိင္ပင္ေဆြး ေႏြးျခင္း၊ အစည္းအေဝးျပဳလုပ္ ျခင္းမ်ား ေဆာင္ရြက္သင့္ေၾကာင္း၊ သုိ႔မွသာ အသီးထြက္ႏႈန္း ေကာင္း လာမည္ျဖစ္ေၾကာင္း အမရပူရ ၿမိဳ႕နယ္ရွိ သရက္သီးစိုက္ေတာင္ သူမ်ားက ေျပာသည္။

လာနီညာရာသီဥတုေၾကာင့္ လာမည့္ ေအာက္တိုဘာႏွင့္ ႏိုဝင္ ဘာတုိ႔တြင္ အေအးဓာတ္ျမင့္မား လာမည္ျဖစ္၍ သီးႏွံစိုက္ပ်ိဳးသူ မ်ား ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားရန္လိုေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန က သတိေပးထားသည္။

မႏၲေလးတုိင္းေဒသႀကီးအ တြင္း ယခင္ႏွစ္မ်ားက မိုးရြာသြန္း ခ်ိန္ နည္းပါးျခင္းေၾကာင့္ အစို ဓာတ္ရရွိမႈ နည္းပါးျခင္း၊ ေနအပူ ခ်ိန္ ျပင္းထန္ျခင္းေၾကာင့္ သရက္အပြင့္မ်ားေျခာက္ကာ ေႂကြက် ျခင္း အစရွိသည့္ ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ သရက္သီးအ ထြက္ႏႈန္းမ်ား တစ္ႏွစ္ထက္တစ္ ႏွစ္ ေလ်ာ့က်လာေၾကာင္း သရက္ သီးစိုက္ေတာင္သူမ်ားက ေျပာ ၾကားသည္။

မႏၲေလးတိုင္းေဒသႀကီးရွိ ပုသိမ္ႀကီး၊ မတၱရာ၊ အမရပူရ၊ စဥ့္ကိုင္၊ တံတားဦး၊ ေက်ာက္ ဆည္၊ ျမစ္သား၊ ရမည္းသင္း၊ မိတၳီလာ အစရွိသည့္ၿမိဳ႕မ်ားတြင္ သရက္သီးစိုက္ပ်ိဳးျခင္းလုပ္ကိုင္ ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ယခုနှစ် လာနီညာရာသီ ဥတုကြောင့် အအေးဓာတ်ပိုမည် ဖြစ်၍ သရက်အထွက်နှုန်း လျော့ ကျနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီးရှိ သရက်စိုက်တောင် သူများက ပြောသည်။

အအေးဓာတ်လွန်ကဲမှု ကြောင့် သရက်သီးအိတ်မဖြုတ်မီ သံချေးတက်သည့်ပုံသဏ္ဌာန်များ ဖြစ်ပေါ်လာနိုင်ခြင်း၊ သရက်ပင် တွင် အအေးဓာတ်ကြောင့် မှို ရောဂါများ ဖြစ်ပွားခြင်း၊ သရက် သီးအထွက်နောက်ကျခြင်းတို့ ကြောင့် ယခုနှစ် သရက်သီးအ ထွက် လျော့ကျနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက် သီးအစုအဖွဲ့ အတွင်းရေးမှူး ဦးတင်အေးက ပြောသည်။

‘‘အသီးအနေနဲ့က နောက် ကျသွားနိုင်တယ်။ နည်းပညာသုံး တတ်တဲ့သူတွေကတော့ ပုံမှန် ရာသီလိုပဲ သွားလို့ရတယ်။ ထူးကဲတာက ဒီနှစ်မှာ အသီးထွက်နှုန်း က ကျဦးမှာ။ ဒါကြောင့် အခုအချိန်ကတည်းက စတင်ပြင်ဆင်ထား သင့်တယ်’’ဟု ဦးတင်အေးက ပြောကြားသည်။ သရက်သီးအထွက် နှုန်း လျော့ကျခြင်းမှ ကာကွယ်ရန် အ ပင်ကို သင့်လျော်သည့် ဆေးဝါး များကျွေးပြီး နောက်ပိုးသတ်ဆေး များ ဖျန်းထားရန်လိုအပ်ကာ အ ပင်အောက်ခြေတွင် ခြောက်သွေ့ အောင် ထားရန်လိုကြောင်း၊ ရေ ကို ဒီဇင်ဘာလောက်ကတည်းက ပေးရန် မလိုကြောင်း၊ အေးသည့် ရာသီတွင် ရေပေးပါက မှိုရောဂါ များ ဖြစ်ပွားနိုင်ကြောင်း ဆိုသည်။

နည်းပညာသမားများ၊ ပညာရှင်များ၊ စိုက်ထုတ်သည့် လုပ်ငန်း ရှင်များ၊ သရက်သီးစိုက်တောင် သူများ စုပေါင်းကာ တိုင်ပင်ဆွေး နွေးခြင်း၊ အစည်းအဝေးပြုလုပ် ခြင်းများ ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ အသီးထွက်နှုန်း ကောင်း လာမည်ဖြစ်ကြောင်း အမရပူရ မြို့နယ်ရှိ သရက်သီးစိုက်တောင် သူများက ပြောသည်။

လာနီညာရာသီဥတုကြောင့် လာမည့် အောက်တိုဘာနှင့် နိုဝင် ဘာတို့တွင် အအေးဓာတ်မြင့်မား လာမည်ဖြစ်၍ သီးနှံစိုက်ပျိုးသူ များ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးထားသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း ယခင်နှစ်များက မိုးရွာသွန်း ချိန် နည်းပါးခြင်းကြောင့် အစို ဓာတ်ရရှိမှု နည်းပါးခြင်း၊ နေအပူ ချိန် ပြင်းထန်ခြင်းကြောင့် သရက်အပွင့်များခြောက်ကာ ကြွေကျ ခြင်း အစရှိသည့် ရာသီဥတုဖောက်ပြန်မှုများကြောင့် သရက်သီးအ ထွက်နှုန်းများ တစ်နှစ်ထက်တစ် နှစ် လျော့ကျလာကြောင်း သရက် သီးစိုက်တောင်သူများက ပြော ကြားသည်။

မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီး၊ မတ္တရာ၊ အမရပူရ၊ စဥ့်ကိုင်၊ တံတားဦး၊ ကျောက် ဆည်၊ မြစ်သား၊ ရမည်းသင်း၊ မိတ္ထီလာ အစရှိသည့်မြို့များတွင် သရက်သီးစိုက်ပျိုးခြင်းလုပ်ကိုင် နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top