Property Expo
×


အမ်ိဳးသမီးမ်ား အျဖဴဆင္းၿပီး ယားယံပါက ေသြးခ်ိဳေရာဂါ၏ လကၡဏာတစ္ခု ျဖစ္ႏုိင္ေသာေၾကာင့္ သတိျပဳသင့္ေၾကာင္း သားဖြားမီးယပ္အထူးကုဆရာဝန္ႀကီး တြဲဖက္ပါေမာကၡ ေဒါက္တာစိုးလြင္က ေျပာသည္။

‘‘အျဖဴဆင္းတာမ်ားလာၿပီး ယားလာတယ္ဆုိရင္ေတာ့ သတိထားဖို႔လိုတယ္။ လူနာအမ်ိဳးသမီးတစ္ေယာက္ဆို ယားတာမခံႏုိင္ေတာ့လို႔ဆုိၿပီး ဆရာ့ဆီေရာက္လာတယ္။ ေသြးစစ္ၾကည့္လုိက္ေတာ့ ေသြးခ်ိဳေရာဂါျဖစ္ေနတယ္။ ကိုယ့္မွာ ေသြးခ်ိဳျဖစ္လာရင္ သတိထားေတာ့။ ေရာဂါပိုးေတြက အရမ္းႀကိဳက္တယ္။ မိႈပိုးေတြပြားလာတယ္။ မိႈသတ္တဲ့ ပိုးသတ္ေဆးေပးရင္ေတာင္ မေပ်ာက္ဘူး။ ေသြးအခ်ိဳဓာတ္ကို ေလ်ာ့ေစတဲ့ေဆးေတြနဲ႔ ကုမွပဲေပ်ာက္တယ္’’ဟု ၎က ဆုိသည္။

အမ်ိဳးသမီးမ်ား အျဖဴဆင္းျခင္းသည္ သဘာဝတရားတစ္ခုျဖစ္ၿပီး စိတ္ဖိစီးမႈႏွင့္ စိုးရိမ္ပူပန္မႈမ်ားျခင္း၊ ရာသီဥတုပူခ်ိန္၊ ရာသီခြင္အလယ္ သားဥေႂကြခ်ိန္၌ အျဖဴဆင္းမ်ားတတ္ေၾကာင္း၊ သို႔ေသာ္လည္း အျဖဴဆင္းမ်ားၿပီး အနံ႔နံျခင္း၊ ယားယံျခင္းႏွင့္ အေရာင္မ်ိဳးစံုပါေနပါက (သာမန္အျဖဴဆင္းသည့္အေရာင္သည္ အျဖဴေရာင္ အၾကည္ျဖစ္) ေရာဂါျဖစ္သည့္ လကၡဏာတစ္ရပ္ျဖစ္ေသာေၾကာင့္ သတိျပဳရန္လုိအပ္ေၾကာင္း ေဒါက္တာစိုးလြင္က ေျပာသည္။

ထို႔အျပင္ ကိုယ္ခံအားက်ဆင္းခ်ိန္တြင္ အျဖဴဆင္းမ်ားျခင္း၊ လိင္ဆက္ဆံဖက္ေၾကာင့္ ေရာဂါပိုးဝင္ျခင္းႏွင့္ အမ်ိဳးသမီးမ်ား၏ အညစ္အေၾကးစြန္႔ၿပီးခ်ိန္တြင္ သန္႔ရွင္းေရးလုပ္ေဆာင္သည့္ ပံုစံမွားယြင္းျခင္းတုိ႔ေၾကာင့္ ေရာဂါပိုးဝင္ၿပီး ယားယံကာ အျဖဴဆင္းမ်ားတတ္ေၾကာင္း သိရသည္။

‘‘အမ်ိဳးသမီးေတြက အညစ္အေၾကးစြန္႔ၿပီး သန္႔ရွင္းေရးလုပ္တဲ့အခါ ေနာက္ကေန ေရွ႕ကိုသုတ္သင္ၿပီး လုပ္ေလ့ရွိတယ္။ အမွန္က ေရွ႕ကေန ေနာက္ကို ေရေဆးရမယ္။ အဲဒီလို သန္႔ရွင္းေရးလုပ္တဲ့ပံုစံကမွားေတာ့ အညစ္အေၾကးမွာပါတဲ့ ပိုးေတြက ေမြးလမ္းေၾကာင္းနဲ႔ ဆီးႁပြန္ထိပ္ကို သြားထိၿပီး ပိုးေတြဝင္ကုန္တဲ့အတြက္ အျဖဴဆင္းမ်ားတာေတြ ရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ပံုမွန္သဘာဝအျဖဴဆင္းတာကိုပဲ ေရာဂါထင္ၿပီး တရားလြန္သန္႔ရွင္းေရးလုပ္တယ္။ ေမြးလမ္းေၾကာင္းမွာ ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့ ဗက္တီးရီးယားေတြရွိတယ္။ ဒါကိုသန္႔ခ်င္ေတာ့ ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာေတြ၊ ေဆးရည္ေတြ အရမ္းသံုးၾကတဲ့အတြက္ အက်ိဳးျပဳဗက္တီးရီးယားေတြ ေသကုန္တယ္။ ဒါေတြကိုသတိျပဳဖို႔လုိပါတယ္’’ဟု ေဒါက္တာစိုးလြင္က အႀကံျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမျိုးသမီးများ အဖြူဆင်းပြီး ယားယံပါက သွေးချိုရောဂါ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သောကြောင့် သတိပြုသင့်ကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောသည်။

‘‘အဖြူဆင်းတာများလာပြီး ယားလာတယ်ဆိုရင်တော့ သတိထားဖို့လိုတယ်။ လူနာအမျိုးသမီးတစ်ယောက်ဆို ယားတာမခံနိုင်တော့လို့ဆိုပြီး ဆရာ့ဆီရောက်လာတယ်။ သွေးစစ်ကြည့်လိုက်တော့ သွေးချိုရောဂါဖြစ်နေတယ်။ ကိုယ့်မှာ သွေးချိုဖြစ်လာရင် သတိထားတော့။ ရောဂါပိုးတွေက အရမ်းကြိုက်တယ်။ မှိုပိုးတွေပွားလာတယ်။ မှိုသတ်တဲ့ ပိုးသတ်ဆေးပေးရင်တောင် မပျောက်ဘူး။ သွေးအချိုဓာတ်ကို လျော့စေတဲ့ဆေးတွေနဲ့ ကုမှပဲပျောက်တယ်’’ဟု ၎င်းက ဆိုသည်။

အမျိုးသမီးများ အဖြူဆင်းခြင်းသည် သဘာဝတရားတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများခြင်း၊ ရာသီဥတုပူချိန်၊ ရာသီခွင်အလယ် သားဥကြွေချိန်၌ အဖြူဆင်းများတတ်ကြောင်း၊ သို့သော်လည်း အဖြူဆင်းများပြီး အနံ့နံခြင်း၊ ယားယံခြင်းနှင့် အရောင်မျိုးစုံပါနေပါက (သာမန်အဖြူဆင်းသည့်အရောင်သည် အဖြူရောင် အကြည်ဖြစ်) ရောဂါဖြစ်သည့် လက္ခဏာတစ်ရပ်ဖြစ်သောကြောင့် သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာစိုးလွင်က ပြောသည်။

ထို့အပြင် ကိုယ်ခံအားကျဆင်းချိန်တွင် အဖြူဆင်းများခြင်း၊ လိင်ဆက်ဆံဖက်ကြောင့် ရောဂါပိုးဝင်ခြင်းနှင့် အမျိုးသမီးများ၏ အညစ်အကြေးစွန့်ပြီးချိန်တွင် သန့်ရှင်းရေးလုပ်ဆောင်သည့် ပုံစံမှားယွင်းခြင်းတို့ကြောင့် ရောဂါပိုးဝင်ပြီး ယားယံကာ အဖြူဆင်းများတတ်ကြောင်း သိရသည်။

‘‘အမျိုးသမီးတွေက အညစ်အကြေးစွန့်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ နောက်ကနေ ရှေ့ကိုသုတ်သင်ပြီး လုပ်လေ့ရှိတယ်။ အမှန်က ရှေ့ကနေ နောက်ကို ရေဆေးရမယ်။ အဲဒီလို သန့်ရှင်းရေးလုပ်တဲ့ပုံစံကမှားတော့ အညစ်အကြေးမှာပါတဲ့ ပိုးတွေက မွေးလမ်းကြောင်းနဲ့ ဆီးပြွန်ထိပ်ကို သွားထိပြီး ပိုးတွေဝင်ကုန်တဲ့အတွက် အဖြူဆင်းများတာတွေ ရှိတယ်။ တချို့ကျတော့လည်း ပုံမှန်သဘာဝအဖြူဆင်းတာကိုပဲ ရောဂါထင်ပြီး တရားလွန်သန့်ရှင်းရေးလုပ်တယ်။ မွေးလမ်းကြောင်းမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဗက်တီးရီးယားတွေရှိတယ်။ ဒါကိုသန့်ချင်တော့ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေ၊ ဆေးရည်တွေ အရမ်းသုံးကြတဲ့အတွက် အကျိုးပြုဗက်တီးရီးယားတွေ သေကုန်တယ်။ ဒါတွေကိုသတိပြုဖို့လိုပါတယ်’’ဟု ဒေါက်တာစိုးလွင်က အကြံပြုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top