Property Expo
×

အေမရိကန္ျပည္ေထာင္စု၊ ဗာဂ်ီးနီယားျပည္နယ္က မိခင္တစ္ဦးဟာ သူမရဲ႕ ၁၇လသား ကေလးငယ္ကုိ ဗာဂ်ီးနီးယားျပည္နယ္က တိရစာၦန္ရုံကုိ ေခၚသြားတဲ့ ဗီဒီယုိကုိ ရုိက္ၿပီး တင္ခဲ့ပါတယ္။ ဗီဒီယိုကုိ “က်ားသစ္က ကေလးကုိ ကစားခ်င္လုိ႔ ဒါမွမဟုတ္ စားခ်င္လုိ႔” လုိ႔ ေရးထားခဲ့ပါတယ္။

ဗီဒီယုိကုိ စက္တင္ဘာလ ၁၄ရက္ေန႔တုန္းက ရုိက္ကူးခဲ့တာျဖစ္ၿပီး သူမရဲ႕ အသက္ ၁၇လသားကေလးငယ္ Grayson ဟာ ေလွာင္အိမ္ထဲကေန က်ားသစ္က ကုိက္ဖုိ႔အတြက္ လုိက္လံကုတ္ျခစ္ေနတာကုိေတာင္ မတုန္လႈပ္ပဲ ေပ်ာ္ေနခဲ့တာပါ။

မွန္ခံထားတယ္ဆုိေပမယ့္ သာမန္ကေလးတစ္ေယာက္အေနနဲ႔ မွန္ျခားေနလုိ႔ က်ားသစ္က ရန္မူဖုိ႔လုပ္ရင္ေတာင္ ေၾကာက္တတ္ၾကၿပီး သူကေတာ့ ေအးေအးေဆးေဆးေပ်ာ္ေပ်ာ္ရႊင္ရႊင္သာ ရွိေနခဲ့တာပါ။

က်ားသစ္အေနနဲ႔လည္း ကေလးကုိျမင္တဲ့အခါမွာ အူယားၿပီး မွန္ခံေနတဲ့ ကေလးကုိ လုိက္လံကုတ္ဖဲ့ေနခဲ့တာပါ။ “ကၽြန္မ သူ႔ကုိ တိရိစာၦန္ရုိင္းေတြ ရွိေနတဲ့ တိရိစာၦန္ရုံကုိ ေခၚသြားခဲ့ပါတယ္။ ဒီက်ားသစ္က Grayson နဲ႔ ကစားခ်င္တာလား၊ စားခ်င္ေနတာလားေတာ့မသိတဲ့ အျပဳအမူကုိလုပ္ေနခဲ့ပါတယ္၊ Grayson ကေတာ့ မတုန္လႈပ္ပဲ ေပ်ာ္ေတာင္ေပ်ာ္ေနပါေသးတယ္၊ ၾကားထဲကခံထားတဲ့ မွန္ကုိပဲ ေက်းဇူးတင္ပါရဲ႕” လုိ႔ ဆုိခဲ့တာပါ။

https://youtu.be/l-0DpYCCKFA

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီယားပြည်နယ်က မိခင်တစ်ဦးဟာ သူမရဲ့ ၁၇လသား ကလေးငယ်ကို ဗာဂျီးနီးယားပြည်နယ်က တိရစ္ဆာန်ရုံကို ခေါ်သွားတဲ့ ဗီဒီယိုကို ရိုက်ပြီး တင်ခဲ့ပါတယ်။ ဗီဒီယိုကို “ကျားသစ်က ကလေးကို ကစားချင်လို့ ဒါမှမဟုတ် စားချင်လို့” လို့ ရေးထားခဲ့ပါတယ်။

ဗီဒီယိုကို စက်တင်ဘာလ ၁၄ရက်နေ့တုန်းက ရိုက်ကူးခဲ့တာဖြစ်ပြီး သူမရဲ့ အသက် ၁၇လသားကလေးငယ် Grayson ဟာ လှောင်အိမ်ထဲကနေ ကျားသစ်က ကိုက်ဖို့အတွက် လိုက်လံကုတ်ခြစ်နေတာကိုတောင် မတုန်လှုပ်ပဲ ပျော်နေခဲ့တာပါ။

မှန်ခံထားတယ်ဆိုပေမယ့် သာမန်ကလေးတစ်ယောက်အနေနဲ့ မှန်ခြားနေလို့ ကျားသစ်က ရန်မူဖို့လုပ်ရင်တောင် ကြောက်တတ်ကြပြီး သူကတော့ အေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်သာ ရှိနေခဲ့တာပါ။

ကျားသစ်အနေနဲ့လည်း ကလေးကိုမြင်တဲ့အခါမှာ အူယားပြီး မှန်ခံနေတဲ့ ကလေးကို လိုက်လံကုတ်ဖဲ့နေခဲ့တာပါ။ “ကျွန်မ သူ့ကို တိရိစ္ဆာန်ရိုင်းတွေ ရှိနေတဲ့ တိရိစ္ဆာန်ရုံကို ခေါ်သွားခဲ့ပါတယ်။ ဒီကျားသစ်က Grayson နဲ့ ကစားချင်တာလား၊ စားချင်နေတာလားတော့မသိတဲ့ အပြုအမူကိုလုပ်နေခဲ့ပါတယ်၊ Grayson ကတော့ မတုန်လှုပ်ပဲ ပျော်တောင်ပျော်နေပါသေးတယ်၊ ကြားထဲကခံထားတဲ့ မှန်ကိုပဲ ကျေးဇူးတင်ပါရဲ့” လို့ ဆိုခဲ့တာပါ။


https://youtu.be/l-0DpYCCKFA


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top