Kantharyar Centre
×

စမတ္ဖုန္းစြဲျခင္းဟာ လူေတြရဲ႕ ေန႔စဥ္ဘဝကိုပါ အေႏွာင့္အယွက္ျဖစ္ေစတဲ့အထိ ျပႆနာျဖစ္ေနပါတယ္။ DistractaGone ဆိုတာ ဒီလိုျပႆနာကို ေျဖရွင္းေပးမယ့္ ဘူးေလးတစ္ဘူးျဖစ္ပါတယ္။ သူ႔နည္းက ရိုးရွင္းေပမဲ့ ကိုယ္ပိုင္နည္းစစ္စစ္ျဖစ္ပါတယ္။ ဖုန္းကို ဘူးထဲထည့္ထားလိုက္ရင္ သတ္မွတ္ထားတဲ့အခ်ိန္ျပည့္မွ ျပန္ဖြင့္လို႔ရတာျဖစ္ပါတယ္။ ထမင္းစားတဲ့အခ်ိန္၊ အလုပ္လုပ္တဲ့အခ်ိန္မ်ိဳးမွာ ဖုန္းပြတ္တာကို ထိန္းခ်ဳပ္လို႔မရႏုိင္သူေတြ အတြက္ေတာ့ အသံုးဝင္ပါတယ္။

ဘူးထဲကို ဖုန္းထည့္ျပီး အခ်ိန္သတ္မွတ္ျပီးတဲ့အခါ ငါးစကၠန္႔အတြင္း ျပန္ဖ်က္ႏုိင္ေပမဲ့ ေက်ာ္သြားရင္ေတာ့ သတ္မွတ္ေပးထားတဲ့ အခ်ိန္မွသာ ျပန္ဖြင့္လို႕ရမွာ ျဖစ္ပါတယ္။ အဆုိပါဘူးကို နယ္သာလန္ႏုိင္ငံက ဒီဇုိင္နာအခ်ိဳ႕က တီထြင္ခဲ့တာျဖစ္ျပီး လက္ရွိမွာေတာ့ ျပဳလုပ္ေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

စမတ်ဖုန်းစွဲခြင်းဟာ လူတွေရဲ့ နေ့စဉ်ဘဝကိုပါ အနှောင့်အယှက်ဖြစ်စေတဲ့အထိ ပြဿနာဖြစ်နေပါတယ်။ DistractaGone ဆိုတာ ဒီလိုပြဿနာကို ဖြေရှင်းပေးမယ့် ဘူးလေးတစ်ဘူးဖြစ်ပါတယ်။ သူ့နည်းက ရိုးရှင်းပေမဲ့ ကိုယ်ပိုင်နည်းစစ်စစ်ဖြစ်ပါတယ်။ ဖုန်းကို ဘူးထဲထည့်ထားလိုက်ရင် သတ်မှတ်ထားတဲ့အချိန်ပြည့်မှ ပြန်ဖွင့်လို့ရတာဖြစ်ပါတယ်။ ထမင်းစားတဲ့အချိန်၊ အလုပ်လုပ်တဲ့အချိန်မျိုးမှာ ဖုန်းပွတ်တာကို ထိန်းချုပ်လို့မရနိုင်သူတွေ အတွက်တော့ အသုံးဝင်ပါတယ်။

ဘူးထဲကို ဖုန်းထည့်ပြီး အချိန်သတ်မှတ်ပြီးတဲ့အခါ ငါးစက္ကန့်အတွင်း ပြန်ဖျက်နိုင်ပေမဲ့ ကျော်သွားရင်တော့ သတ်မှတ်ပေးထားတဲ့ အချိန်မှသာ ပြန်ဖွင့်လို့ရမှာ ဖြစ်ပါတယ်။ အဆိုပါဘူးကို နယ်သာလန်နိုင်ငံက ဒီဇိုင်နာအချို့က တီထွင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top