Kantharyar Centre
×

မနက္အိပ္ယာထထျခင္း ေရေသာက္တတ္တဲ့အက်င့္မ်ား ရွိသလို ႏြားႏို႔ေသာက္ တဲ့ အက်င့္ရွိသူမ်ားလည္း ရွိေနပါတယ္။

အမွန္စင္စစ္ အိပ္ယာထထ ျခင္းအေသာက္သင့္ဆံုး က ေရသာျဖစ္တယ္ လို႔ ေဆးပညာရွင္တို႔ ေလ့လာ အၾကံေပး ျပီးသား ျဖစ္ပါတယ္။ သာမန္လူ တစ္ေယာက္ဟာ ညတစ္ညတာ အိပ္စက္ျပီး မနက္အိပ္ယာ ထတဲ့အခါ ဝမ္းထဲမွ အစာေခ်ဖ်က္ထားတဲ့အတြက္ ရွင္းလင္းေနတတ္ပါတယ္။ အရွင္းၾကီးမဟုတ္ပဲ ေခ်ျဖတ္ ရန္ မလြယ္ကူတဲ့ စားၾကြင္း စားက်န္မ်ား က်န္ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ မနက္ အိပ္ယာထခ်ိန္ မွာ ေရတစ္ ခြက္ ေသာက္ရံုတင္ လံုေလာက္ပါတယ္။ ေရလည္း အလြံ႔အကြ်ံမေသာက္ရ ပါဘူး။

ႏြားႏုိ႔ဆုိရင္ ပိုလို႔ေတာင္ မေသာက္သင့္ပါဘူး။ ညအိပ္စက္ျပီး အစာေခ်ဖ်က္ျပီးေနာက္ အူလမ္းေၾကာင္းဟာ ညမွာ ေတာ္ေတာ္ေလး အလုပ္လုပ္ထားပါတယ္။ ႏြားႏုိ႔ဆုိတာ အမ်ားစုသိထားတာက ပရိုတိန္းၾကြယ္ ဝတယ္ ဆုိျခင္း ျဖစ္ျပီး ဗိုက္ထဲမွာ အက္ဆစ္ဓာတ္ေတြျပည့္ေနတာေတာ့ သတိထားမိသူနည္းမွာ ျဖစ္ပါ တယ္။

ဝမ္းထဲမွာ ေခ်ဖ်က္စရာ အစာမရွိေတာ့တဲ့အတြက္ အစာေခ်ဖ်က္ေပးတဲ့ Gastric acid ဟာ အစာအိမ္ထဲမွာ ေနရာတကာ ရွိေနပါတယ္။ ပရိုတိန္းဓာတ္/ ကစီဓာတ္ ျပည့္ေနတဲ့ ႏြားႏို႔ တစ္ခြက္ကုိ ေသာက္ လိုက္ျခင္း အားျဖင့္ အစာေခ်ျဖတ္စရာ မရွိလု႔ိ အားခဲေနတဲ့ Gastric acid က ဝင္လာတဲ့ ႏြားႏို႔ကို အငမ္းမရ ေခ်ဖ်က္ပါ ေတာ့တယ္။ ဒီမွာ Gastric Acid က ပရိုတိန္းဓာတ္ကို ေခ်ဖ်က္ဖို႔ ေကာင္းေကာင္း ဓာတ္မျပဳႏိုင္ပါဘူး။ ဒါေၾကာင့္ မေခ်ဖ်က္ႏိုင္တဲ့ ၊ ဝမ္းထဲသို႔ စြဲယူရန္ ခဲယဥ္းတဲ့ အာဟာရ ဓာတ္ေတြဟာ အူလမ္းေၾကာင္းေတြမွာ က်န္ခဲ့ပါတယ္။

ဒါေၾကာင့္ ျဖစ္လာတဲ့အက်ိဳးဆက္ကေတာ့ ေသာက္လိုက္တဲ့ ႏြားႏို႔ဟာ အာဟာရ မျဖစ္တဲ့အျပင္ အစာ မေၾကျခင္း နဲ႔ ဝမ္းေလွ်ာျခင္းကို ျဖစ္ေစ ပါတယ္။

ဒါေၾကာင့္ မနက္အိပ္ယာထ ႏြားႏုိ႔ေသာက္ခ်င္သပဆုိရင္ေတာ့ အစားအစာ တစ္ခုခုနဲ႔ တြဲသင့္ပါတယ္။ ဥပမာ- ကြတ္ကီး၊ ဘီစကစ္၊ ေပါင္မုန႔္ အစရွိသျဖင့္။ အဲဒီအစားအစာေတြနဲ႔သာ ေရာစားေသာက္ရင္ ႏြားႏုိ႔ ဟာ အစာအိမ္မွာ အေျခဖ်က္ခံဖို႔အတြက္ ၾကာၾကာေနႏိုင္မွာ ျဖစ္ပါတယ္။ မဟုတ္ရင္ အူလမ္းေၾကာင္း ေတြထဲကို အလိုအေလ်ာက္ပ်ံ ႔ႏွ႔ံျပီး အထက္ေဖာ္ျပပါ ဆုိးက်ိဳးမ်ားကုိ ျဖစ္ေပၚေနႏိုင္ပါတယ္။ ႏြားႏို႔၊ ပဲႏို႔တို႔ဆုိရင္ အစာအိမ္ထဲမွာ အစာရွိမွ ေသာက္သံုးသင့္တဲ့ ကဆီဓာတ္ၾကြယ္အစား အစာမ်ား ျဖစ္ပါတယ္။

ဒါေၾကာင့္ မနက္အိပ္ယာထခ်ိန္မွာ အေကာင္းဆံုးက ေရတစ္ ခြက္ ျဖစ္ျပီး ႏြားႏုိ႔၊ ပဲႏုိ႔ ေသာက္သံုးျခင္းကို ေရွာင္ၾကဥ္ရန္ လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ( ရိုးရာေလး )

Unicode Version

မနက်အိပ်ယာထထခြင်း ရေသောက်တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။

အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ ဆေးပညာရှင်တို့ လေ့လာ အကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး မနက်အိပ်ယာ ထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ အရှင်းကြီးမဟုတ်ပဲ ချေဖြတ် ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန် မှာ ရေတစ် ခွက် သောက်ရုံတင် လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။

နွားနို့ဆိုရင် ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ အများစုသိထားတာက ပရိုတိန်းကြွယ် ဝတယ် ဆိုခြင်း ဖြစ်ပြီး ဗိုက်ထဲမှာ အက်ဆစ်ဓာတ်တွေပြည့်နေတာတော့ သတိထားမိသူနည်းမှာ ဖြစ်ပါ တယ်။

ဝမ်းထဲမှာ ချေဖျက်စရာ အစာမရှိတော့တဲ့အတွက် အစာချေဖျက်ပေးတဲ့ Gastric acid ဟာ အစာအိမ်ထဲမှာ နေရာတကာ ရှိနေပါတယ်။ ပရိုတိန်းဓာတ်/ ကစီဓာတ် ပြည့်နေတဲ့ နွားနို့ တစ်ခွက်ကို သောက် လိုက်ခြင်း အားဖြင့် အစာချေဖြတ်စရာ မရှိလု့ိ အားခဲနေတဲ့ Gastric acid က ဝင်လာတဲ့ နွားနို့ကို အငမ်းမရ ချေဖျက်ပါ တော့တယ်။ ဒီမှာ Gastric Acid က ပရိုတိန်းဓာတ်ကို ချေဖျက်ဖို့ ကောင်းကောင်း ဓာတ်မပြုနိုင်ပါဘူး။ ဒါကြောင့် မချေဖျက်နိုင်တဲ့ ၊ ဝမ်းထဲသို့ စွဲယူရန် ခဲယဉ်းတဲ့ အာဟာရ ဓာတ်တွေဟာ အူလမ်းကြောင်းတွေမှာ ကျန်ခဲ့ပါတယ်။

ဒါကြောင့် ဖြစ်လာတဲ့အကျိုးဆက်ကတော့ သောက်လိုက်တဲ့ နွားနို့ဟာ အာဟာရ မဖြစ်တဲ့အပြင် အစာ မကြေခြင်း နဲ့ ဝမ်းလျှောခြင်းကို ဖြစ်စေ ပါတယ်။

ဒါကြောင့် မနက်အိပ်ယာထ နွားနို့သောက်ချင်သပဆိုရင်တော့ အစားအစာ တစ်ခုခုနဲ့ တွဲသင့်ပါတယ်။ ဥပမာ- ကွတ်ကီး၊ ဘီစကစ်၊ ပေါင်မုန့် အစရှိသဖြင့်။ အဲဒီအစားအစာတွေနဲ့သာ ရောစားသောက်ရင် နွားနို့ ဟာ အစာအိမ်မှာ အခြေဖျက်ခံဖို့အတွက် ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အူလမ်းကြောင်း တွေထဲကို အလိုအလျောက်ပျံ့နှံ့ပြီး အထက်ဖော်ပြပါ ဆိုးကျိုးများကို ဖြစ်ပေါ်နေနိုင်ပါတယ်။ နွားနို့၊ ပဲနို့တို့ဆိုရင် အစာအိမ်ထဲမှာ အစာရှိမှ သောက်သုံးသင့်တဲ့ ကဆီဓာတ်ကြွယ်အစား အစာများ ဖြစ်ပါတယ်။

ဒါကြောင့် မနက်အိပ်ယာထချိန်မှာ အကောင်းဆုံးက ရေတစ် ခွက် ဖြစ်ပြီး နွားနို့၊ ပဲနို့ သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ( ရိုးရာလေး )
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top