Kantharyar Centre
×

ဗိုက္ေခါက္ထူလာလို႔ ကိုယ္ႀကိဳက္တဲ့ အဝတ္အစားေလးေတြ မဝတ္ႏိုင္ေတာ့တဲ့ အခါ စိတ္မသက္အသာ ျဖစ္ရသူေတြ အမ်ားႀကီး ရွိပါတယ္။

လ့က်င့္ခန္း၊ အစားအေသာက္ေတြနဲ႔ အဆီက်ဖို႕ ႀကိဳးစားေနရင္ေတာင္ ဗိုက္ကအဆီေတြ မက်သြားတာေတြ ရွိပါတယ္။ ဒီတစ္ပတ္မွာေတာ့ ဗိုက္က အဆီဘာေၾကာင့္ လြယ္လြယ္မက်ရသလဲဆိုတဲ့ အေၾကာင္းရင္းေတြကို မွ်ေဝလိုက္ရပါတယ္။

၁) အရက္ ေသာက္တာ -  အရက္ပုံမွန္ ေသာက္သုံးေတြ ၊ ပမာဏမ်ားမ်ား ေသာက္သုံးသူေတြဆိုရင္ ဗိုက္ အဆီက်ဖို႔ ခဲယဥ္းပါတယ္။

၂) အသက္ႀကီးလာတာ - အသက္ႀကီးလာတာနဲ႔ အမွ် ဇီဝကမၼျဖစ္စဥ္ေတြ ေျပာင္းလဲလာၿပီး ဗိုက္က အဆီကို ေလွ်ာ့ခ်ဖို႔ ခက္ခဲလာတယ္လို႔ သိရပါတယ္။

၃) ေလ့က်င့္ခန္းလုပ္ပုံလုပ္နည္း မွားေနတာ - တိက်ၿပီး ထိေရာက္တဲ့ ေလ့က်င့္ခန္းမ်ိဳး မဟုတ္တာေတြ၊ ေလ့က်င့္ခန္းလုပ္ပါလ်က္နဲ႕ ပုံစံမမွန္ကန္တာေတြ ျဖစ္ေနရင္ ဗိုက္အဆီ က်ဖို႔အတြက္ ထိေရာက္ေစမွာ မဟုတ္ပါဘူး။ ထိေရာက္တဲ့ အေနအထားထိ မလုပ္ဘဲ ေပါ့ေပါ့ပါးပါးဘဲ လုပ္ေနရင္လည္း ထူးျခားလာမွာ မဟုတ္ပါဘူး။
၄) သဘာဝမဟုတ္တဲ့ အစားအေသာက္ေတြ စားတာ - သဘာဝအသီးအႏွံေတြ၊ဟင္းသီးဟင္းရြက္ေတြ မဟုတ္ဘဲ ေၾကာ္ခ်က္ထားတဲ့ အာလူးေၾကာ္ေတြ ၊ ဘီစကစ္ေတြ ၊ ေပါင္မုန္႔အျဖဴေတြ စားတာက ဗိုက္ကို အဆီတက္ေစပါတယ္။

၅) က်န္းမာေရးအတြက္ မေကာင္းတဲ့ အဆီေတြစားတာ - အသားငါးေတြမွာ ပါတဲ့ အဆီေတြက လူကို ပို ဝ ေစပါတယ္။ ေနၾကာဆီ၊သံလြင္ဆီ၊ငါးႀကီးဆီတို႔လို အဆီမ်ိဳးေတြကေတာ့ က်န္းမာေရးကို အေထာက္အကူျပဳပါတယ္။

၆) အိပ္ေရးမဝတာ - အိပ္ခ်ိန္ ငါးနာရီ ၊ဒါမွ မဟုတ္ ငါးနာရီထက္ ပိုနည္းတဲ့ သူေတြဆီမွာ ဗိုက္ အဆီတက္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားတယ္လို႔ သိရပါတယ္

၇) ပန္းသီးပုံ ခႏၶာကိုယ္ ျဖစ္ေနတာ - တကယ္လို႔ သင့္ တင္ပါးနဲ႕ ေပါင္ေတြမွာထက္  ဗိုက္နဲ႕ ခါးမွာ အသားေတြ အဆီေတြ ပိုထူေနတာဟာ ဟိုးငယ္ငယ္ကတည္းက ဆိုရင္ ပန္းသီးပုံ ခႏၶာကိုယ္လို႔ ေခၚပါတယ္။ ဒီလိုလူေတြက ဗိုက္အဆီက်ဖို႔ ပိုခက္ခဲပါတယ္။ ဒါေပမယ့္ အဆီက်ဖို႔ လုံးဝ မျဖစ္ႏိုင္တာေတာ့ မဟုတ္ပါဘူးတဲ့။

၈) ေနမေကာင္းျဖစ္တာ - တက္စတို စတီရုန္း လို႔ ေခၚတဲ့ ေဟာ္မုန္းေတြ ျမင့္တက္ေနမယ္ဆိုရင္ အဆီေတြ စုလာႏိုင္ေခ်ပိုမ်ားတယ္လို႔ သိရပါတယ္။  အေပၚမွာ ေျပာခဲ့သလို ပန္းသီးပုံခႏၶာကိုယ္ ျဖစ္ေနၿပီး ကိုယ္အေလးခ်ိန္လည္းမ်ားေနမယ္ဆိုရင္ ဆီးခ်ိဳေရာဂါျဖစ္လာႏိုင္မယ့္ အေနအထားျဖစ္လို႔ သတိထားသင့္ပါတယ္။

၉) စိတ္အားထက္သန္မႈ မရွိတာ - တကယ္ဝိတ္က်ေအာင္ ျပင္ဆင္ႀကိဳးစားမယ္လို႔ စိတ္အားထက္သန္မႈ မရွိရင္ ေလ့က်င့္ခန္းေတြ၊ အစားအေသာက္ ေလွ်ာ့တာေတြနဲ႕ ႀကိဳးစားလည္း ခဏပဲ ျဖစ္ၿပီး စိတ္ေလွ်ာ့ထားတာနဲ႕ အဆုံးသတ္သြားမွာပါ။ ဒီအတိုင္းဆို ဗိုက္အဆီတကယ္က်ႏိုင္ဖို႔အေရး ေဝး ေနဦးမွာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : yoyarlay


#Unicode Version

ဗိုက်ခေါက်ထူလာလို့ ကိုယ်ကြိုက်တဲ့ အဝတ်အစားလေးတွေ မဝတ်နိုင်တော့တဲ့ အခါ စိတ်မသက်အသာ ဖြစ်ရသူတွေ အများကြီး ရှိပါတယ်။

လ့ကျင့်ခန်း၊ အစားအသောက်တွေနဲ့ အဆီကျဖို့ ကြိုးစားနေရင်တောင် ဗိုက်ကအဆီတွေ မကျသွားတာတွေ ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ဗိုက်က အဆီဘာကြောင့် လွယ်လွယ်မကျရသလဲဆိုတဲ့ အကြောင်းရင်းတွေကို မျှဝေလိုက်ရပါတယ်။

၁) အရက် သောက်တာ -  အရက်ပုံမှန် သောက်သုံးတွေ ၊ ပမာဏများများ သောက်သုံးသူတွေဆိုရင် ဗိုက် အဆီကျဖို့ ခဲယဉ်းပါတယ်။

၂) အသက်ကြီးလာတာ - အသက်ကြီးလာတာနဲ့ အမျှ ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲလာပြီး ဗိုက်က အဆီကို လျှော့ချဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။


၃) လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်း မှားနေတာ - တိကျပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းမျိုး မဟုတ်တာတွေ၊ လေ့ကျင့်ခန်းလုပ်ပါလျက်နဲ့ ပုံစံမမှန်ကန်တာတွေ ဖြစ်နေရင် ဗိုက်အဆီ ကျဖို့အတွက် ထိရောက်စေမှာ မဟုတ်ပါဘူး။ ထိရောက်တဲ့ အနေအထားထိ မလုပ်ဘဲ ပေါ့ပေါ့ပါးပါးဘဲ လုပ်နေရင်လည်း ထူးခြားလာမှာ မဟုတ်ပါဘူး။

၄) သဘာဝမဟုတ်တဲ့ အစားအသောက်တွေ စားတာ - သဘာဝအသီးအနှံတွေ၊ဟင်းသီးဟင်းရွက်တွေ မဟုတ်ဘဲ ကြော်ချက်ထားတဲ့ အာလူးကြော်တွေ ၊ ဘီစကစ်တွေ ၊ ပေါင်မုန့်အဖြူတွေ စားတာက ဗိုက်ကို အဆီတက်စေပါတယ်။

၅) ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီတွေစားတာ - အသားငါးတွေမှာ ပါတဲ့ အဆီတွေက လူကို ပို ဝ စေပါတယ်။ နေကြာဆီ၊သံလွင်ဆီ၊ငါးကြီးဆီတို့လို အဆီမျိုးတွေကတော့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၆) အိပ်ရေးမဝတာ - အိပ်ချိန် ငါးနာရီ ၊ဒါမှ မဟုတ် ငါးနာရီထက် ပိုနည်းတဲ့ သူတွေဆီမှာ ဗိုက် အဆီတက်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်

၇) ပန်းသီးပုံ ခန္ဓာကိုယ် ဖြစ်နေတာ - တကယ်လို့ သင့် တင်ပါးနဲ့ ပေါင်တွေမှာထက်  ဗိုက်နဲ့ ခါးမှာ အသားတွေ အဆီတွေ ပိုထူနေတာဟာ ဟိုးငယ်ငယ်ကတည်းက ဆိုရင် ပန်းသီးပုံ ခန္ဓာကိုယ်လို့ ခေါ်ပါတယ်။ ဒီလိုလူတွေက ဗိုက်အဆီကျဖို့ ပိုခက်ခဲပါတယ်။ ဒါပေမယ့် အဆီကျဖို့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးတဲ့။

၈) နေမကောင်းဖြစ်တာ - တက်စတို စတီရုန်း လို့ ခေါ်တဲ့ ဟော်မုန်းတွေ မြင့်တက်နေမယ်ဆိုရင် အဆီတွေ စုလာနိုင်ချေပိုများတယ်လို့ သိရပါတယ်။  အပေါ်မှာ ပြောခဲ့သလို ပန်းသီးပုံခန္ဓာကိုယ် ဖြစ်နေပြီး ကိုယ်အလေးချိန်လည်းများနေမယ်ဆိုရင် ဆီးချိုရောဂါဖြစ်လာနိုင်မယ့် အနေအထားဖြစ်လို့ သတိထားသင့်ပါတယ်။

၉) စိတ်အားထက်သန်မှု မရှိတာ - တကယ်ဝိတ်ကျအောင် ပြင်ဆင်ကြိုးစားမယ်လို့ စိတ်အားထက်သန်မှု မရှိရင် လေ့ကျင့်ခန်းတွေ၊ အစားအသောက် လျှော့တာတွေနဲ့ ကြိုးစားလည်း ခဏပဲ ဖြစ်ပြီး စိတ်လျှော့ထားတာနဲ့ အဆုံးသတ်သွားမှာပါ။ ဒီအတိုင်းဆို ဗိုက်အဆီတကယ်ကျနိုင်ဖို့အရေး ဝေး နေဦးမှာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top