Kantharyar Centre
×




Credit : Duwun


#Unicode Version

အော်ရီဒူးဆင်းမ်ကတ်တွေကို အသုံးပြုတဲ့သူတွေအနေနဲ့ အွန်လိုင်းကနေတစ်ဆင့် ဆင်းမ်ကက်တွေကို မှတ်ပုံတင်နိုင်ပြီလို့ အော်ရီဒူးမြန်မာကုမ္မဏီက ကြေညာခဲ့ပါတယ်။

ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ချင်တဲ့သူတွေအနေနဲ့ *666# ကို ပထမဦးဆုံးခေါ်ဆိုပြီး မှတ်ပုံတင်ထားခြင်းရှိ၊ မရှိကို စစ်ဆေးရမှာဖြစ်ပြီး မှတ်ပုံမတင်ထားတဲ့ ဆင်းမ်ကတ်တွေကို အွန်လိုင်းကနေ မှတ်ပုံတင်နိုင်တဲ့ လင့်ခ်တစ်ခုကို အော်ရီဒူးက ပြန်လည်ပေးပို့သွားမယ်လို့ သိရပါတယ်။

အော်ရီဒူးက ပြန်လည်ပေးပို့တဲ့ လင်ခ့်ကိုပြန်ရရင် အဲဒီလင့်ခ်ထဲကိုဝင်ရောက်ပြီး စည်းကမ်းချက်တွေအတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ဓာတ်ပုံဖိုင်အနေနဲ့ ပူးတွဲပေးပို့လျှောက်ထားရမှာဖြစ်ပြီး အွန်လိုင်းကနေ မှတ်ပုံတင်တဲ့လူတွေကိုလည်း Ooredoo က ဆုလက်ဆောင်တွေ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top