Property Expo
×

အသက္ ၈၀ အရြယ္လူၾကီးတစ္ဦးလို ရုပ္ရည္မ်ဳိးနဲ႕ ကေလးငယ္ေလးတစ္ဦးကို  ဘိန္းလားေဒ့ခ်္ႏုိင္ငံ မာဂုိရာေဒသမွာ တနဂၤေႏြေန႔က ေမြးဖြားခဲ့ပါတယ္။ ဒီကေလးငယ္ဟာ Progeria လုိ႔ေခၚတဲ့ မၾကဳံစဖူးေရာဂါတစ္မ်ဳိး ခံစားေနရျပီးဆရာဝန္ေတြကို အံ့ၾသမင္သက္ျဖစ္ေစခဲ့ပါတယ္။

ကေလးငယ္ဟာ မ်က္ႏွာေပၚ အစင္းအေၾကာင္းေတြ၊ ေသြးေကြးတဲ့ ခႏၶာကိုယ္နဲ႔ ၾကီးမားတဲ့ မ်က္ေပါက္ေတြ ပိုင္ဆုိင္ထားပါတယ္။ ဒါေပမယ့္ ကေလးမိဘေတြကေတာ့ သူတုိ႔ရဲ႕အံ့ၾသဖြယ္ ရင္ေသြးေမြးဖြားမႈေၾကာင့္ ဂုဏ္ယူဝင့္ၾကြားျဖစ္ေနၾကပါတယ္။ လယ္သမားတစ္ဦးျဖစ္တဲ့ ကေလးငယ္ရဲ႕ဖခင္ Biswajit Patro ဟာ ဝမ္းသာပီတိျဖစ္ျပီး အေပ်ာ္မထိန္းႏုိင္ေအာင္ ျဖစ္ေနခဲ့တယ္လုိ႔ သိရပါတယ္။

"ကြ်ႏု္ပ္တုိ႔ ဘုရားသခင္ကိုသာ ေက်းဇူးတင္မိတယ္။ သားေလးရဲ႕ရုပ္အသြင္ျပင္နဲ႔ပတ္သက္ျပီး စိတ္မေကာင္းျဖစ္စရာ မလုိပါဘူး။ ျဖစ္တဲ့အတုိင္း လက္ခံရပါမယ္။ ဒီအိမ္မွာ ကေလးတစ္ေယာက္ရိွတာ အရမ္းဝမ္းေျမာက္မိတယ္"လုိ႔ သူက ဆုိပါတယ္။ Biswajit နဲ႔ သူ႔ဇနီး Parul Patro တုိ႔ဟာ သူတုိ႔ကေလးကို ၾကိတ္ၾကိတ္တုိးေအာင္ အိမ္အထိ လာေရာက္ၾကည့္ရႈသူ ဧည့္သည္ေတြ ဧည့္ခံေနရတာနဲ႕တင္ ေတာ္ေတာ္ေလး အလုပ္မ်ားေနၾကပါတယ္။

အလည္အပတ္ေရာက္လာသူေတြမ်ားစြာထဲမွာ ေဆြမ်ဳိးသားခ်င္းေတြ၊ အိမ္နီးနားခ်င္းေတြနဲ႔ အနီးနားရိွရြာေတြက လူေတြေတာင္ လာေရာက္ၾကပါတယ္။ သူတုိ႔အားလုံးကို ဧည့္ခံေပးတာ ေပ်ာ္ရႊင္မိေၾကာင္း Biswajit က ေျပာပါတယ္။

ကြ်န္မတို႔မွာ သမီးေလး တစ္ေယာက္ ရိွႏွင့္ျပီးျဖစ္ပါတယ္။ အခုအခါ မိသားစုဝင္ေလးေယာက္ျဖစ္ျပီ။ ဘာမ်ားလုိေသးလုိ႔လဲ လုိ႔ သူမက ဆုိပါတယ္။ ေဒသဆိုင္ရာေဆးရုံက ဆရာဝန္ေတြဟာ Patro တုိ႔ မိသားစုကုိ ကေလးေနေကာင္းသြားမွာပါလုိ႔ ေသခ်ာေျပာဆုိထားေပမယ့္ ကေလးငယ္ကို ေဆးကုသဖို႔ ဘယ္လိုစီမံေဆာင္ရြက္မလဲဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါဘူး။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

အသက် ၈၀ အရွယ်လူကြီးတစ်ဦးလို ရုပ်ရည်မျိုးနဲ့ ကလေးငယ်လေးတစ်ဦးကို  ဘိန်းလားဒေ့ချ်နိုင်ငံ မာဂိုရာဒေသမှာ တနင်္ဂနွေနေ့က မွေးဖွားခဲ့ပါတယ်။ ဒီကလေးငယ်ဟာ Progeria လို့ခေါ်တဲ့ မကြုံစဖူးရောဂါတစ်မျိုး ခံစားနေရပြီးဆရာဝန်တွေကို အံ့သြမင်သက်ဖြစ်စေခဲ့ပါတယ်။

ကလေးငယ်ဟာ မျက်နှာပေါ် အစင်းအကြောင်းတွေ၊ သွေးကွေးတဲ့ ခန္ဓာကိုယ်နဲ့ ကြီးမားတဲ့ မျက်ပေါက်တွေ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ကလေးမိဘတွေကတော့ သူတို့ရဲ့အံ့သြဖွယ် ရင်သွေးမွေးဖွားမှုကြောင့် ဂုဏ်ယူဝင့်ကြွားဖြစ်နေကြပါတယ်။ လယ်သမားတစ်ဦးဖြစ်တဲ့ ကလေးငယ်ရဲ့ဖခင် Biswajit Patro ဟာ ဝမ်းသာပီတိဖြစ်ပြီး အပျော်မထိန်းနိုင်အောင် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

"ကျွနု်ပ်တို့ ဘုရားသခင်ကိုသာ ကျေးဇူးတင်မိတယ်။ သားလေးရဲ့ရုပ်အသွင်ပြင်နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်စရာ မလိုပါဘူး။ ဖြစ်တဲ့အတိုင်း လက်ခံရပါမယ်။ ဒီအိမ်မှာ ကလေးတစ်ယောက်ရှိတာ အရမ်းဝမ်းမြောက်မိတယ်"လို့ သူက ဆိုပါတယ်။ Biswajit နဲ့ သူ့ဇနီး Parul Patro တို့ဟာ သူတို့ကလေးကို ကြိတ်ကြိတ်တိုးအောင် အိမ်အထိ လာရောက်ကြည့်ရှုသူ ဧည့်သည်တွေ ဧည့်ခံနေရတာနဲ့တင် တော်တော်လေး အလုပ်များနေကြပါတယ်။

အလည်အပတ်ရောက်လာသူတွေများစွာထဲမှာ ဆွေမျိုးသားချင်းတွေ၊ အိမ်နီးနားချင်းတွေနဲ့ အနီးနားရှိရွာတွေက လူတွေတောင် လာရောက်ကြပါတယ်။ သူတို့အားလုံးကို ဧည့်ခံပေးတာ ပျော်ရွှင်မိကြောင်း Biswajit က ပြောပါတယ်။

ကျွန်မတို့မှာ သမီးလေး တစ်ယောက် ရှိနှင့်ပြီးဖြစ်ပါတယ်။ အခုအခါ မိသားစုဝင်လေးယောက်ဖြစ်ပြီ။ ဘာများလိုသေးလို့လဲ လို့ သူမက ဆိုပါတယ်။ ဒေသဆိုင်ရာဆေးရုံက ဆရာဝန်တွေဟာ Patro တို့ မိသားစုကို ကလေးနေကောင်းသွားမှာပါလို့ သေချာပြောဆိုထားပေမယ့် ကလေးငယ်ကို ဆေးကုသဖို့ ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top