Property Expo
×

ေဒၚေအာင္ဆန္းစုၾကည္၏သား ကင္မ္ (ဘယ္)၊ ေဒၚေအာင္ဆန္းစုၾကည္၏ ေျမး (လယ္)ႏွင့္ ဘီဘီစီသတင္းေထာက္ ကိုေက်ာ္ေဇယ် (ဓာတ္ပံု – ေက်ာ္ေဇယ်)

 ၿဗိတိန္ႏိုင္ငံ၊အဂၤလန္ကိုေရာက္ေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဖို႔သြားတဲ့ သားအငယ္ျဖစ္သူ ကင္မ္နဲ႔ ဘီဘီစီသတင္းဌာနက ကိုေက်ာ္ေဇယ်တို႔ဟာ တိုက္တိုက္ဆိုင္ဆိုင္ဆိုသလို လန္ဒန္က ဘတ္စ္ကားတစီးေပၚမွာ သြားဆံုခဲ့ၾကပါတယ္။

ေဒၚစုသား ကင္မ္နဲ႔အတူ သူ႔သား(ေဒၚစု ေျမး)လည္း ကားေပၚပါလာၿပီး သတင္းေထာက္နဲ႔ ကင္မ္တို႔ ထိုင္ေနၾကတဲ့ ခံုေနာက္ကသူဟာ ကင့္မ္သား ေဒၚစု ေျမး ျဖစ္ပါတယ္။

ကိုေက်ာ္ေဇယ်က အဲ့ဒီ ဓာတ္ပံုနဲ႔ စာေၾကာင္းတခ်ိဳ႔ ခုလို ေရးတင္ထားလိုက္ၿပီး လိုက္ခ္ထားသူ ၇၀၀၀၀ ေက်ာ္ရွိၿပီး ရွယ္ထားသူ ၂၅၀၀ ခန္႔ရွိတာ ေတြ႔ရပါတယ္။

ကိုေက်ာ္ေဇယ် ေရးထားတာက “သူနဲ႔ေတြ႔ရတာ ဝမ္းသာရပါတယ္။ ခါတိုင္းဆို ေျမေအာက္ ရထားစီးေနၾက ဒီေနေတာ့ ဘတ္စ္ကား စီးခ်င္လို႔ စီးမိတယ္။ တိုက္တိုက္ဆိုင္ဆိုင္ သူနဲ႔ ေတြ႔တာပဲ။

အစမွာ ကိုယ့္ရဲ႕ ေနာက္ခံုမွာ သူက သြားထိုင္ေနတာ၊ သူ ကားေပၚ တက္လာကတည္းက သူ႔ကို မ်က္ေျခမပ်က္ လိုက္ၾကည့္ေနခဲ့တာ။

တခ်က္ကေလး အၾကည့္ခ်င္းဆံုေတာ့ မင္းက ကင္မ္ မဟုတ္လားဆိုေတာ့ သူက ဟုတ္ပါတယ္၊ ငါပါတဲ့။ ငါ့ေဘးနား လာ ထိုင္မလား ဆိုေတာ့ ရတယ္ေလတဲ့။

(ကံေကာင္းခ်င္ေတာ့ ကိုယ့္ေဘးမွာ ခံုက လြတ္ေနတယ္)

အဲဒါနဲ႔ စကားစျမည္ေပါ့ မင္း အေမ လာမွာ ငါသိပါတယ္ေပါ့၊ ငါက သတင္းဌာနမွာ အလုပ္လုပ္တာ မင္း အခု သြားေတြ႔မလို႔လား ဆိုေတာ့ ေအး …တဲ့။

ေနာက္က ငါ့သားေလတဲ့ သမီးကို သြားေခၚေနတာ ၿပီးရင္ ဟိုတယ္ကို သြားမွာလို႔ ျပန္ေျပာတယ္။
READ  ဗန္းျပေဆြးေႏြးပြဲမ်ိဳး ေဒၚေအာင္ဆန္းစုၾကည္ အလိုမရွိ

အဲဒီေတာ့မွ သူက သူ႔သားနဲ႔ အတူတူ ထိုင္ေနတာပါလား သိၿပီး အားနာသြားတယ္။ ေဆာရီးပါ ဆိုေတာ့ ရပါတယ္လို႔ ခပ္ေအးေအးပဲ ျပန္ေျပာတယ္။ မင္း ကို ငါတစ္ခု ေမးခ်င္လို႔ စိတ္မရွိပါနဲ႔ ဆိုေတာ့ ေမးပါတဲ့။

ဒါနဲ႔ မင္း ျမန္မာျပည္ သြားဖို႔ စိတ္မကူးဘူးလား ဆိုေတာ့ I doubt it လို႔ ျပန္ေျပာတယ္။

မင္း အေမက အဆင္ေျပေနၿပီပဲ ဆိုေတာ့ ငါ့ အေမ အဆင္ေျပ မွ ငါျပန္သြားရင္ တခ်ိဳ႕က ေျပာၾကမယ္ ၿပီးေတာ့ လူတအုပ္က သူ (သူမကိုဆိုလိုျခင္း ျဖစ္ဟန္တူ) ဘာလုပ္လုပ္ အျပစ္ျမင္ ေနမွာ စိုးတယ္တဲ့။

သူ႔မွာ အေမနဲ႔ ပတ္သက္လို႔ ခံစားခ်က္ အေတာ္ ရွိမယ္လို႔ သူ႔မ်က္ဝန္းေတြကို ၾကည့္ရင္း စိတ္ထဲမွာ နားလည္မိသလိုပဲ။”

ကိုေက်ာ္ေဇယ်ရဲ႔စာ ေအာက္မွာ ေကာမန္႔ေရးထားသူေတြ အေျမာက္အျမားေတြ႔ရၿပီး တခ်ိဳ႔က “ဘတ္စ္ကားစီးမိတာ ကံေကာင္းသြားတာဘဲ။ ရိုးရွင္းေသာ ေတြ႕ဆံုမႈ”လို႔ ေရးထားသလို၊ တခ်ိဳ႔ကလည္း “အေမစုေျမးေလးလည္းအေတာ္ႀကီးေနပီေနာ္ ကိုေက်ာ္ေဇယ်တို႔ ဘာေတြေျပာ ခဲ့ၾကလဲ မ်ွေဝပါရွင္” လို႔ ေတာင္းဆိုထားၾကတာလည္း ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ဗြိတိန်နိုင်ငံ၊ အင်္ဂလန်ကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့သွားတဲ့ သားအငယ်ဖြစ်သူ ကင်မ်နဲ့ ဘီဘီစီသတင်းဌာနက ကိုကျော်ဇေယျတို့ဟာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို လန်ဒန်က ဘတ်စ်ကားတစီးပေါ်မှာ သွားဆုံခဲ့ကြပါတယ်။

ဒေါ်စုသား ကင်မ်နဲ့အတူ သူ့သား(ဒေါ်စု မြေး)လည်း ကားပေါ်ပါလာပြီး သတင်းထောက်နဲ့ ကင်မ်တို့ ထိုင်နေကြတဲ့ ခုံနောက်ကသူဟာ ကင့်မ်သား ဒေါ်စု မြေး ဖြစ်ပါတယ်။

ကိုကျော်ဇေယျက အဲ့ဒီ ဓာတ်ပုံနဲ့ စာကြောင်းတချို့ ခုလို ရေးတင်ထားလိုက်ပြီး လိုက်ခ်ထားသူ ၇၀၀၀၀ ကျော်ရှိပြီး ရှယ်ထားသူ ၂၅၀၀ ခန့်ရှိတာ တွေ့ရပါတယ်။

ကိုကျော်ဇေယျ ရေးထားတာက “သူနဲ့တွေ့ရတာ ဝမ်းသာရပါတယ်။ ခါတိုင်းဆို မြေအောက် ရထားစီးနေကြ ဒီနေတော့ ဘတ်စ်ကား စီးချင်လို့ စီးမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ တွေ့တာပဲ။

အစမှာ ကိုယ့်ရဲ့ နောက်ခုံမှာ သူက သွားထိုင်နေတာ၊ သူ ကားပေါ် တက်လာကတည်းက သူ့ကို မျက်ခြေမပျက် လိုက်ကြည့်နေခဲ့တာ။

တချက်ကလေး အကြည့်ချင်းဆုံတော့ မင်းက ကင်မ် မဟုတ်လားဆိုတော့ သူက ဟုတ်ပါတယ်၊ ငါပါတဲ့။ ငါ့ဘေးနား လာ ထိုင်မလား ဆိုတော့ ရတယ်လေတဲ့။

(ကံကောင်းချင်တော့ ကိုယ့်ဘေးမှာ ခုံက လွတ်နေတယ်)

အဲဒါနဲ့ စကားစမြည်ပေါ့ မင်း အမေ လာမှာ ငါသိပါတယ်ပေါ့၊ ငါက သတင်းဌာနမှာ အလုပ်လုပ်တာ မင်း အခု သွားတွေ့မလို့လား ဆိုတော့ အေး …တဲ့။

နောက်က ငါ့သားလေတဲ့ သမီးကို သွားခေါ်နေတာ ပြီးရင် ဟိုတယ်ကို သွားမှာလို့ ပြန်ပြောတယ်။
READ  ဗန်းပြဆွေးနွေးပွဲမျိုး ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ

အဲဒီတော့မှ သူက သူ့သားနဲ့ အတူတူ ထိုင်နေတာပါလား သိပြီး အားနာသွားတယ်။ ဆောရီးပါ ဆိုတော့ ရပါတယ်လို့ ခပ်အေးအေးပဲ ပြန်ပြောတယ်။ မင်း ကို ငါတစ်ခု မေးချင်လို့ စိတ်မရှိပါနဲ့ ဆိုတော့ မေးပါတဲ့။

ဒါနဲ့ မင်း မြန်မာပြည် သွားဖို့ စိတ်မကူးဘူးလား ဆိုတော့ I doubt it လို့ ပြန်ပြောတယ်။

မင်း အမေက အဆင်ပြေနေပြီပဲ ဆိုတော့ ငါ့ အမေ အဆင်ပြေ မှ ငါပြန်သွားရင် တချို့က ပြောကြမယ် ပြီးတော့ လူတအုပ်က သူ (သူမကိုဆိုလိုခြင်း ဖြစ်ဟန်တူ) ဘာလုပ်လုပ် အပြစ်မြင် နေမှာ စိုးတယ်တဲ့။

သူ့မှာ အမေနဲ့ ပတ်သက်လို့ ခံစားချက် အတော် ရှိမယ်လို့ သူ့မျက်ဝန်းတွေကို ကြည့်ရင်း စိတ်ထဲမှာ နားလည်မိသလိုပဲ။”

ကိုကျော်ဇေယျရဲ့စာ အောက်မှာ ကောမန့်ရေးထားသူတွေ အမြောက်အမြားတွေ့ရပြီး တချို့က “ဘတ်စ်ကားစီးမိတာ ကံကောင်းသွားတာဘဲ။ ရိုးရှင်းသော တွေ့ဆုံမှု”လို့ ရေးထားသလို၊ တချို့ကလည်း “အမေစုမြေးလေးလည်းအတော်ကြီးနေပီနော် ကိုကျော်ဇေယျတို့ ဘာတွေပြော ခဲ့ကြလဲ မျှဝေပါရှင်” လို့ တောင်းဆိုထားကြတာလည်း တွေ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top