Kantharyar Centre
×

ရန္ကုန္ၿမိဳ႕ထဲမွာ ေျပးဆြဲေနတဲ့ အဲကြန္းဘတ္စ္အမည္ခံ ခရီးသည္တင္ယာဥ္ေတြက ယာဥ္စီးခကို ၃၀၀ က်ပ္ေကာက္ခံရင္ အေရးယူတာေတြ ျပဳလုပ္သြားမယ္လို႔ မထသ(ဗဟို)ကေန သိရပါတယ္။

သက္ဆိုင္ရာ တာ၀န္ရွိသူေတြက ခြင့္ျပဳထားတာ မရွိေသးေပမယ့္ ရန္ကုန္ၿမိဳ႕တြင္းမွာ အဲကြန္းခရီးသည္တင္ယာဥ္ေတြနဲ႔ စတင္ေျပးဆဲြေနၿပီး ယာဥ္စီးခကေတာ့ ၃၀၀ က်ပ္ ေကာက္ခံေနတယ္လုိ႔ ဆိုပါတယ္။

“လုပ္ငန္းတခုလုပ္ရင္ ဥပေဒကို လိုက္နာရတာျဖစ္ေတာ့ က်ေနာ့္အပိုင္းကေတာ့ ခြင့္ျပဳခ်က္ရမွ ေျပးဆဲြၾကဖို႔ ေျပာထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ယာဥ္စီးခကိစၥ။ ခရီးသည္ေတြကေန ယာဥ္စီးခ ပိုမိုေတာင္းခံလို႔ တိုင္လာရင္ အေရးယူမယ္လို႔ က်ေနာ္ ေျပာထားပါတယ္” လို႔ မထသ(ဗဟို) ဥကၠ႒ ဦးလွေအာင္က ေျပာပါတယ္။

အဲကြန္းယာဥ္ေတြနဲ႔ ေျပးဆဲြဖုိ႔အတြက္ ယာဥ္ပိုင္ရွင္ေတြက မထသ(ဗဟို)ကို တင္ျပထားၿပီး မထသ(ဗဟို)က တိုင္းေဒသႀကီးအစိုးရအဖဲြ႔ကို ဆက္လက္တင္ျပထားကာ  ခြင့္ျပဳခ်က္ မခ်ေပးေသးပါဘူးလို႔ ဆိုပါတယ္။ ယာဥ္ပိုင္ရွင္ေတြကေတာ့ ဒီလိုအဲကြန္းယာဥ္ေတြ ေျပးဆဲြတာဟာ အမ်ားပိုင္စနစ္ ေျပာင္းလဲဖုိ႔အတြက္ ႀကိဳတင္ျပင္ဆင္တာလို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေတဲ့ အဲကွန်းဘတ်စ်အမည်ခံ ခရီးသည်တင်ယာဉ်တွေက ယာဉ်စီးခကို ၃၀၀ ကျပ်ကောက်ခံရင် အရေးယူတာတွေ ပြုလုပ်သွားမယ်လို့ မထသ(ဗဟို)ကနေ သိရပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွင့်ပြုထားတာ မရှိသေးပေမယ့် ရန်ကုန်မြို့တွင်းမှာ အဲကွန်းခရီးသည်တင်ယာဉ်တွေနဲ့ စတင်ပြေးဆွဲနေပြီး ယာဉ်စီးခကတော့ ၃၀၀ ကျပ် ကောက်ခံနေတယ်လို့ ဆိုပါတယ်။

“လုပ်ငန်းတခုလုပ်ရင် ဥပဒေကို လိုက်နာရတာဖြစ်တော့ ကျနော့်အပိုင်းကတော့ ခွင့်ပြုချက်ရမှ ပြေးဆွဲကြဖို့ ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်စီးခကိစ္စ။ ခရီးသည်တွေကနေ ယာဉ်စီးခ ပိုမိုတောင်းခံလို့ တိုင်လာရင် အရေးယူမယ်လို့ ကျနော် ပြောထားပါတယ်” လို့ မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။

အဲကွန်းယာဉ်တွေနဲ့ ပြေးဆွဲဖို့အတွက် ယာဉ်ပိုင်ရှင်တွေက မထသ(ဗဟို)ကို တင်ပြထားပြီး မထသ(ဗဟို)က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆက်လက်တင်ပြထားကာ  ခွင့်ပြုချက် မချပေးသေးပါဘူးလို့ ဆိုပါတယ်။ ယာဉ်ပိုင်ရှင်တွေကတော့ ဒီလိုအဲကွန်းယာဉ်တွေ ပြေးဆွဲတာဟာ အများပိုင်စနစ် ပြောင်းလဲဖို့အတွက် ကြိုတင်ပြင်ဆင်တာလို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top