Property Expo
×

၁ - အခ်ိန္ဆြဲတာအက်င့္ပါသြားတဲ့အခါ သင့္အလုပ္ကို ထိခိုက္ပါတယ္။ ေနာက္ပိုင္းမွာ သင့္ပံုရိပ္ကိုပါ ထိခိုက္လာပါတယ္။ ဒီလိုနဲ႔ပဲ သင့္နယ္ပယ္မွာ သင္ဟာ သူမ်ားေနာက္က ျဖစ္လာပါတယ္။

၂ - အခ်ိန္ဆြဲတာ ၾကာလာတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္စိတ္ကင္းမဲ့လာပါတယ္။ အရင္တုန္းက အလြယ္တကူလုပ္ခဲ့တာေတြကို လုပ္ႏုိင္ပါ့မလားလို႔ ေတြးပူလာပါတယ္။

၃ - အခ်ိန္ဆြဲျခင္းဟာ က်န္းမာေရးနဲ႔လည္း ဆက္စပ္ပါတယ္။ အခ်ိန္ဆြဲျခင္းေၾကာင့္ သင့္ကိုယ္သင္ဖိအားေတြ ပိုေပးသလိုျဖစ္လာႏုိင္ပါတယ္။ စိတ္ဖိစီးမႈေတြ၊ စိုးရိမ္မႈေတြ သင့္မွာ ပိုမ်ားလာပါတယ္။

၄ - သင့္မွာ နာမည္ဆုိးရလာပါတယ္။ ဘယ္ကိစၥမဆုိ အခ်ိန္ဆြဲတတ္တဲ့လူအျဖစ္ လူေတြက ေျပာလာပါတယ္။

၅ - အခ်ိန္ဆြဲျခင္းနဲ႔ပက္သက္လို႔ အဆိုးဆံုးအေျခအေနကေတာ့ သံုးေလးႏွစ္သာ ၾကီးသြားတယ္  ဘာမွမေျပာင္းလဲေသးဘူးဆုိတာကို သိလိုက္တဲ့အခ်ိန္ပါပဲ။

၆  - လုပ္ခ်င္ကိုင္ခ်င္လို႔ ရည္မွန္းခ်က္ေတြ ခ်ျပီးကာမွ အခ်ိန္ဆြဲေနတာေၾကာင့္ အေတြးသက္သက္ပဲ ျဖစ္ေနပါတယ္။ ဘာေၾကာင့္ ဒီလိုမလုပ္ျဖစ္တာလဲဆိုတဲ့ အေၾကာင္းအရင္းကို ရွာပါ။ လုပ္ခ်င္တာေတြမ်ားေနတာ၊ အတတ္ျမန္ခ်င္တာေတြေၾကာင့္လည္း ျဖစ္ေနတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

၁ - အချိန်ဆွဲတာအကျင့်ပါသွားတဲ့အခါ သင့်အလုပ်ကို ထိခိုက်ပါတယ်။ နောက်ပိုင်းမှာ သင့်ပုံရိပ်ကိုပါ ထိခိုက်လာပါတယ်။ ဒီလိုနဲ့ပဲ သင့်နယ်ပယ်မှာ သင်ဟာ သူများနောက်က ဖြစ်လာပါတယ်။

၂ - အချိန်ဆွဲတာ ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကင်းမဲ့လာပါတယ်။ အရင်တုန်းက အလွယ်တကူလုပ်ခဲ့တာတွေကို လုပ်နိုင်ပါ့မလားလို့ တွေးပူလာပါတယ်။

၃ - အချိန်ဆွဲခြင်းဟာ ကျန်းမာရေးနဲ့လည်း ဆက်စပ်ပါတယ်။ အချိန်ဆွဲခြင်းကြောင့် သင့်ကိုယ်သင်ဖိအားတွေ ပိုပေးသလိုဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေ သင့်မှာ ပိုများလာပါတယ်။

၄ - သင့်မှာ နာမည်ဆိုးရလာပါတယ်။ ဘယ်ကိစ္စမဆို အချိန်ဆွဲတတ်တဲ့လူအဖြစ် လူတွေက ပြောလာပါတယ်။

၅ - အချိန်ဆွဲခြင်းနဲ့ပက်သက်လို့ အဆိုးဆုံးအခြေအနေကတော့ သုံးလေးနှစ်သာ ကြီးသွားတယ်  ဘာမှမပြောင်းလဲသေးဘူးဆိုတာကို သိလိုက်တဲ့အချိန်ပါပဲ။

၆  - လုပ်ချင်ကိုင်ချင်လို့ ရည်မှန်းချက်တွေ ချပြီးကာမှ အချိန်ဆွဲနေတာကြောင့် အတွေးသက်သက်ပဲ ဖြစ်နေပါတယ်။ ဘာကြောင့် ဒီလိုမလုပ်ဖြစ်တာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာပါ။ လုပ်ချင်တာတွေများနေတာ၊ အတတ်မြန်ချင်တာတွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top