Property Expo
×

 ျပဒါးဟာ အႏၱရာယ္ရွိတဲ့ ပစၥည္းအမ်ိဳးအစား စာရင္းထဲမွာ ပါေနပါတယ္။ အႏၱရာယ္ရွိတဲ့ ပစၥည္းစာရင္းဆုိတာကလည္း ကုလသမဂၢေအာက္က အျပည္ျပည္ဆုိင္ရာ ၿမိဳ႕ျပေလေၾကာင္းအစည္းအရံုးက ျပဳစုထုတ္ျပန္ ထားတာ ျဖစ္ပါတယ္။ အဲဒီစာရင္းမွာ ပါတဲ့ ပစၥည္းေတြကုိ ႏုိင္ငံတကာ ေလေၾကာင္းလိုင္းေတြမွာသယ္ေဆာင္ခြင့္မျပဳေၾကာင္းကိုလည္း ထုတ္ျပန္ေၾကျငာထားၿပီး ျဖစ္ပါတယ္။ ျပဒါးကုိ မသယ္ရဆုိတဲ့ေနရာမွာလည္း ျပဒါးကုိ ဘယ္ေလာက္လံုၿခံဳေအာင္ ထည့္သြင္းထားတဲ့ ပစၥည္းကုိမဆုိ သယ္ခြင့္ မျပဳတာျဖစ္ပါတယ္။

ေနာက္ၿပီး လူနဲ႕မကြာ သယ္ေဆာင္ထားတဲ့ အိတ္ေတြထဲမွာသာမက ဘက္ဂိတ္(ခ်္)အေနနဲ႕လည္း ခြင့္မျပဳပါဘူး။ တကယ္လုိ႕ မျဖစ္မေန သယ္ရၿပီ ဆုိလာရင္လည္း အဲဒီ အျပည္ျပည္ဆုိင္ရာ ၿမိဳ႕ျပေလေၾကာင္း အစည္းအရံုး (ICI) ကုိ ေလွ်ာက္ထားၿပီး သူတုိ႕ သတ္မွတ္ထားတဲ့ လံုၿခံဳေရးစည္းကမ္းေတြအတုိင္း လုိက္နာၿပီးမွသာ ခြင့္ျပဳပါလိမ့္မယ္။

ဘာျဖစ္လုိ႕လည္းဆုိေတာ့ အင္မတန္ ေသးငယ္တဲ့ ျပဒါးပမာဏျဖစ္ပါေစ အလြန္ထုထည္ႀကီးမားတဲ့ အလ်ဴမီနီယံပစၥည္းကုိ ဖ်က္ဆီးႏုိင္စြမ္းရွိလို႕ျဖစ္ပါတယ္။ ေလနဲ႕ထိေလ ပုိၿပီး ေလာင္ကြ်မ္းႏုိင္တဲ့ သတၱိရွိလာေလပါပဲ။ ဒါ့အျပင္ ျပဒါးဟာ အေပၚယံ ဖံုးအုပ္ထားေလ့ရွိတဲ့ ဘယ္လုိ ေအာက္ဆုိဒ္အလႊာမ်ိဳးကုိမဆိုဖ်က္ဆီးပစ္ႏုိင္ပါတယ္။ ေလယာဥ္ပ်ံဆုိတာကလည္း အလ်ဴမီနီယံပစၥည္းေတြနဲ႕ပဲ အမ်ားဆံုး တည္ေဆာက္ထားတာ ျဖစ္တယ္။ တကယ္လုိ႕ အေၾကာင္းေၾကာင္းေၾကာင့္ ျပဒါးေလး တစ္စက္ အလ်ဴမီနီယံေပၚက်လုိက္ရင္ ေသခ်ာေပါက္ ဖ်က္ဆီးပစ္မွာ ျဖစ္ပါတယ္။

ေလယာဥ္ေပၚမ်ာ ျပဒါးသာမုိမီတာမ်ိဳးကုိပင္ မတင္ရ၊မသယ္ရဆိုတဲ့ တားျမစ္ခ်က္ကို ေပါ့ေပါ့တန္တန္ သေဘာထား၍ မမွတ္ယူသင့္ပါ။ ၁၉၈ ခုႏွစ္က ထုတ္ျပန္ထားခဲ့တဲ့ ၿမိဳ႕ျပေလေၾကာင္း အက္ဥပေဒမွာ အတိအလင္း ျပဌာန္းထားၿပီး ျဖစ္ပါတယ္။ ေလေၾကာင္းလုိင္းအားလံုးကုိလည္း အဲဒီ ဥပေဒကို လုိက္နာၾကရန္ တင္းတင္းက်ပ္က်ပ္ ညႊန္ၾကားထားၿပီး ျဖစ္ပါတယ္။

ျပဒါးက အလ်ဴမီနီယံကုိ စားေလာင္ႏုိင္တယ္ ဆုိတဲ့ေနရာမွာ ျပဒါးဆုိတာ ေပါ့ေပါ့ပါးပါး ေရြ႕လ်ားႏုိင္တာျဖစ္လို႕ တစ္ေနရာတည္း ရပ္ေနမွာ မဟုတ္ေပ။ ေရာက္ရာအရပ္မွာ စားေလာင္ပစ္မွာ ေသခ်ာပါတယ္။

အဲဒီေတာ့ အခုေခတ္မွာ အလလ်ဴမီနီယံနဲ႕ ပရိေဘာဂေတြလုပ္ၿပီး အသံုးျပဳတတ္တာမို႕ ျပဒါးပါတဲ့ဘယ္လုိဖန္ထည္မ်ိဳးမဆို နီးနီးကပ္ကပ္ မထားသင့္ပါ။ ဖန္္ထည္ကြဲတာနဲ႕ အလ်ဴမီနီယံေတြကိုဖ်က္ဆီးပစ္မွာ အေသအခ်ာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သုတဇုန္

#Unicode Version

 ပြဒါးဟာ အန္တရာယ်ရှိတဲ့ ပစ္စည်းအမျိုးအစား စာရင်းထဲမှာ ပါနေပါတယ်။ အန္တရာယ်ရှိတဲ့ ပစ္စည်းစာရင်းဆိုတာကလည်း ကုလသမဂ္ဂအောက်က အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအစည်းအရုံးက ပြုစုထုတ်ပြန် ထားတာ ဖြစ်ပါတယ်။ အဲဒီစာရင်းမှာ ပါတဲ့ ပစ္စည်းတွေကို နိုင်ငံတကာ လေကြောင်းလိုင်းတွေမှာသယ်ဆောင်ခွင့်မပြုကြောင်းကိုလည်း ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါတယ်။ ပြဒါးကို မသယ်ရဆိုတဲ့နေရာမှာလည်း ပြဒါးကို ဘယ်လောက်လုံခြုံအောင် ထည့်သွင်းထားတဲ့ ပစ္စည်းကိုမဆို သယ်ခွင့် မပြုတာဖြစ်ပါတယ်။

နောက်ပြီး လူနဲ့မကွာ သယ်ဆောင်ထားတဲ့ အိတ်တွေထဲမှာသာမက ဘက်ဂိတ်(ချ်)အနေနဲ့လည်း ခွင့်မပြုပါဘူး။ တကယ်လို့ မဖြစ်မနေ သယ်ရပြီ ဆိုလာရင်လည်း အဲဒီ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အစည်းအရုံး (ICI) ကို လျှောက်ထားပြီး သူတို့ သတ်မှတ်ထားတဲ့ လုံခြုံရေးစည်းကမ်းတွေအတိုင်း လိုက်နာပြီးမှသာ ခွင့်ပြုပါလိမ့်မယ်။

ဘာဖြစ်လို့လည်းဆိုတော့ အင်မတန် သေးငယ်တဲ့ ပြဒါးပမာဏဖြစ်ပါစေ အလွန်ထုထည်ကြီးမားတဲ့ အလျူမီနီယံပစ္စည်းကို ဖျက်ဆီးနိုင်စွမ်းရှိလို့ဖြစ်ပါတယ်။ လေနဲ့ထိလေ ပိုပြီး လောင်ကျွမ်းနိုင်တဲ့ သတ္တိရှိလာလေပါပဲ။ ဒါ့အပြင် ပြဒါးဟာ အပေါ်ယံ ဖုံးအုပ်ထားလေ့ရှိတဲ့ ဘယ်လို အောက်ဆိုဒ်အလွှာမျိုးကိုမဆိုဖျက်ဆီးပစ်နိုင်ပါတယ်။ လေယာဉ်ပျံဆိုတာကလည်း အလျူမီနီယံပစ္စည်းတွေနဲ့ပဲ အများဆုံး တည်ဆောက်ထားတာ ဖြစ်တယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် ပြဒါးလေး တစ်စက် အလျူမီနီယံပေါ်ကျလိုက်ရင် သေချာပေါက် ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မျာ ပြဒါးသာမိုမီတာမျိုးကိုပင် မတင်ရ၊မသယ်ရဆိုတဲ့ တားမြစ်ချက်ကို ပေါ့ပေါ့တန်တန် သဘောထား၍ မမှတ်ယူသင့်ပါ။ ၁၉၈ ခုနှစ်က ထုတ်ပြန်ထားခဲ့တဲ့ မြို့ပြလေကြောင်း အက်ဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီး ဖြစ်ပါတယ်။ လေကြောင်းလိုင်းအားလုံးကိုလည်း အဲဒီ ဥပဒေကို လိုက်နာကြရန် တင်းတင်းကျပ်ကျပ် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

ပြဒါးက အလျူမီနီယံကို စားလောင်နိုင်တယ် ဆိုတဲ့နေရာမှာ ပြဒါးဆိုတာ ပေါ့ပေါ့ပါးပါး ရွေ့လျားနိုင်တာဖြစ်လို့ တစ်နေရာတည်း ရပ်နေမှာ မဟုတ်ပေ။ ရောက်ရာအရပ်မှာ စားလောင်ပစ်မှာ သေချာပါတယ်။

အဲဒီတော့ အခုခေတ်မှာ အလလျူမီနီယံနဲ့ ပရိဘောဂတွေလုပ်ပြီး အသုံးပြုတတ်တာမို့ ပြဒါးပါတဲ့ဘယ်လိုဖန်ထည်မျိုးမဆို နီးနီးကပ်ကပ် မထားသင့်ပါ။ ဖန်ထည်ကွဲတာနဲ့ အလျူမီနီယံတွေကိုဖျက်ဆီးပစ်မှာ အသေအချာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: သုတဇုန်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top