Property Expo
×
Credit : Duwun
#Unicode Version
ဆယ်လီလို့ ကိုယ့်ကိုယ်ကို ရည်ညွှန်းခြင်းက ကိုယ့်ကိုယ်ကိုသူများထက်သာတယ်လို့ ပြောလိုက်သလိုမျိုး ခံစားရတဲ့အတွက် အဲဒီအသုံးအနှုန်းကို မုန်းတယ်လို့ ဇေးမောလစ်က ဆိုလိုက်ပါတယ်။
"ဆယ်လီဆိိုတဲ့ စကားလုံးကို ကျွန်တော်မုန်းတယ်။ အဲဒါဟာ အန္တရာယ်ရှိတဲ့လမ်းလို့ ထင်တယ်။ ကိုယ့်ကိုယ်ကို ဆယ်လီလို့ ထင်နေရင် ကိုယ့်ကိုယ်ကိုလည်း သူများထက် သာတယ်လို့ အလိုအလျောက် ယူဆသွားနိုင်တဲ့အတွက်ပဲ" လို့ ဇေးက ဆိုခဲ့ပါတယ်။
စူပါမော်ဒယ် ဂျီဂျီဟက်ဒီးနဲ့ တွဲနေတဲ့ အသက် ၂၃ နှစ်အရွယ် အဆိုတော် ဇေးမောလစ်ဟာ One Direction က ထွက်လိုက်ရတဲ့အတွက် လွတ်လပ်သလို ခံစားရတယ်လို့လည်း ဝန်ခံခဲ့ဖူးပါတယ်။
တစ်ကိုယ်တော် လှုပ်ရှားရခြင်းက ခက်ခဲတယ်ဆိုတာ ဇေးတစ်ယောက် တွေ့ရှိခဲ့ရပြီး သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော်သီချင်းကို ထုတ်ဖို့အတွက် စိတ်သောကတွေ အများကြီးရောက်ခဲ့ရတယ်လို့လည်း ဆိုခဲ့ဖူးပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top