Property Expo
×







#Unicode Version
စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ဘူတာမှ ဟင်္သာတဘူတာသို့သွားသည့် အမြန်ရထား လူတစ်ဦးကို တိုက်မိ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


 စက်ခေါင်းမောင်းဦးဝင်းလတ် မောင်းနှင်လာသော 182 အစုန်အမြန်ရထားသည် မိုင်တိုင်အမှတ် 152/7နှင့်152/8 အကြားအရောက် ရထားလမ်းဘေးရှိ ရိုးချောင်းတွင် ငါးဖမ်းပြီး သံလမ်းပေါ် တက်အိပ်ပျော်နေသူ ဇော်လွင်(ခ)မုဒု အသက်(35)နှစ် (ဘ)ဦးထွန်းချို မကျီးတန်းကျေးရွာ အင်ပင်ကျေးရွာအုပ်စု မြန်အောင်မြို့နယ်နေသူအား တိုက်ကြိတ်၍ သေဆုံးကြောင်း ကနဦး သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ရှုထောင့် မှုခင်းနှင့်သတင်း မီဒီယာဂရု 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top