Kantharyar Centre
×

အသက္ ၄ ႏွစ္အရြယ္ မိန္းကေလးကို သူမရဲ႕ဖခင္က ခါးပတ္နဲ႔ အႀကိမ္ႀကိမ္႐ိုက္ႏွက္ၿပီးေနာက္ ကေလး ေသဆံုးသြားတဲ့အတြက္ အေမရိကန္ျပည္ေထာင္စု၊ အီလီႏိြဳက္ျပည္နယ္ရဲ႕ အမ်ားဆံုးေထာင္ဒဏ္ျဖစ္တဲ့ ႏွစ္ ၆၀ ထပ္ပိုမိုကာ ေထာင္ဒဏ္တစ္သက္က်ဖြယ္ရွိပါတယ္။

"ကၽြန္ေေတာ့္သမီးကို သတ္မိသြားတယ္" လို႔ အသက္ ၂၉ ႏွစ္အရြယ္ ဒါရယ္လ္ေအေရးႏိုးစ္က ရဲတပ္ဖြဲ႕ကို ေျဖာင့္ခ်က္ေပးခဲ့ပါတယ္။

သနားစရာ အမ္မာရာဆုိတဲ့ မိန္းကေလးဟာ တစ္ကိုယ္လံုး အဆင္းရာေတြ၊ အညိဳါအမည္းဒဏ္ရာေတြနဲ႔ အေရးေပၚဌာနကို ေရာက္ရွိလာခဲ့ပါတယ္။

သမီးကို ခါးပတ္နဲ႔ ဘယ္ႏွခ်က္ ႐ိုက္မိမွန္းေတာင္ မသိဘူးလို႔ ေရးႏိုးစ္က ေျပာပါတယ္။

အမ္မာရာရဲ႕မိခင္ျဖစ္သူ အသက္ ၂၆ ႏွစ္အရြယ္ ဒယ္လ္ဗြန္ေတလာကိုလည္း ကေလးငယ္ရဲ႕ အသက္ သို႔မဟုတ္ က်န္းမာေရးကို အႏၱရာယ္ျဖစ္ေစမႈတြင္ တာဝန္ရွိသူတစ္ဦးအျဖစ္ တရားစြဲဆုိထားပါတယ္။

သူမမွာလည္း အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ရင္ ေထာင္ဒဏ္ ၂ ႏွစ္ကေန ၁၀ ႏွစ္အတြင္း က်ခံရႏိုင္ပါတယ္။

ေရးႏိုးစ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ကစလို႔ သမီးကို အျမဲတမ္း႐ိုက္ႏွက္ေလ့ရွိတယ္လုိ႔ မိခင္ျဖစ္သူူက ရဲတပ္ဖြဲ႕ကို ေျပာခဲ့ပါတယ္။

ဒီအမႈကို စက္တင္ဘာလ ၂၈ ရက္မွာ ပဏာမၾကားနာမယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အသက် ၄ နှစ်အရွယ် မိန်းကလေးကို သူမရဲ့ဖခင်က ခါးပတ်နဲ့ အကြိမ်ကြိမ်ရိုက်နှက်ပြီးနောက် ကလေး သေဆုံးသွားတဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်ရဲ့ အများဆုံးထောင်ဒဏ်ဖြစ်တဲ့ နှစ် ၆၀ ထပ်ပိုမိုကာ ထောင်ဒဏ်တစ်သက်ကျဖွယ်ရှိပါတယ်။

"ကျွန်ေတော့်သမီးကို သတ်မိသွားတယ်" လို့ အသက် ၂၉ နှစ်အရွယ် ဒါရယ်လ်အေရေးနိုးစ်က ရဲတပ်ဖွဲ့ကို ဖြောင့်ချက်ပေးခဲ့ပါတယ်။

သနားစရာ အမ်မာရာဆိုတဲ့ မိန်းကလေးဟာ တစ်ကိုယ်လုံး အဆင်းရာတွေ၊ အညိုါအမည်းဒဏ်ရာတွေနဲ့ အရေးပေါ်ဌာနကို ရောက်ရှိလာခဲ့ပါတယ်။

သမီးကို ခါးပတ်နဲ့ ဘယ်နှချက် ရိုက်မိမှန်းတောင် မသိဘူးလို့ ရေးနိုးစ်က ပြောပါတယ်။

အမ်မာရာရဲ့မိခင်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဒယ်လ်ဗွန်တေလာကိုလည်း ကလေးငယ်ရဲ့ အသက် သို့မဟုတ် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေမှုတွင် တာဝန်ရှိသူတစ်ဦးအဖြစ် တရားစွဲဆိုထားပါတယ်။

သူမမှာလည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင် ထောင်ဒဏ် ၂ နှစ်ကနေ ၁၀ နှစ်အတွင်း ကျခံရနိုင်ပါတယ်။

ရေးနိုးစ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ သမီးကို အမြဲတမ်းရိုက်နှက်လေ့ရှိတယ်လို့ မိခင်ဖြစ်သူူက ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။

ဒီအမှုကို စက်တင်ဘာလ ၂၈ ရက်မှာ ပဏာမကြားနာမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top