Property Expo
×

မိန္းကေလးတစ္ေယာက္နဲ႕ ေယာက်ာ္းေလး တစ္ေယာက္ ခ်စ္မိ၊ ၾကိဳက္မိ၊ ရည္းစားျဖစ္ဖုိ႕ ဆုိတာ သိပ္မခက္ခဲေပမယ့္ ခ်စ္သူဘဝကုိ ေရရွည္ထိန္းသိမ္းဖုိ႕ ခက္ခဲတတ္ပါတယ္။

ခ်စ္သူဘဝကုိ ရည္ရွည္ထိန္းသိမ္းႏုိင္ဖုိ႕ဖုိ႕ နားလည္မွဳ၊ ျပဳစုယုယမွဳ၊ ဂရုစုိက္မွဳ၊ သေဘာထားၾကီးမွဳ အစရွိတာေတြ လိုအပ္တယ္ဆုိတာ အားလံုး သိျပီးျဖစ္မွာပါ။


ဒါေပမယ့္ ကုိယ္သိပ္ခ်စ္ရတဲ့သူနဲ႕ ခ်စ္သူျဖစ္ေနရင္ေတာင္ မထင္မွတ္ထားတဲ့ အျပဳအမွဳေတြ၊ အေတြးေလးေတြက ခ်စ္သူဘဝကုိ ပ်က္စီးေစပါတယ္။


ေအာက္ေဖာ္ျပပါ ၃ ခ်က္ဟာ ခ်စ္သူဘဝ၊ လင္မယား ဘဝကုိ ဖ်က္စီးေစႏုိင္တဲ့ ၃ ခ်က္ျဖစ္ပါတယ္။ အက်ဳိးရွိတယ္ထင္ရင္ သူငယ္ခ်င္းေတြကုိ ရွဲၾကပါစုိ႕။

၁။ ကုိယ္မွားတယ္လုိ႕ ကုိယ့္ကုိယ္ကုိ သိေနရင္ေတာင္ ေတာင္းပန္ဖုိ႕ ျငင္းဆုိျခင္း။ မမွားဘူးလုိ႕ ျငင္းဆန္ျခင္း။

တစ္ေယာက္နဲ႕ တစ္ေယာက္ေလးစားမွဳ မရွိတဲ့ ခ်စ္သူဘဝဟာ ဘယ္ေတာ့မွ ရည္ရွည္မခံပါဘူး။ ဒါကုိ သက္ေသျပႏုိင္တ့ဲ ဥပမာ အမ်ားၾကီးရွိပါတယ္။

ဒီဥပမာေတြထဲက အေကာင္းဆံုးဥပမာက ကုိယ္မွားေနရင္ ကုိယ့္ခ်စ္သူကုိ မွားပါတယ္လုိ႕ ဝန္ခ်ေတာင္းပန္ခ်င္တဲ့ စိတ္ပါပဲ။ ဒီလုိေတာင္းပန္တာဟာ ရင့္က်က္မွဳကုိျပသလုိ ကုိယ့္ခ်စ္သူကုိ တန္ဖုိးထားတယ္ဆုိတာကုိ ျပသပါတယ္။ ေနာက္ျပီး ကုိယ့္မာနထက္ ကုိယ့္ခ်စ္သူကုိ ပုိအေလးထားတယ္ ဆုိတာကုိ ျပသတဲ့ သေဘာသက္ေရာက္ပါတယ္။



တကယ္လုိ႕ ေတာင္းပန္ပါတယ္လုိ႕ ေျပာထြက္ဖုိ႕ သိပ္ကုိ ခက္ခဲေနရင္ ဒီကေလးဆန္တဲ့ စိတ္နဲ႕ မာနအေသးအမႊားေလးေၾကာင့္ သင့္ခ်စ္သူဘဝကုိ အခ်ိန္တုိတုိ အတြင္းမွာ အဆံုးသတ္ သြားႏုိင္ပါတယ္။

၂။ အလုပ္နဲ႕ ကုိယ္ပုိင္အခ်ိန္ကုိ သတ္သတ္မွတ္မွတ္ မထားတတ္ျခင္း။

လူတုိင္း အလုပ္လုပ္ၾကရပါတယ္။ ေနာက္ျပီး မိသားစု စားဝတ္ေနေရးအတြက္ ၾကိဳးစားတာဟာ သိပ္ကုိ ေလးစားဖုိ႕ေကာင္းတဲ့ စိတ္ဓာတ္ပါ။

သင့္အေနနဲ႕ သင္အေရးတၾကီး အလုပ္ကိစၥေပၚလာတာမ်ဳိး၊ အခ်ိန္အၾကာၾကီး အလုပ္ လုပ္ရတာမ်ဳိးကုိ သင့္ခ်စ္သူက နားလည္ေပးဖုိ႕ ေမွ်ာ္လင့္ထားေပမယ့္ ဒီလုိမ်ဳိးေတြ အျဖစ္မ်ားလာရင္ သင့္ ခ်စ္သူဘဝကုိ အဆုိးဘက္က သက္ေရာက္မွဳ ရွိလာႏုိင္ပါတယ္။

ဒါေၾကာင့္ သင့္အလုပ္ခ်ိန္နဲ႕ သင့္ကုိယ္ပုိင္အခ်ိန္ကုိ ေကာင္းမြန္စြာ ပုိင္ျခားတတ္ဖုိ႕ လုိပါတယ္။ ဒါမွသာ သင့္မိသားစုကုိ အခ်ိန္ေပးႏုိင္မွာျဖစ္သလုိ သင့္အတြက္ အေရးၾကီးဆံုး၊ သင္အခ်စ္ရဆံုး လူေတြကုိ ဂရုစုိက္ႏုိင္မွာ ျဖစ္ပါတယ္။


၃။ ျငင္းခုန္မွဳကုိ ေရွာင္ရွားဖုိ႕ ပြင္းလင္းရုိးသားစြာ မေျပာဆုိျခင္း။

သင့္ခ်စ္သူနဲ႕ ပြင့္ပြင့္လင္းလင္း ေျပာဆုိတာဟာ တစ္ခါတစ္ေလမွာ ျငင္းခုန္ရ တတ္ေပမယ့္ ဒါဟာ သင့္ခ်စ္သူဘဝကုိ ရည္ရွည္ ထိန္းသိမ္းေပးႏုိင္ပါတယ္။

ပြင့္ပြင့္လင္းလင္း ေျပာဆုိဖုိ႕ မေၾကာက္ပါနဲ႕။ တကယ္လုိ႕ ကိစၥေသးေသးေလးကုိ မျငင္းခ်င္လုိ႕ စိတ္ထဲမွာပဲ ထားလုိက္ရင္ မၾကာခင္ မ်ားလာျပီး သင့္ သမီးရည္းစား ဘဝကုိ အခ်ိန္မတန္ခင္ ဖ်က္ဆီးပါလိမ့္မယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Reader

#Unicode Version
မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေး တစ်ယောက် ချစ်မိ၊ ကြိုက်မိ၊ ရည်းစားဖြစ်ဖို့ ဆိုတာ သိပ်မခက်ခဲပေမယ့် ချစ်သူဘဝကို ရေရှည်ထိန်းသိမ်းဖို့ ခက်ခဲတတ်ပါတယ်။

ချစ်သူဘဝကို ရည်ရှည်ထိန်းသိမ်းနိုင်ဖို့ဖို့ နားလည်မှု၊ ပြုစုယုယမှု၊ ဂရုစိုက်မှု၊ သဘောထားကြီးမှု အစရှိတာတွေ လိုအပ်တယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။


ဒါပေမယ့် ကိုယ်သိပ်ချစ်ရတဲ့သူနဲ့ ချစ်သူဖြစ်နေရင်တောင် မထင်မှတ်ထားတဲ့ အပြုအမှုတွေ၊ အတွေးလေးတွေက ချစ်သူဘဝကို ပျက်စီးစေပါတယ်။


အောက်ဖော်ပြပါ ၁၀ ချက်ဟာ ချစ်သူဘဝ၊ လင်မယား ဘဝကို ဖျက်စီးစေနိုင်တဲ့ ၁၀ ချက်ဖြစ်ပါတယ်။ အကျိုးရှိတယ်ထင်ရင် သူငယ်ချင်းတွေကို ရှဲကြပါစို့။

၁။ ကိုယ်မှားတယ်လို့ ကိုယ့်ကိုယ်ကို သိနေရင်တောင် တောင်းပန်ဖို့ ငြင်းဆိုခြင်း။ မမှားဘူးလို့ ငြင်းဆန်ခြင်း။

တစ်ယောက်နဲ့ တစ်ယောက်လေးစားမှု မရှိတဲ့ ချစ်သူဘဝဟာ ဘယ်တော့မှ ရည်ရှည်မခံပါဘူး။ ဒါကို သက်သေပြနိုင်တဲ့ ဥပမာ အများကြီးရှိပါတယ်။

ဒီဥပမာတွေထဲက အကောင်းဆုံးဥပမာက ကိုယ်မှားနေရင် ကိုယ့်ချစ်သူကို မှားပါတယ်လို့ ဝန်ချတောင်းပန်ချင်တဲ့ စိတ်ပါပဲ။ ဒီလိုတောင်းပန်တာဟာ ရင့်ကျက်မှုကိုပြသလို ကိုယ့်ချစ်သူကို တန်ဖိုးထားတယ်ဆိုတာကို ပြသပါတယ်။ နောက်ပြီး ကိုယ့်မာနထက် ကိုယ့်ချစ်သူကို ပိုအလေးထားတယ် ဆိုတာကို ပြသတဲ့ သဘောသက်ရောက်ပါတယ်။



တကယ်လို့ တောင်းပန်ပါတယ်လို့ ပြောထွက်ဖို့ သိပ်ကို ခက်ခဲနေရင် ဒီကလေးဆန်တဲ့ စိတ်နဲ့ မာနအသေးအမွှားလေးကြောင့် သင့်ချစ်သူဘဝကို အချိန်တိုတို အတွင်းမှာ အဆုံးသတ် သွားနိုင်ပါတယ်။

၂။ အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို သတ်သတ်မှတ်မှတ် မထားတတ်ခြင်း။

လူတိုင်း အလုပ်လုပ်ကြရပါတယ်။ နောက်ပြီး မိသားစု စားဝတ်နေရေးအတွက် ကြိုးစားတာဟာ သိပ်ကို လေးစားဖို့ကောင်းတဲ့ စိတ်ဓာတ်ပါ။

သင့်အနေနဲ့ သင်အရေးတကြီး အလုပ်ကိစ္စပေါ်လာတာမျိုး၊ အချိန်အကြာကြီး အလုပ် လုပ်ရတာမျိုးကို သင့်ချစ်သူက နားလည်ပေးဖို့ မျှော်လင့်ထားပေမယ့် ဒီလိုမျိုးတွေ အဖြစ်များလာရင် သင့် ချစ်သူဘဝကို အဆိုးဘက်က သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ဒါကြောင့် သင့်အလုပ်ချိန်နဲ့ သင့်ကိုယ်ပိုင်အချိန်ကို ကောင်းမွန်စွာ ပိုင်ခြားတတ်ဖို့ လိုပါတယ်။ ဒါမှသာ သင့်မိသားစုကို အချိန်ပေးနိုင်မှာဖြစ်သလို သင့်အတွက် အရေးကြီးဆုံး၊ သင်အချစ်ရဆုံး လူတွေကို ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။


၃။ ငြင်းခုန်မှုကို ရှောင်ရှားဖို့ ပွင်းလင်းရိုးသားစွာ မပြောဆိုခြင်း။

သင့်ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတာဟာ တစ်ခါတစ်လေမှာ ငြင်းခုန်ရ တတ်ပေမယ့် ဒါဟာ သင့်ချစ်သူဘဝကို ရည်ရှည် ထိန်းသိမ်းပေးနိုင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ မကြောက်ပါနဲ့။ တကယ်လို့ ကိစ္စသေးသေးလေးကို မငြင်းချင်လို့ စိတ်ထဲမှာပဲ ထားလိုက်ရင် မကြာခင် များလာပြီး သင့် သမီးရည်းစား ဘဝကို အချိန်မတန်ခင် ဖျက်ဆီးပါလိမ့်မယ်


ဖိုးသူတော် (www.phothutaw.com)
Credit:Reader
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top