Kantharyar Centre
×




Credit : Duwun

#Unicode Version

 အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်သစ်ကို အတည်ပြုသတ်မှတ်ပြီးတဲ့အခါ စာချုပ်ချုပ်ဆိုခြင်းမရှိတဲ့ အလုပ်သမားနဲ့ အလုပ်ရှင်တွေကို အရေးယူမယ်လို့ သိရပါတယ်။

အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ဟာ ယခုလကုန်မှာ သုံးပွင့်ဆိုင်တွေ့ကာ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ကို အတည်ပြုဖွယ်ရှိတယ်လို့ ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြပါတယ်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်ခန့်ထားပြီး တစ်လအတွင်း ချုပ်ဆိုကြဖို့ အစိုးရက  ကြေညာချက်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

အစိုးရက ရေးဆွဲပေးထားတဲ့ ပုံစံဟာ ရှုပ်ထွေးနေတာကြောင့် စာချုပ်ပုံစံသစ်ပြောင်းလဲပေးဖို့ အလုပ်ရှင်နဲ့ အလုပ်သမားတွေက တောင်းဆိုကာ စာချုပ်သစ်အတည်ပြုသတ်မှတ်ပေးမယ့်အချိန်ကို စောင့်ဆိုင်းနေကြတယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top