Property Expo
×

အသက္ ၂၀ အရြယ္ စူပါေမာ္ဒယ္မေလးနဲ႔ အသက္ ၂၂ ႏွစ္အရြယ္ One Direction အဆုိေတာ္ေလးဟာ ျပတ္သြားရာမွ ျပန္လည္အဆင္ေျပေနၿပီး ေလာ့ဆန္းဂ်လိစ္မွာ အႀကိမ္မ်ားစြာ ေတြ႕ဆံုခဲ့ၿပီးေနာက္ ကန္ဒဲလ္က သူတုိ႔အခ်စ္ေရးကို အဆံုးသတ္ဖို႔ ဆံုးျဖတ္လိုက္တယ္လို႔ သိရပါတယ္။

ဟယ္ရီရဲ႕ဒရမ္မာေတြထဲမွာ ပိတ္မိမေနခ်င္ေတာ့တဲ့အတြက္ အခုလို ဆံုးျဖတ္ခဲ့တာဆုိတဲ့ ကန္ဒဲလ္ဟာ အသက္ ၂၇ ႏွစ္အရြယ္ ရက္ပါ A$AP Rocky နဲ႔ တြဲေနပါတယ္။

ကန္ဒဲလ္ဟာ ဟယ္ရီနဲ႔ ဘဝကို အတည္တက် တည္ေဆာက္ခ်င္ၿပီဆုိတဲ့ သတင္းထြက္လာၿပီး သီတင္းပတ္အနည္းငယ္ အၾကာမွာ ကန္ဒဲလ္က အခုလို ဆံုးျဖတ္လုိက္တာ ျဖစ္ပါတယ္။

ဟယ္ရီကလည္း ကန္ဒဲလ္ကို အတည္တြဲဖုိ႔ ခ်ီတံုခ်တံုျဖစ္ေနတယ္လို႔လည္း ဆုိၾကပါတယ္။

"ကန္ဒဲလ္က ဟယ္ရီနဲ႔ အတည္တက် ခ်စ္သူေတြ ျဖစ္ခ်င္တယ္။ ဒါေပမဲ့ ဟယ္ရီ႕မွာ နာမည္ေက်ာ္တစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားမ်ဳိးရွိေတာ့ ကန္ဒဲလ္နဲ႔ အတည္တက်ျဖစ္ဖို႔ကို အျမဲျပႆနာေတြရွိတယ္" လို႔ သတင္းေပးတစ္ဦးက ဆုိပါတယ္။

ေဘ့စ္ေဘာကစားသမား ေဂ်ာ္ဒန္ကလာ့ခ္ဆန္နဲ႔လည္း နာမည္ထြက္ေနတဲ့ ကန္ဒဲလ္က သူမဟာ ရည္းစားထားတာနဲ႔ ပတ္သက္ရင္ ေရွး႐ိုးဆန္ၿပီး သူ႔ကို တစြဲတလမ္းျဖစ္တာ ႀကိဳက္တယ္လို႔ ဆိုခဲ့ဖူးပါတယ္။

 "ေယာက္်ားတစ္ေယာက္ကို အတူေလွ်ာက္သြားဖို႔နဲ႔ သူ႔ကို သေဘာက်ေနေၾကာင္း မေျပာရဲတာမဟုတ္ဘူး။ ကၽြန္မကို စြဲလမ္းတာကို ပိုသေဘာက်တာပါ။ ကၽြန္မကို လိုခ်င္တာမ်ဳိးကို ျဖစ္ခ်င္တာ။ ေယာက္်ားတစ္ေယာက္က ကၽြန္မနဲ႔ အဆင္ေျပဖို႔ ဘာမွ အားထုတ္စရာမလုိဘူးဆုိရင္ အဲဒီဆက္ဆံေရးက အဆင္ေျပမွာမဟုတ္ဘူး။ ကၽြန္မအတြက္ အခ်ိန္ကုန္တာပဲ အဖတ္တင္လိမ့္မယ္။ ေရွးဆန္တယ္လို႔ပဲ ဆုိခ်င္ဆို။ အဲဒီလုိပဲ ကၽြန္မႀကိဳက္တယ္" လို႔ ကန္ဒဲလ္က ေျပာခဲ့ဖူးတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

အသက် ၂၀ အရွယ် စူပါမော်ဒယ်မလေးနဲ့ အသက် ၂၂ နှစ်အရွယ် One Direction အဆိုတော်လေးဟာ ပြတ်သွားရာမှ ပြန်လည်အဆင်ပြေနေပြီး လော့ဆန်းဂျလိစ်မှာ အကြိမ်များစွာ တွေ့ဆုံခဲ့ပြီးနောက် ကန်ဒဲလ်က သူတို့အချစ်ရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဟယ်ရီရဲ့ဒရမ်မာတွေထဲမှာ ပိတ်မိမနေချင်တော့တဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တာဆိုတဲ့ ကန်ဒဲလ်ဟာ အသက် ၂၇ နှစ်အရွယ် ရက်ပါ A$AP Rocky နဲ့ တွဲနေပါတယ်။

ကန်ဒဲလ်ဟာ ဟယ်ရီနဲ့ ဘဝကို အတည်တကျ တည်ဆောက်ချင်ပြီဆိုတဲ့ သတင်းထွက်လာပြီး သီတင်းပတ်အနည်းငယ် အကြာမှာ ကန်ဒဲလ်က အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဟယ်ရီကလည်း ကန်ဒဲလ်ကို အတည်တွဲဖို့ ချီတုံချတုံဖြစ်နေတယ်လို့လည်း ဆိုကြပါတယ်။

"ကန်ဒဲလ်က ဟယ်ရီနဲ့ အတည်တကျ ချစ်သူတွေ ဖြစ်ချင်တယ်။ ဒါပေမဲ့ ဟယ်ရီ့မှာ နာမည်ကျော်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားမျိုးရှိတော့ ကန်ဒဲလ်နဲ့ အတည်တကျဖြစ်ဖို့ကို အမြဲပြဿနာတွေရှိတယ်" လို့ သတင်းပေးတစ်ဦးက ဆိုပါတယ်။

ဘေ့စ်ဘောကစားသမား ဂျော်ဒန်ကလာ့ခ်ဆန်နဲ့လည်း နာမည်ထွက်နေတဲ့ ကန်ဒဲလ်က သူမဟာ ရည်းစားထားတာနဲ့ ပတ်သက်ရင် ရှေးရိုးဆန်ပြီး သူ့ကို တစွဲတလမ်းဖြစ်တာ ကြိုက်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

 "ယောက်ျားတစ်ယောက်ကို အတူလျှောက်သွားဖို့နဲ့ သူ့ကို သဘောကျနေကြောင်း မပြောရဲတာမဟုတ်ဘူး။ ကျွန်မကို စွဲလမ်းတာကို ပိုသဘောကျတာပါ။ ကျွန်မကို လိုချင်တာမျိုးကို ဖြစ်ချင်တာ။ ယောက်ျားတစ်ယောက်က ကျွန်မနဲ့ အဆင်ပြေဖို့ ဘာမှ အားထုတ်စရာမလိုဘူးဆိုရင် အဲဒီဆက်ဆံရေးက အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်မအတွက် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ရှေးဆန်တယ်လို့ပဲ ဆိုချင်ဆို။ အဲဒီလိုပဲ ကျွန်မကြိုက်တယ်" လို့ ကန်ဒဲလ်က ပြောခဲ့ဖူးတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top