Property Expo
×

ျမန္မာႏုိင္ငံရဲ႕ ဖြံ႕ၿဖဳိးတုိးတက္ေရး လုပ္ငန္းမ်ားအတြက္ ဂ်ပန္ႏုိင္ငံက အေမရိကန္ေဒၚလာ ၁.၂၃ ဘီလီယံ ေခ်းေငြေထာက္ပံ့သြားမယ္လို႕ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ႐ွင္ဇုိအေဘးက ေျပာပါတယ္။ စက္တင္ဘာ ၇ ရက္က လာအုိႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႕ ေတြ႕ဆုံစဥ္ ဂ်ပန္ဝန္ႀကီးခ်ဳပ္က ျမန္မာကုိ ေခ်းေငြေထာက္ပ့ံမယ့္ အစီအစဥ္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ေခ်းေငြမွာ ဆုိင္းငံ့ကာလ ဆယ္ႏွစ္အပါအဝင္ ႏွစ္ ၄၀ ေခ်းေငြျဖစ္ၿပီး အတုိးႏႈန္း ႏွစ္စဥ္ ၀ ဒသမ ၀၁ ျဖစ္ေၾကာင္း ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ အဆုိပါ ေခ်းေငြကုိ စုိက္ပ်ဳိးေရး႑ဖြံ႕ၿဖဳိးတုိးတက္ေရး၊ ဆင္းရဲႏြမ္းပါမႈေလ်ာ့ခ်ေရး၊ လွ်စ္စစ္ဓာတ္အားျဖန္႕ျဖဴးေရး၊ ရန္ကုန္တုိင္းေဒသႀကီး ေရေပးေဝမႈစနစ္၊ လမ္းတံတားနဲ႕ အေျခခံအေဆာက္အအုံ တည္ေဆာက္ေရး စတဲ့ စီမံကိန္းမ်ားမွာ အသုံးျပဳသြားမယ္လုိ႕ ဆုိပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေဒၚေအာင္ဆန္းစုၾကည္နဲ႕ ေတြ႕ဆုံစဥ္ ဂ်ပန္ကုိလာေရာက္လည္ပတ္ရန္ ဖိတ္ၾကားခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကလည္း ျဖစ္ႏုိင္သမွ် အျမန္ဆုံး လာေရာက္လုိတယ္လုိ႕ အေၾကာင္းျပန္ခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


 #Unicode Version

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလီယံ ချေးငွေထောက်ပံ့သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပြောပါတယ်။ စက်တင်ဘာ ၇ ရက်က လာအိုနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ်က မြန်မာကို ချေးငွေထောက်ပံ့မယ့် အစီအစဉ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ချေးငွေမှာ ဆိုင်းငံ့ကာလ ဆယ်နှစ်အပါအဝင် နှစ် ၄၀ ချေးငွေဖြစ်ပြီး အတိုးနှုန်း နှစ်စဉ် ၀ ဒသမ ၀၁ ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဆိုပါ ချေးငွေကို စိုက်ပျိုးရေးဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါမှုလျော့ချရေး၊ လျှစ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ရန်ကုန်တိုင်းဒေသကြီး ရေပေးဝေမှုစနစ်၊ လမ်းတံတားနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စတဲ့ စီမံကိန်းများမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ဂျပန်ကိုလာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖြစ်နိုင်သမျှ အမြန်ဆုံး လာရောက်လိုတယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top