Kantharyar Centre
×

အိပ္ခန္းထဲမွာ ဆယ္ေက်ာ္သက္သမီးျဖစ္သူကို အသက္ ၃၁ ႏွစ္ အရြယ္ အမ်ိဳး သားတဦးက နမ္းေနတာကိုေတြ႔ခဲ့ရလို႔ အဲဒီအမ်ိဳးသားကို ေသနတ္နဲ႔ပစ္ခတ္ခဲ့တဲ့ မိခင္ ျဖစ္သူကို ရဲေတြက ဖမ္းဆီးခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ဟာ အေမရိကန္ႏိုင္ငံ၊ အိုကလာဟိုးမားျပည္နယ္ထဲမွာ ျဖစ္ခဲ့တာ ျဖစ္ၿပီး မိခင္ျဖစ္သူ အသက္ ၃၄ ႏွစ္အရြယ္ ဗယ္လရီေဖာင္လာက သူဟာ အမ်ိဳးသား တဦးကို ေနအိမ္မွာ ေသနတ္နဲ႔ ပစ္ခဲ့တယ္လို႔ ၾသဂုတ္လ ၂၉ ရက္ေန႔ မနက္ ၇.၂၀ နာရီ ေလာက္မွာ တိုင္ၾကားခဲ့တာပါ။

ဂါဗင္စီရင္စုနယ္ေျမ အုပ္ခ်ဳပ္ေရးအရာရွိ လယ္ရီ ရိုဒီးစ္က “အခင္းျဖစ္တဲ့ေနအိမ္ ဆီ က်ေနာ္တို႔ေရာက္ခဲ့ခ်ိန္မွာ ေသနတ္နဲ႔ပစ္ခံထားရတဲ့ အသက္ ၃၁ ႏွစ္အရြယ္ အမ်ိဳးသားတဦးကို ေတြ႔ခဲ့ရပါတယ္။ သူဟာ ေနအိမ္ဆင္၀င္ေအာက္မွာ ရွိေနခဲ့တာပါ”လို႔ ေျပာ ပါတယ္။

ဘရန္ဒန္ေဗးလ္အမည္ရတဲ့ အဲဒီအမ်ိဳးသားဟာ ေသနတ္ဒဏ္ရာ ၂ ခ်က္ရရွိထားၿပီး အသက္အႏၱရာယ္စိုးရိမ္ရတဲ့ အေျခအေနမရွိပဲ အိုကလာဟိုးမားၿမိဳ႕ေတာ္ ေဆး႐ံုတ ႐ံုဆီ ပို႔ေဆာင္ထားခဲ့ရတယ္လို႔ ဆိုပါတယ္။

ေဗးလ္က အဆိုပါမိန္းကေလးဟာ သူ႕ရဲ႕ခ်စ္သူျဖစ္ၿပီး သူတို႔ဟာ အခန္းတြင္းမွာ နမ္းေနၾကခ်ိန္မွာ ခုလိုပစ္ခံခဲ့ရတာလို႔ ရဲေတြကို ေျပာပါတယ္။

ရဲေတြဟာ အခင္းျဖစ္ရာေနအိမ္အခန္းတြင္းနံရံနဲ႔ အိပ္ယာခင္းေတြေပၚမွာ ေသြး စြန္းကြက္ေတြနဲ႔ ေသနတ္တလက္ကိုေတြ႔ရွိခဲ့ရတယ္လို႔ ၀ါရွင္တန္ပို႔စ္သတင္းမွာ ေဖာ္ျပ ပါတယ္။

ေဖာင္လာရဲ႕ ဆယ္ေက်ာ္သက္သမီးျဖစ္သူကေတာ့ ေဗးလ္ဟာ မိခင္ျဖစ္သူ ေန အိမ္ကေန အလုပ္သြားခ်ိန္အတြင္း တပါတ္ကို ၃ ႀကိမ္ေလာက္ လာေလ့ရွိတယ္လို႔ ၀န္ခံ ထြက္ဆိုပါတယ္။

လက္ရွိမွာေတာ့ ရဲေတြဟာ ေဆးရံုမွာ တက္ေရာက္ေဆးကုသမႈခံယူေနတဲ့ ေဗး လ္ကိုလည္း ေမးျမန္းမႈေတြလုပ္ေနၿပီး ဆက္လက္စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေန တယ္လို႔ ဆိုပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
အိပ်ခန်းထဲမှာ ဆယ်ကျော်သက်သမီးဖြစ်သူကို အသက် ၃၁ နှစ် အရွယ် အမျိုး သားတဦးက နမ်းနေတာကိုတွေ့ခဲ့ရလို့ အဲဒီအမျိုးသားကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ မိခင် ဖြစ်သူကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်ထဲမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး မိခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဗယ်လရီဖောင်လာက သူဟာ အမျိုးသား တဦးကို နေအိမ်မှာ သေနတ်နဲ့ ပစ်ခဲ့တယ်လို့ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၇.၂၀ နာရီ လောက်မှာ တိုင်ကြားခဲ့တာပါ။

ဂါဗင်စီရင်စုနယ်မြေ အုပ်ချုပ်ရေးအရာရှိ လယ်ရီ ရိုဒီးစ်က “အခင်းဖြစ်တဲ့နေအိမ် ဆီ ကျနော်တို့ရောက်ခဲ့ချိန်မှာ သေနတ်နဲ့ပစ်ခံထားရတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးကို တွေ့ခဲ့ရပါတယ်။ သူဟာ နေအိမ်ဆင်ဝင်အောက်မှာ ရှိနေခဲ့တာပါ”လို့ ပြော ပါတယ်။

ဘရန်ဒန်ဗေးလ်အမည်ရတဲ့ အဲဒီအမျိုးသားဟာ သေနတ်ဒဏ်ရာ ၂ ချက်ရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမရှိပဲ အိုကလာဟိုးမားမြို့တော် ဆေးရုံတ ရုံဆီ ပို့ဆောင်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

ဗေးလ်က အဆိုပါမိန်းကလေးဟာ သူ့ရဲ့ချစ်သူဖြစ်ပြီး သူတို့ဟာ အခန်းတွင်းမှာ နမ်းနေကြချိန်မှာ ခုလိုပစ်ခံခဲ့ရတာလို့ ရဲတွေကို ပြောပါတယ်။

ရဲတွေဟာ အခင်းဖြစ်ရာနေအိမ်အခန်းတွင်းနံရံနဲ့ အိပ်ယာခင်းတွေပေါ်မှာ သွေး စွန်းကွက်တွေနဲ့ သေနတ်တလက်ကိုတွေ့ရှိခဲ့ရတယ်လို့ ဝါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြ ပါတယ်။

ဖောင်လာရဲ့ ဆယ်ကျော်သက်သမီးဖြစ်သူကတော့ ဗေးလ်ဟာ မိခင်ဖြစ်သူ နေ အိမ်ကနေ အလုပ်သွားချိန်အတွင်း တပါတ်ကို ၃ ကြိမ်လောက် လာလေ့ရှိတယ်လို့ ဝန်ခံ ထွက်ဆိုပါတယ်။

လက်ရှိမှာတော့ ရဲတွေဟာ ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ ဗေး လ်ကိုလည်း မေးမြန်းမှုတွေလုပ်နေပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ တယ်လို့ ဆိုပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top