Property Expo
×
အသားရေခြောက်ခြင်း
Credit : Trend Myanmar
Unicode Version
လူ့ခန္ဓာကိုယ်က ထူးခြားဆန်းကျယ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွနု်ပ်တို့ ခန္ဓာကိုယ်မှာ များစွာသောဖြစ်စဉ်တွေ ရှုပ်ယှက်ခတ်နေအောင် လည်ပတ်နေကြပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီဟာ ကောင်းမွန်စွာလည်ပတ်အောင် ထိန်းသိမ်းပေးနိုင်တုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ အမှားအယွင်း တစ်စုံတစ်ခုဖြစ်တဲ့အခါ သတိထားမိနိုင်ပါတယ်။
ပြသနာကတော့ လူအများစုက ခန္ဓာကိုယ်မှာ ဖြစ်ပေါ်တဲ့ အရိပ်လက္ခဏာကို ဂရုမစိုက်ကြတာပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်ပွားမှုကနေ ပိုဆိုးမလာအောင် ကာကွယ်ဖို့အတွက် အကောင်းဆုံးလုပ်နိုင်တာက ပြသနာကို စစချင်း ရှင်းပစ်ဖို့ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း အမှားအယွင်းတစ်စုံတစ်ခုဖြစ်တဲ့ ဖြစ်လာတဲ့ အရိပ်လက္ခဏာတွေက…
အသားရေခြောက်ခြင်း
အသားရေခြောက်သွေ့တာက ခန္ဓာကိုယ်မှာ ဗီတာမင် E ထောက်ပံ့မှု ပိုမိုလိုအပ်နေတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဗီတာမင် E စားသုံးမှု တိုးမြင့်ဖို့ လိုအပ်ပါတယ်။ ဗီတာမင် E အရင်းအမြစ်အချို့ထဲမှာ အခွံမာအစေ့၊ အဆီများတဲ့ငါးနဲ့ သီးနှံဆီတို့ ပါဝင်ပါတယ်။
လက်/ခြေသည်းနဲ့ ဆံပင်ကြွပ်ဆတ်ခြင်း
ဒါက ဗီတာမင် B နဲ့ ကယ်လ်ဆီယမ် ပိုမိုလိုအပ်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီအရာဝတ္တုတွေကို ဂျုံ၊ ပဲ၊ အာလူးနဲ့ နို့တွေကနေ ရရှိနိုင်ပါတယ်။
ငန်တဲ့အစားအစာတွေ ပိုတောင့်တခြင်း
ပုံမှန်ထက် အငန်ဓာတ်များတဲ့အစားအစာတွေ စားချင်စိတ်ဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ နာကျင်ရောင်ရမ်းမှု သို့မဟုတ် ကူးစက်ရောဂါရှိတဲ့အဓိပ္ပါယ်ကောက်နိုင်ပါတယ်။
အချိုဓာတ်ပိုတောင့်တခြင်း
ဒါက ခြေကုန်လက်ပန်းကျလို့ ဖြစ်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ဟာ အားဖြည့်အစာပြေ၊ ဂလူးကို့စ် အပြင်းအထန်လိုအပ်နေကြောင်း ဖော်ပြနေတာပါ။ ဒီပြသနာတွေ ဖြေရှင်းဖို့ ပျားရည် သို့မဟုတ် အခါးဓာတ်ကဲတဲ့ ချောကလက်တွေ စားသုံးနိုင်ပါတယ်။
သွားဖုံးသွေးယိုခြင်း
ဒါက ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုရလဒ်ဖြစ်နိုင်ပါတယ်။ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစားပေးပါ။ လက်ဖက်ရည်လည်း သောက်ပေးနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top