Property Expo
×

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မုံရြာျပည္သူ႔ေဆးရုံႀကီး မႈခင္းဆရာ၀န္ႀကီးက သတင္းစာရွင္းလင္းပြဲက်င္းပေနစဥ္ (ဓာတ္ပံု − မ်ဳိးမင္းဦး)

မုံရြာတြင္္ ၿပီးခဲ့သည့္ၾသဂုတ္ ၃၀ရက္က ရဲမႈခင္းျဖစ္စဥ္တစ္ခု ကုိ မေက်နပ္သူအခ်ဳိ႕ဆႏၵျပခဲ့သည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ မုံရြာျပည္သူ႔ေဆး႐ုံႀကီး၏ မႈခင္းဆရာ၀န္ႀကီးက ျပန္လည္ရွင္းလင္းခဲ့ေၾကာင္း သတင္းရရွိသည္။

အဆုိပါသတင္းစာရွင္းလင္္း ပြဲကုိ မုံရြာၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီး မွ ေဆး႐ုံအုပ္ႀကီး၊ ဆရာ၀န္ႀကီး မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္သတင္းမီ ဒီယာမ်ားအား ဖိတ္ၾကား၍ စက္ တင္ဘာ ၇ရက္ နံနက္ ၁၀နာရီ တြင္ မုံရြာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီး၌ က်င္းပျခင္းျဖစ္သည္။

‘‘မေက်နပ္တဲ့သူက ထုတ္ ေဖာ္ဆႏၵျပတာေတြက ေခတ္အ ေျခအေနအရရွိေနၾကမွာပါ။ ကၽြန္ ေတာ္တုိ႔ ပတ္၀န္းက်င္မွာ မႈခင္း ဆရာ၀န္ကို ပထမဆုံးဆႏၵျပတဲ့ ျဖစ္စဥ္ပါ။ ဒီတစ္ႀကိမ္ပဲသတင္း စာရွင္းလင္းပြဲနဲ႔ ၿမိဳ႕မိၿမိဳ႕ဖေတြ ေရာ၊ မီဒီယာေတြေရာ ဆရာ၀န္  ႀကီးေတြပါ ကၽြန္ေတာ္တုိ႔ရဲ႕ လုပ္ ငန္းေတြကို နားလည္ေအာင္ရွင္း လင္းျပတာပါ’’ဟု မုံရြာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီး ဥပေဒေရးရာေဆးပညာဌာန အထူးကုဆရာ၀န္ႀကီးေဒါက္တာတင္ႏြယ္က သတင္းစာရွင္းလင္း ပြဲတြင္ ေျပာၾကားသည္။

မႈခင္းျဖစ္စဥ္အမွန္ကို အ မ်ားျပည္သူသိရွိေစရန္ရွင္းလင္း တင္ျပျခင္းသာျဖစ္ၿပီး ဆႏၵထုတ္ ေဖာ္သူမ်ားကို တရားစြဲဆုိရန္စဥ္းစားေနဆဲျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ဆႏၵျပမႈျဖစ္ပြားေသာ မႈခင္းျဖစ္စဥ္မွာ မုံရြာၿမိဳ႕နယ္ေတာ ပုေက်းရြာတြင္ ၿပီးခဲ့သည့္ ၂၀၁၅ ဒီဇင္ဘာ ၁၇ရက္ညပုိင္းက ျဖစ္ပြားခဲ့သည့္ အသက္(၄၈)ႏွစ္အရြယ္ ဦးစိန္လင္းဆုိသည့္ လူနာ သည္ ညာလက္ဖ်ံျပတ္ရွဒဏ္ရာ ျဖင့္ မုံရြာျပည္သူ႔ေဆး႐ုံႀကီး အ႐ုိး ခြဲစိတ္ကုသေဆာင္၌ အတြင္းလူနာအျဖစ္ ေဆး၀ါးကုသမႈခံယူခဲ့သည္။

‘‘ကနဦးမွတ္တမ္းမ်ားအရ ျပတ္ရွဒဏ္ရာ၊ ဆရာ၀န္ႀကီးေတြ မွတ္တမ္းတင္ထားတာက အ ေၾကာတစ္ေခ်ာင္းျပတ္တယ္။ အ ႐ုိးက်ဳိးလုနီးပါးျဖစ္ေနတယ္။ ခြဲ စိတ္ခန္းမွာလည္း အေၾကာျပတ္ တာဆက္ရတယ္။ အ႐ုိး(သုိ႔မဟုတ္) က်ဳိးျပတ္လုဆဲဆဲျဖစ္တဲ့အတြက္ ျပင္းထန္ဒဏ္ရာလုိ႔ သတ္မွတ္ခဲ့တာပါ။ ကၽြန္ေတာ္ကုိယ္တုိင္ တရား႐ုံးမွာ က်မ္းက်ိန္ၿပီးမွ သက္ေသထြက္ခဲ့တာပါ’’ဟု ေဒါက္တာတင္ႏြယ္က ေျပာၾကားသည္။

အမႈျဖစ္စဥ္သည္ တစ္၀င္း တည္းေန တူျဖစ္သူက အရက္မူး ၿပီး အိမ္ေရွ႕တြင္ ဆဲဆုိေန၍ ဦး ေလးက တားျမစ္သျဖင့္ တူျဖစ္သူ က ဦးေလးေနအိမ္အတြင္း ဓား ျဖင့္၀င္ခုတ္ခဲ့ျခင္းျဖစ္္ေၾကာင္း ေညာင္ျဖဴပင္နယ္ေျမစခန္းမွဴးက ေျပာၾကားသည္။

အဆုိပါျဖစ္စဥ္တြင္ မူလက သာမန္နာက်င္ဒဏ္ရာပုဒ္မ ၃၂၄ အရအမႈဖြင့္စစ္ေဆးရာမွ မႈခင္း ဆရာ၀န္ႀကီး၏ ထင္ျမင္ခ်က္အရ အ႐ုိးက်ဳိး၊ အေၾကာတစ္ေခ်ာင္း ျပတ္သျဖင့္ ျပင္းထန္နာက်င္ဒဏ္ ရာပုဒ္မ ၃၂၆ျဖင့္ေျပာင္းလဲစစ္ ေဆးျခင္းျဖစ္သည္။ ယင္းသို႔ ပုဒ္မေျပာင္းလဲခဲ့သျဖင့္ တရားခံအျဖစ္စြပ္စြဲခံရသူသည္ ေထာင္ဒဏ္ ၂ႏွစ္ျပစ္ဒဏ္က်ခံရသည္ကို မေက်နပ္၍ ၾသဂုတ္ ၃၀ရက္၌ လူ ၁၁ဦးက ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း မႈခင္းဆရာ၀န္ႀကီး ျပန္လည္ရွင္းလင္းခ်က္အရ သိရသည္။

ၾသ ဂုုတ္ ၃၀ရက္ ဆႏၵျပပြဲတြင္ ဦးေဆာင္သူတစ္ဦးက ႏုိင္ငံေရး အက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ဟု သုံးႏႈန္းသျဖင့္ ႏုိင္ငံေရးအက်ဥ္း သားေဟာင္းမ်ား အဖြဲ႕ခ်ဳပ္ႏွင့္ လုံး၀သက္ဆုိင္ျခင္း မရွိေၾကာင္း မုံရြာခ႐ုိင္ႏုိင္ငံေရးအက်ဥ္းသား ေဟာင္းမ်ားအဖြဲ႕ခ်ဳပ္တာ၀န္ခံဦးျမေအးက ရွင္းလင္းေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဖစ်စဉ်နှင့်ပတ်သက်၍ မုံရွာပြည်သူ့ဆေးရုံကြီး မှုခင်းဆရာဝန်ကြီးက သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

မုံရွာတွင် ပြီးခဲ့သည့်သြဂုတ် ၃၀ရက်က ရဲမှုခင်းဖြစ်စဉ်တစ်ခု ကို မကျေနပ်သူအချို့ဆန္ဒပြခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာပြည်သူ့ဆေးရုံကြီး၏ မှုခင်းဆရာဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းစာရှင်းလင်း ပွဲကို မုံရွာမြို့ပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီး များ၊ မြို့မိမြို့ဖများနှင့်သတင်းမီ ဒီယာများအား ဖိတ်ကြား၍ စက် တင်ဘာ ၇ရက် နံနက် ၁၀နာရီ တွင် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခြင်းဖြစ်သည်။

‘‘မကျေနပ်တဲ့သူက ထုတ် ဖော်ဆန္ဒပြတာတွေက ခေတ်အ ခြေအနေအရရှိနေကြမှာပါ။ ကျွန် တော်တို့ ပတ်ဝန်းကျင်မှာ မှုခင်း ဆရာဝန်ကို ပထမဆုံးဆန္ဒပြတဲ့ ဖြစ်စဉ်ပါ။ ဒီတစ်ကြိမ်ပဲသတင်း စာရှင်းလင်းပွဲနဲ့ မြို့မိမြို့ဖတွေ ရော၊ မီဒီယာတွေရော ဆရာဝန်  ကြီးတွေပါ ကျွန်တော်တို့ရဲ့ လုပ် ငန်းတွေကို နားလည်အောင်ရှင်း လင်းပြတာပါ’’ဟု မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး ဥပဒေရေးရာဆေးပညာဌာန အထူးကုဆရာဝန်ကြီးဒေါက်တာတင်နွယ်က သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

မှုခင်းဖြစ်စဉ်အမှန်ကို အ များပြည်သူသိရှိစေရန်ရှင်းလင်း တင်ပြခြင်းသာဖြစ်ပြီး ဆန္ဒထုတ် ဖော်သူများကို တရားစွဲဆိုရန်စဉ်းစားနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆန္ဒပြမှုဖြစ်ပွားသော မှုခင်းဖြစ်စဉ်မှာ မုံရွာမြို့နယ်တော ပုကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၅ ဒီဇင်ဘာ ၁၇ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့် အသက်(၄၈)နှစ်အရွယ် ဦးစိန်လင်းဆိုသည့် လူနာ သည် ညာလက်ဖျံပြတ်ရှဒဏ်ရာ ဖြင့် မုံရွာပြည်သူ့ဆေးရုံကြီး အရိုး ခွဲစိတ်ကုသဆောင်၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူခဲ့သည်။

‘‘ကနဦးမှတ်တမ်းများအရ ပြတ်ရှဒဏ်ရာ၊ ဆရာဝန်ကြီးတွေ မှတ်တမ်းတင်ထားတာက အ ကြောတစ်ချောင်းပြတ်တယ်။ အ ရိုးကျိုးလုနီးပါးဖြစ်နေတယ်။ ခွဲ စိတ်ခန်းမှာလည်း အကြောပြတ် တာဆက်ရတယ်။ အရိုး(သို့မဟုတ်) ကျိုးပြတ်လုဆဲဆဲဖြစ်တဲ့အတွက် ပြင်းထန်ဒဏ်ရာလို့ သတ်မှတ်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင် တရားရုံးမှာ ကျမ်းကျိန်ပြီးမှ သက်သေထွက်ခဲ့တာပါ’’ဟု ဒေါက်တာတင်နွယ်က ပြောကြားသည်။

အမှုဖြစ်စဉ်သည် တစ်ဝင်း တည်းနေ တူဖြစ်သူက အရက်မူး ပြီး အိမ်ရှေ့တွင် ဆဲဆိုနေ၍ ဦး လေးက တားမြစ်သဖြင့် တူဖြစ်သူ က ဦးလေးနေအိမ်အတွင်း ဓား ဖြင့်ဝင်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ညောင်ဖြူပင်နယ်မြေစခန်းမှူးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် မူလက သာမန်နာကျင်ဒဏ်ရာပုဒ်မ ၃၂၄ အရအမှုဖွင့်စစ်ဆေးရာမှ မှုခင်း ဆရာဝန်ကြီး၏ ထင်မြင်ချက်အရ အရိုးကျိုး၊ အကြောတစ်ချောင်း ပြတ်သဖြင့် ပြင်းထန်နာကျင်ဒဏ် ရာပုဒ်မ ၃၂၆ဖြင့်ပြောင်းလဲစစ် ဆေးခြင်းဖြစ်သည်။ ယင်းသို့ ပုဒ်မပြောင်းလဲခဲ့သဖြင့် တရားခံအဖြစ်စွပ်စွဲခံရသူသည် ထောင်ဒဏ် ၂နှစ်ပြစ်ဒဏ်ကျခံရသည်ကို မကျေနပ်၍ သြဂုတ် ၃၀ရက်၌ လူ ၁၁ဦးက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီး ပြန်လည်ရှင်းလင်းချက်အရ သိရသည်။

သြ ဂုုတ် ၃၀ရက် ဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးက နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဟု သုံးနှုန်းသဖြင့် နိုင်ငံရေးအကျဉ်း သားဟောင်းများ အဖွဲ့ချုပ်နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း မုံရွာခရိုင်နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ချုပ်တာဝန်ခံဦးမြအေးက ရှင်းလင်းပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top