Property Expo
×

ဧရာဝတီတုိင္းေဒသႀကီး ဘိုကေလးၿမိဳ႕နယ္ ဆတ္ကြၽန္းေက်းရြာအုပ္စု ျမင္းကအုပ္ေက်းရြာ ငါးပိေခ်ာင္း ေရေက်ာ္ေခ်ာင္းတြင္ ေနထုိင္သူတစ္ဦး ေခ်ာင္းအတြင္းေရငုပ္စဥ္ မိေက်ာင္းကိုက္ခ်ီ ဆဲြယူသြားခဲ့ရာ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။



ကုိက္ခ်ီဆြဲယူ

ျဖစ္စဥ္မွာ ျမင္းကအုပ္ေက်းရြာ ငါးပိေခ်ာင္း ေရေက်ာ္ေခ်ာင္းအနီးတြင္ ေနထိုင္ေသာ လယ္ယာလုပ္ငန္းလုပ္ကိုင္ၿပီး တစ္ႏုိင္တစ္ပိုင္ဘဲေမြးျမဴသူ ကိုမ်ဳိးထြန္း (၄ဝ)ႏွစ္သည္ စက္တင္ဘာ ၁၂ ရက္ မြန္းလြဲ ၂ နာရီခဲြက ဘဲစာေကြၽးရန္အတြက္ ေရေက်ာ္ေခ်ာင္းအတြင္း ေရငုပ္ကာ ခ႐ုေကာက္ေနစဥ္ မိေက်ာင္းတစ္ေကာင္က ကိုက္ခ်ီဆဲြယူသြားျခင္းျဖစ္သည္။

အဆုိပါျဖစ္စဥ္ကို ကိုမ်ဳိးထြန္း၏ အေဒၚျဖစ္သူ ေဒၚခင္မာရီက ျမင္ေတြ႕ခဲ့ျခင္းျဖစ္သည္။ ေဒၚခင္မာရီသည္ ထိုအခ်ိန္က ပ်ဳိးႏုတ္ေကာက္စိုက္ၿပီး ေသာင္ဖုန္းဘက္ကမ္းမွ ျမင္းကအုပ္ ေက်းရြာသို႔ျပန္လာစဥ္ ေရက်ခ်ိန္ျဖစ္၍ ေရအနက္ သံုးေပသာရွိေသာ ေရေက်ာ္ေခ်ာင္းထဲသို႔ဆင္းၿပီး လမ္းေလွ်ာက္ျပန္လာခဲ့ရာ ၁ဝ ေပအက်ယ္ရွိေသာ ေခ်ာင္းအတြင္းတစ္ေနရာ၌ အျမႇဳပ္တစီစီ ျဖစ္ေနသည္ကို ေတြ႕လုိက္ရသည္။
ထိုေနရာတြင္ လူတစ္ေယာက္၏ လက္ေပၚေနသည္ကို ေတြ႕လုိက္၍ စူးစုိက္ ၾကည့္ေနစဥ္ မိေက်ာင္းအဝါက်ားႀကီးတစ္ေကာင္ေပၚလာၿပီး ေဒၚခင္မာရီထံ လာၿပီး ကိုက္ဟပ္ရန္ ႀကိဳးစားခဲ့သည္။

ထိုအခါ ေဒၚခင္မာရီက ေၾကာက္အားလန္႔အားႏွင့္ ''လာၾကပါဦး လူတစ္ေယာက္ကို မိေက်ာင္းဆဲြေနလုိ႔..မိေက်ာင္းဆဲြေနလို႔''ဟု ေအာ္ဟစ္ခဲ့ရာ အနီးအနားတြင္ ေနထုိင္ၾကေသာ ကိုမ်ဳိးဝင္း၊ ကိုလင္းလင္းတို႔ ေျပးထြက္လာၿပီး ကူညီၾကသျဖင့္ ေဒၚခင္မာရီ မိေက်ာင္းရန္မွ လြတ္ေျမာက္ခဲ့သည္။ ျမင္းကအုပ္ ရြာသား ကိုမ်ဳိးဝင္းက'' ကြၽန္ေတာ္တုိ႔ ေအာ္သံၾကားလုိ႔ ေျပးထြက္ၾကည့္လိုက္ေတာ့ ေၾကာက္လန္႔ေနတဲ့ ေဒၚခင္မာရီကိုေတြ႕ၿပီး ေခ်ာင္းထဲဆင္းကူၾကတယ္။ ေခ်ာင္းထဲမွာ ဘဲေက်ာင္းေလွတစ္စင္းကို သာေတြ႕ရၿပီး ကိုမ်ဳိးထြန္း ေပ်ာက္ေနလုိ႔ ေရထဲမွာ လုိက္ရွာၾကည့္တာ ေရထဲမွာ ဒဏ္ရာေတြနဲ႔ ကိုမ်ဳိးထြန္း အေလာင္းကို ေတြ႕ခဲ့ပါတယ္''ဟု ရွင္းျပသည္။ ကိုမ်ဳိးထြန္းမွာ ညာလက္ေမာင္း၊ ညာရင္စုိ႔၊ ရင္ဘတ္၊ ညာလည္ပင္းေအာက္ညႇပ္႐ိုးႏွင့္ ေက်ာညာဘက္တုိ႔တြင္ မိေက်ာင္း ကိုက္ဒဏ္ရာ ကုတ္ရာမ်ားႏွင့္ေသဆံုးခဲ့ျခင္းျဖစ္သည္။ ကိုမ်ဳိးထြန္းသည္ ေမြးခ်င္းေမာင္ႏွမ ငါးဦးအနက္ အႀကီးဆံုးသားျဖစ္ၿပီး ဇနီးမႏွင္းႏွင့္ သမီးႏွင့္သား ႏွစ္ဦးက်န္ရစ္သည္။


ဘိုကေလးၿမိဳ႕နယ္အတြင္း ေခ်ာင္းစပ္ေက်းရြာမ်ားတြင္ မိေက်ာင္းကိုက္ခ်ီ မႈ ႏွစ္အလုိက္ျဖစ္ပြားလ်က္ရွိၿပီး ေခ်ာင္းေျမာင္းမ်ားအတြင္း သတိထားေနထုိင္ ရန္ အသိေပးထားသည္။ ယခုရာသီတြင္ မိေက်ာင္းအမမ်ား ဥဥၾကၿပီး အသိုက္ ေဆာက္ သားေပါက္ခ်ိန္ျဖစ္၍ ရန္လိုေနသည့္အခ်ိန္လည္းျဖစ္သည္။
ယင္းျဖစ္စဥ္မ်ဳိးကို မၾကာေသးေသာ ဇြန္လ ၁၁ ရက္ မြန္းလြဲ ၂ နာရီခဲြက ဆင္အုိင္စေလာင္းက် ေက်းရြာတြင္ေနထုိင္ေသာ ကိုေဇာ္မ်ဳိးႏိုင္၏ဇနီး မခုိင္ခိုင္ဦး အသက္(၂၄)ႏွစ္မွာလည္း ဘဲစာေကြၽးၿပီး ဘဲစာပံုးကို ေရစပ္တြင္ ဆင္းေဆးရာ ေခ်ာင္းအတြင္းမွ မိေက်ာင္းနက္ႀကီးတစ္ေကာင္ ကိုက္ခ်ီ ဆဲြယူသြားျခင္းခံရဖူးသည္။

ထုိျဖစ္စဥ္မ်ဳိး မၾကာခဏျဖစ္ပြားေနသျဖင့္ ေရလုပ္ငန္းလုပ္ကိုင္သူမ်ား၊ ဘဲေမြးသူမ်ား၊ ကဏန္းေထာင္စားသူမ်ားသည္ ယင္းလုပ္ငန္းမ်ားကို မလုပ္ကိုင္ရဲ ျဖစ္ေနၾကသည္။ ယခင္ကာလမ်ားက ေခ်ာင္းအက်ယ္မ်ားတြင္သာ မိေက်ာင္းမ်ား ကို ေတြ႕ရွိတတ္ၿပီး ေရတိမ္ၿပီး အလြန္က်ဥ္းေသာ ေရေက်ာ္ေခ်ာင္းကဲ့သို႔ ေခ်ာင္းမ်ား တြင္ မိေက်ာင္းမ်ားကို မေတြ႕တတ္ေခ်။

''လက္ရွိအေျခအေနအရဆုိရင္ ေခ်ာင္းေလး ဟုိဘက္ဒီဘက္ လယ္ကြက္ျခားေနတဲ့ လယ္သမားေတြအတြက္ ေန႔စဥ္ လယ္ထဲဆင္းဖို႔ကိုပဲ အေတာ္ေၾကာက္ေနၾကၿပီး လုပ္ငန္းအတြက္အခက္အခဲျဖစ္ ေနပါတယ္''ဟု ျမင္းကအုပ္ေက်းရြာ ရာအိမ္မွဴး ဦးသန္းလြင္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းတွင် နေထိုင်သူတစ်ဦး ချောင်းအတွင်းရေငုပ်စဉ် မိကျောင်းကိုက်ချီ ဆွဲယူသွားခဲ့ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ကိုက်ချီဆွဲယူ

ဖြစ်စဉ်မှာ မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းအနီးတွင် နေထိုင်သော လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး တစ်နိုင်တစ်ပိုင်ဘဲမွေးမြူသူ ကိုမျိုးထွန်း (၄ဝ)နှစ်သည် စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက ဘဲစာကျွေးရန်အတွက် ရေကျော်ချောင်းအတွင်း ရေငုပ်ကာ ခရုကောက်နေစဉ် မိကျောင်းတစ်ကောင်က ကိုက်ချီဆွဲယူသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို ကိုမျိုးထွန်း၏ အဒေါ်ဖြစ်သူ ဒေါ်ခင်မာရီက မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်မာရီသည် ထိုအချိန်က ပျိုးနုတ်ကောက်စိုက်ပြီး သောင်ဖုန်းဘက်ကမ်းမှ မြင်းကအုပ် ကျေးရွာသို့ပြန်လာစဉ် ရေကျချိန်ဖြစ်၍ ရေအနက် သုံးပေသာရှိသော ရေကျော်ချောင်းထဲသို့ဆင်းပြီး လမ်းလျှောက်ပြန်လာခဲ့ရာ ၁ဝ ပေအကျယ်ရှိသော ချောင်းအတွင်းတစ်နေရာ၌ အမြှုပ်တစီစီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုနေရာတွင် လူတစ်ယောက်၏ လက်ပေါ်နေသည်ကို တွေ့လိုက်၍ စူးစိုက် ကြည့်နေစဉ် မိကျောင်းအဝါကျားကြီးတစ်ကောင်ပေါ်လာပြီး ဒေါ်ခင်မာရီထံ လာပြီး ကိုက်ဟပ်ရန် ကြိုးစားခဲ့သည်။

ထိုအခါ ဒေါ်ခင်မာရီက ကြောက်အားလန့်အားနှင့် ''လာကြပါဦး လူတစ်ယောက်ကို မိကျောင်းဆွဲနေလို့..မိကျောင်းဆွဲနေလို့''ဟု အော်ဟစ်ခဲ့ရာ အနီးအနားတွင် နေထိုင်ကြသော ကိုမျိုးဝင်း၊ ကိုလင်းလင်းတို့ ပြေးထွက်လာပြီး ကူညီကြသဖြင့် ဒေါ်ခင်မာရီ မိကျောင်းရန်မှ လွတ်မြောက်ခဲ့သည်။ မြင်းကအုပ် ရွာသား ကိုမျိုးဝင်းက'' ကျွန်တော်တို့ အော်သံကြားလို့ ပြေးထွက်ကြည့်လိုက်တော့ ကြောက်လန့်နေတဲ့ ဒေါ်ခင်မာရီကိုတွေ့ပြီး ချောင်းထဲဆင်းကူကြတယ်။ ချောင်းထဲမှာ ဘဲကျောင်းလှေတစ်စင်းကို သာတွေ့ရပြီး ကိုမျိုးထွန်း ပျောက်နေလို့ ရေထဲမှာ လိုက်ရှာကြည့်တာ ရေထဲမှာ ဒဏ်ရာတွေနဲ့ ကိုမျိုးထွန်း အလောင်းကို တွေ့ခဲ့ပါတယ်''ဟု ရှင်းပြသည်။ ကိုမျိုးထွန်းမှာ ညာလက်မောင်း၊ ညာရင်စို့၊ ရင်ဘတ်၊ ညာလည်ပင်းအောက်ညှပ်ရိုးနှင့် ကျောညာဘက်တို့တွင် မိကျောင်း ကိုက်ဒဏ်ရာ ကုတ်ရာများနှင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ ကိုမျိုးထွန်းသည် မွေးချင်းမောင်နှမ ငါးဦးအနက် အကြီးဆုံးသားဖြစ်ပြီး ဇနီးမနှင်းနှင့် သမီးနှင့်သား နှစ်ဦးကျန်ရစ်သည်။


ဘိုကလေးမြို့နယ်အတွင်း ချောင်းစပ်ကျေးရွာများတွင် မိကျောင်းကိုက်ချီ မှု နှစ်အလိုက်ဖြစ်ပွားလျက်ရှိပြီး ချောင်းမြောင်းများအတွင်း သတိထားနေထိုင် ရန် အသိပေးထားသည်။ ယခုရာသီတွင် မိကျောင်းအမများ ဥဥကြပြီး အသိုက် ဆောက် သားပေါက်ချိန်ဖြစ်၍ ရန်လိုနေသည့်အချိန်လည်းဖြစ်သည်။
ယင်းဖြစ်စဉ်မျိုးကို မကြာသေးသော ဇွန်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ဆင်အိုင်စလောင်းကျ ကျေးရွာတွင်နေထိုင်သော ကိုဇော်မျိုးနိုင်၏ဇနီး မခိုင်ခိုင်ဦး အသက်(၂၄)နှစ်မှာလည်း ဘဲစာကျွေးပြီး ဘဲစာပုံးကို ရေစပ်တွင် ဆင်းဆေးရာ ချောင်းအတွင်းမှ မိကျောင်းနက်ကြီးတစ်ကောင် ကိုက်ချီ ဆွဲယူသွားခြင်းခံရဖူးသည်။

ထိုဖြစ်စဉ်မျိုး မကြာခဏဖြစ်ပွားနေသဖြင့် ရေလုပ်ငန်းလုပ်ကိုင်သူများ၊ ဘဲမွေးသူများ၊ ကဏန်းထောင်စားသူများသည် ယင်းလုပ်ငန်းများကို မလုပ်ကိုင်ရဲ ဖြစ်နေကြသည်။ ယခင်ကာလများက ချောင်းအကျယ်များတွင်သာ မိကျောင်းများ ကို တွေ့ရှိတတ်ပြီး ရေတိမ်ပြီး အလွန်ကျဉ်းသော ရေကျော်ချောင်းကဲ့သို့ ချောင်းများ တွင် မိကျောင်းများကို မတွေ့တတ်ချေ။

''လက်ရှိအခြေအနေအရဆိုရင် ချောင်းလေး ဟိုဘက်ဒီဘက် လယ်ကွက်ခြားနေတဲ့ လယ်သမားတွေအတွက် နေ့စဉ် လယ်ထဲဆင်းဖို့ကိုပဲ အတော်ကြောက်နေကြပြီး လုပ်ငန်းအတွက်အခက်အခဲဖြစ် နေပါတယ်''ဟု မြင်းကအုပ်ကျေးရွာ ရာအိမ်မှူး ဦးသန်းလွင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top