Property Expo
×

အရက္စဲြေနျခင္းေၾကာင့္ ႐ုပ္ပိုင္းဆုိင္ရာအရ၊ လူမႈေရးအရ အႏုတ္သေဘာ အက်ိဳးဆက္မ်ားစြာျဖစ္ေပၚေစသည္။

အရက္စဲြေနသူတစ္ဦး၏ စဥ္းစားေတြးေခၚမႈဆိုင္ရာ စြမ္းရည္ ထိခိုက္မႈကို သုေတသီမ်ားက တုိင္းတာေလ့လာထားသည္။

အရက္ကို တလဲြေသာက္သံုးမႈသည္ ေသးငယ္ေသာကိစၥတစ္ခု မဟုတ္ေပ။ အေမရိကန္ႏုိင္ငံတြင္ ၂၀၁၄ က အရက္ကို တလြဲ ေသာက္သံုးသူ အရြယ္ေရာက္ၿပီးသူ အေရအတြက္ ၁၆ ဒသမ ၃ သန္းရွိေၾကာင္း သိရသည္။

ယင္းႏွစ္မွာပင္ အသက္(၁၈)ႏွစ္အထက္ အရြယ္မ်ား၏ ၂၄ ဒသမ ၇ ရာခုိင္ႏႈန္းသည္ တစ္လအတြင္း အရက္အလြန္အကြၽံေသာက္သံုးၾကေၾကာင္း ေလ့လာမႈကေဖာ္ျပသည္။

အရက္ႏွင့္ဆက္စပ္ေသာ အေၾကာင္းရင္းမ်ားေၾကာင့္ အေမရိ ကန္ႏုိင္ငံတြင္ တစ္ႏွစ္လွ်င္ လူေပါင္း ၈၈,၀၀၀ ခန္႔ ေသဆံုးေနသည္။

အရက္ေၾကာင့္ ကင္ဆာေရာဂါအခ်ိဳ႕၊ ေလျဖတ္ျခင္းႏွင့္ ႏွလံုး ေရာဂါ၊ အသည္းေရာဂါတို႔ အပါအ၀င္ က်န္းမာေရးျပႆနာမ်ားျဖစ္ေပၚႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း လူအမ်ားသိထားၾက ၿပီးျဖစ္သည္။

အရက္၏ ဆုိးက်ိဳးမ်ားကို ေရရွည္ခံစားရျခင္းေၾကာင့္ ႐ုပ္ပိုင္း ဆိုင္ရာထိိခိုက္မႈမ်ားအျပင္ စဥ္းစားေတြးေတာႏုိင္မႈ စြမ္းရည္အေပၚ အႏုတ္သေဘာထိခုိက္ေစႏုိင္ေၾကာင္း ယခုေလ့လာမႈက ေဖာ္ျပ သည္။ အရက္အလြန္အကြၽံေသာက္သံုးျခင္းေၾကာင့္ စဥ္းစားေတြး ေတာမႈဆုိင္ရာ မွတ္ဉာဏ္လုပ္ေဆာင္ခ်က္ပ်က္ယြင္းႏုိင္သည့္ အႏၲ ရာယ္ပိုမ်ားၿပီး မွတ္ဉာဏ္ဆံုး႐ႈံးမႈျဖစ္ေပၚလာႏုိင္သည္။

အရက္အလြန္အကြၽံ ေသာက္သံုးေသာ အရြယ္ေရာက္ၿပီးသူမ်ားတြင္ စဥ္းစားေတြးေတာမႈ ဉာဏ္ရည္လုပ္ေဆာင္ခ်က္ ညံ့ဖ်င္းျခင္း၊ မွတ္ဉာဏ္အားနည္းျခင္း၊ သင္ယူႏုိင္မႈႏွင့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ ျမန္ဆန္မႈတို႔အေပၚ ထိခုိက္မႈမ်ား ျဖစ္ေပၚေစေၾကာင္း သုေတသီမ်ားကေျပာသည္။

အရက္စဲြျခင္းသည္ ကမၻာလံုးဆုိင္ရာ ျပႆနာတစ္ခုျဖစ္ၿပီး စကားေျပာဆုိမႈစြမ္းရည္ ေျပာင္းလဲျခင္း၊ သတိရွိမႈစြမ္းရည္အေျပာင္းအလဲျဖစ္ျခင္းတို႔ႏွင့္ အရက္ေသာက္သံုးမႈၾကား ဆက္စပ္ေနသည္ဟု သုေတသီမ်ားကေျပာသည္။  

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

အရက်စွဲနေခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာအရ၊ လူမှုရေးအရ အနုတ်သဘော အကျိုးဆက်များစွာဖြစ်ပေါ်စေသည်။

အရက်စွဲနေသူတစ်ဦး၏ စဉ်းစားတွေးခေါ်မှုဆိုင်ရာ စွမ်းရည် ထိခိုက်မှုကို သုတေသီများက တိုင်းတာလေ့လာထားသည်။


အရက်ကို တလွဲသောက်သုံးမှုသည် သေးငယ်သောကိစ္စတစ်ခု မဟုတ်ပေ။ အမေရိကန်နိုင်ငံတွင် ၂၀၁၄ က အရက်ကို တလွဲ သောက်သုံးသူ အရွယ်ရောက်ပြီးသူ အရေအတွက် ၁၆ ဒသမ ၃ သန်းရှိကြောင်း သိရသည်။

ယင်းနှစ်မှာပင် အသက်(၁၈)နှစ်အထက် အရွယ်များ၏ ၂၄ ဒသမ ၇ ရာခိုင်နှုန်းသည် တစ်လအတွင်း အရက်အလွန်အကျွံသောက်သုံးကြကြောင်း လေ့လာမှုကဖော်ပြသည်။

အရက်နှင့်ဆက်စပ်သော အကြောင်းရင်းများကြောင့် အမေရိ ကန်နိုင်ငံတွင် တစ်နှစ်လျှင် လူပေါင်း ၈၈,၀၀၀ ခန့် သေဆုံးနေသည်။

အရက်ကြောင့် ကင်ဆာရောဂါအချို့၊ လေဖြတ်ခြင်းနှင့် နှလုံး ရောဂါ၊ အသည်းရောဂါတို့ အပါအဝင် ကျန်းမာရေးပြဿနာများဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း လူအများသိထားကြ ပြီးဖြစ်သည်။

အရက်၏ ဆိုးကျိုးများကို ရေရှည်ခံစားရခြင်းကြောင့် ရုပ်ပိုင်း ဆိုင်ရာထိခိုက်မှုများအပြင် စဉ်းစားတွေးတောနိုင်မှု စွမ်းရည်အပေါ် အနုတ်သဘောထိခိုက်စေနိုင်ကြောင်း ယခုလေ့လာမှုက ဖော်ပြ သည်။ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် စဉ်းစားတွေး တောမှုဆိုင်ရာ မှတ်ဉာဏ်လုပ်ဆောင်ချက်ပျက်ယွင်းနိုင်သည့် အန္တ ရာယ်ပိုများပြီး မှတ်ဉာဏ်ဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်သည်။

အရက်အလွန်အကျွံ သောက်သုံးသော အရွယ်ရောက်ပြီးသူများတွင် စဉ်းစားတွေးတောမှု ဉာဏ်ရည်လုပ်ဆောင်ချက် ညံ့ဖျင်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ သင်ယူနိုင်မှုနှင့် ဦးနှောက်လုပ်ဆောင်ချက် မြန်ဆန်မှုတို့အပေါ် ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း သုတေသီများကပြောသည်။

အရက်စွဲခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး စကားပြောဆိုမှုစွမ်းရည် ပြောင်းလဲခြင်း၊ သတိရှိမှုစွမ်းရည်အပြောင်းအလဲဖြစ်ခြင်းတို့နှင့် အရက်သောက်သုံးမှုကြား ဆက်စပ်နေသည်ဟု သုတေသီများကပြောသည်။  

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top