Property Expo
×
Credit: duwun
#Unicode Version
၁ - ကိုယ်ချစ်တဲ့ အကောင်လေးတွေနဲ့ ကစားပါ။ အိမ်မှာ မွေးထားတဲ့ ကြောင်လေးတွေ၊ ခွေးလေတွေနဲ့ တိုးတိုးဝှေ့ဝှေ့ ကစားရတာ ကြည်နူးစရာပဲဖြစ်ပါတယ်။ သူတို့တွေက ဘာမှ နားမလည်တဲ့ ကလေးလေးတွေလိုပါပဲ။
၂ - တစ်စုံတစ်ဦးလက်ကို ဆုပ်ကိုင်ထားလိုက်ပါ။ ကိုယ်အချစ်ဆုံးလူ၊ အယုံကြည်ရဆုံး သူငယ်ချင်း စတဲ့လူမျိုးတွေရဲ့ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ထားလိုက်ပါ။
၃ - နေဝင်သွားတာကို ကြည့်ပါ။ ကမ်းနားလိုနေရာမျိုးကနေ နေလုံးကြီးဝင်သွားတာကို ချစ်တဲ့လူတစ်ယောက်နဲ့ ငြိမ်ငြိမ်လေး ထိုင်ကြည့်ပါ။
၄ - ရင်ထဲမှာ ရှိတဲ့ အကြောင်းအရာတစ်ခုကို ဝေမျှပါ။ ရယ်စရာဇာတ်လမ်းတစ်ခုခုကို သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြပါ။
၅ - သင်ချစ်တဲ့လူကို သင့်ဘက်က ချစ်ကြောင်းပြပါ။ ခင်တဲ့လူကို ခင်ကြောင်းပြပါ။ ဒီလိုပြသဖို့လည်း ဝန်လေးမနေပါနဲ့။
၆ - ငှက်တွေရဲ့အသံ၊ ကလေးတွေရဲ့ ရယ်သံ၊ မီးဖိုချောင်ထဲက အမေ့ရဲ့ ဟင်းချက်သံ စတဲ့ သဘာဝအသံတွေကို ဂရုစိုက်နားထောင်ကြည့်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top